TECNO Mobile မှ Pouvoir 4 Pro ကို ပြည်တွင်း ဂိမ်းကစားသမားများနှင့် ဗီဒီယိုဖန်တီးသူများအတွက် စတင်မိတ်ဆက်

၇လက်မ မျက်နှာပြင် နှင့် AI ကင်မရာများ အသုံးပြုထားပြီး ၄ရက်အထိ ကြာရှည်ခံသော ဘက္ထရီပါဝင်သည့် Pouvoir 4 Pro သည် နောက်ဆုံးထွက်ရှိသော Pouvoir မျိုးဆက် ဖုန်းတစ်လုံးဖြစ်ပါသည်။

ရန်ကုန်၊ မြန်မာ - ၃၀ရက် ဧပြီလ ၂၀၂၀ - TECNO Mobile သည် နာမည်ကြီး Pouvoir မျိုးဆက်သစ် စမတ်ဖုန်းတစ်လုံးကို စတင် မိတ်ဆက်ခဲ့ပါသည်။ ကမ္ဘာ့အသိအမှတ်ပြု မိုဘိုင်းဖုန်း အမှတ်တံဆိပ်ဖြစ်သော TECNO သည် တစ်ကြိမ်အားသွင်းရုံဖြင့် လေးရက်ကြာ အသုံးပြုနိုင်သော 6000mAH ဘက္ထရီ ပါဝင်သည့် Pouvoir 4 Pro ကို မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။  ကျောဘက်တွင် 16MP AI Quad camera နှင့်  5MP+2MP+AI lens ဝင်မှာ ဖြစ်ပြီး , အရှေ့ဘက်တွင် flash မီးနှစ်လုံး အထောက်အပံ့ပေးထားသော 16MP camera ပါဝင်မှာ ဖြစ်သည်။ 7-inch HD+ Drop Display ကြောင့် Pouvoir 4 Pro သည် Entertainment အတွက် ဖြစ်စေ၊ ဂိမ်းဆော့ရန်အတွက် ဖြစ်စေ အသင့်တော်ဆုံး ဖုန်းတစ်လုံးဖြစ်လာနိုင်ဖွယ် ရှိပါသည်။ Android Q ပေါ်တွင် TECNO ၏ HI OS 6.0 အသုံးပြုထားသည့်  Pouvoir 4 Proသည်  မြန်မာနိုင်ငံ၏ ဈေးကွက်အတွင်းသို့ မကြာမီ‌ ရောက်ရှိလာပါတော့မည်။ ဈေးနှုန်း ၂၂၉,၀၀၀ ကျပ်ဖြင့်ရောင်းချသွားမှာ ဖြစ်ပါသည်။

ယခင်ဖုန်းများထက် ပိုမို ပေါ့ပါးပါးလွှာ‌သော Premium glossy ဒီဇိုင်းဖြင့် ဖန်တီးထားသော Pouvoir 4 Proတွင် Face Unlock, Fingerprint Sensorတို့လည်း ပါဝင်တာကြောင့် လုံခြုရေး ပိုမိုကောင်းမွန်ပါသည်။ ဘေးဘက်တွင် Virtual Google Assistant ခလုတ်တစ်ခု ပါဝင်ခြင်းကလည်း Google Assistant ကို အချိန် နေရာမရွေး လက်တစ်ကမ်းတွင် ရှိစေပါသည်။

Integrated Entertainment Product ဖြစ်သည်နှင့်အညီ Pouvoir 4 Pro ကို အကောင်းဆုံးသော entertainment အတွေ့အကြုံအတွက် 7- inch မျက်နှာပြင်နှင့် 90.55% screen ratio ဖြင့် ထုတ်လုပ်ထားပါသည်။ ထိုကျယ်ပြန့်သော မျက်နှာပြင်နှင့် လိုက်ဖက်စွာ အသံကို တိကျပြတ်သားစွာ နားဆင်နိုင်မည့် dual speakers ကိုလည်း ထည့်သွင်းပေးထားပါသည်

Jason Wong [Country Manager of TECNO Mobile Myanmar] ကလည်း “ ပြည်တွင်းဈေးကွက်အတွင်းရှိ TECNO ချစ်ပရိသတ်များက ဗီဒီယိုတွေ အချိန်ကြာကြာ ကြည့်ကြတယ် ပြီးတော့ ဂိမ်းကောင်းကောင်း ဆော့နိုင်မယ့် Smartphone ကို အလိုရှိကြတာကို သိရပါတယ်။ ဒါကြောင့် နောက်ဆုံးပေါ်နည်းပညာရော AI technology များပါ အသုံးပြုထားသည့် Pouvoir 4ကို အသစ်အဆန်းကြိုက်ကြသည့် ပြည်တွင်း ဝယ်ယူသူများက နှစ်ခြိုက်ကြလိမ့်မည် လို့ ကျွန်တော် ယုံကြည်ချက်ရှိပါတယ်။ တာရှည်ခံသော ဘက္ထရီ၊ အကောင်းမွန်ဆုံးသော Memory နှင့် Processor ကြောင့် အထစ်အငေါ့မရှိတဲ့ Smooth Mobile Experience ကို ရရှိမှာလည်း ဖြစ်ပါတယ်။ အသင့်တော်ဆုံး ဈေးနှုန်းကြောင့် အသုံးပြုသူများကို ပေးရတဲ့ဈေးထက် ပိုမိုထိုက်တန်သော အတွေ့အကြုံသစ်ကို ခံစားရစေမှာပါ” လို့ ပြောကြားခဲ့ပါသည်။

Pouvoir 4 Pro တွင် 128GB+6G Memory အသုံးပြုထားကြောင့် ဂိမ်းဆော့ရာတွင် အထစ်အငေါ့ကင်းရှင်းစေမှာပါ။ ဂိမ်းကစားရာတွင် Fire key အဖြစ်အသုံးပြုနိုင်သော Magic Button တစ်ခုလည်း ပါဝင်ပါသည်။ PUBG ကစားသူများ အတွက် High quality PUBG game experience ရရှိစေပြီး ပါဝါ ၅၀ရာခိုင်နှုန်း သက်သာစေမည့် Screen Off Gaming Mode လည်း ပါဝင်မှာဖြစ်ပါသည်။

Cameraအားဖြင့်လည်း အရှေ့ရော အနောက်ပါ ကောင်းမွန်ဆုံး ကင်မရာများကို အသုံးပြုထားပြီး အလိုအလျာက် low light ဗီဒီယိုများကို လင်းစေမည့် Low Light Video Record Mode လည်း ပါဝင်သည်။

Android Q ၏ customized version ဖြစ်သော HiOS ကို အသုံးပြုထားပြီး Ice Jadeite, Misty Grey and Fascinating Purple အရောင်သုံးမျိုး ရွေးချယ်စရာရှိပါသည်?

အချက်အလက်များကို ပိုမိုသိရှိရန်: https://www.tecno-mobile.com/mm/home/#/

-ENDS-

TECNO Mobile အကြောင်း

TENCO Mobile သည် TRANSSION Holdings ၏ Premium Smartphone အမှတ်တံဆိပ်ဖြစ်ပါသည်။ “ Expect More” ဆိုသည့်ခံယူချက်နှင့် အညီ၊ TECNO သည် နောက်ဆုံးပေါ်နည်းပညာများကို အသင့်တော်ဆုံးဈေးနှုန်းဖြင့် ရောင်းချပေးရန် ရည်ရွယ်ပါသည်။ အသုံးပြုသူများကို ယခုသတ်မှတ်ထားသည့် ထက်ကျော်လွန်သော နောက်ဆုံးပေါ်နည်းပညာကို အသုံးပြုစေနိုင်ရန် စိတ်စေတနာများစွာဖြင့် တည်ဆောက်ထားသော အမှတ်တံဆိပ်တစ်ခုလည်း  ဖြစ်သည်။ TECNO သည် နယ်ပယ် အသီးသီးမှ အသုံးပြုသူအားလုံး၏ လိုအပ်ချက်ကို သိရှိနားလည်ပြီး ပြည်တွင်းဈေးကွက်နှင့် အကိုက်ညီဆုံး နောက်ဆုံးပေါ်နည်းပညာများ အသုံးပြုထားသည့် Smartphone များ၊ Tablet များနှင့် Feature Phone များကို ယူဆောင်လာခြင်း ဖြစ်ပါသည်။ ကမ္ဘာအနှံ့အပြားရှိ ဈေးကွက်ပေါင်း ၆၀တွင် ဝင်ရောက်ထိုးဖောက်လျက်ရှိသော TECNO သည် Major Global player အမှတ်တံဆိပ်ဖြစ်ပါသည်။ Manchester City  ဘောလုံးအသင်း ၏ global Official Tablet and Handset Partner လည်းဖြစ်သည်။ အချက်အလက်များကို ပိုမိုသိရှိရန်: www.tecno-mobile.com