မျက်နှာပြင်အပြည့်၊ ပျော်စရာအပြည်

မြင့်မားသောနည်းပညာဖြင့်ထုတ်လုပ်ထားသော ၆ လက်မ အကျယ်ရှိဖုန်းမျက်နှာပြင် ၊လှပသေသပ်တဲ့ ကိုယ်ထည်ဒီဇိုင်းတို့က သင့်အား ပိုမိုခမ်းနားပြီး ပျော်ရွှင်စရာကောင်းသောအရာများကို ယူဆောင်လာပါပြီ။ တိုးမြင့်ထားတဲ့အဆင့်မြင့် နည်းပညာက ကြည်လင်တောက်ပပြီးလှပခြင်းတွေနဲ့အတူ အံ့ဖွယ်ကမ္ကာတစ်ခုကိုပြသပေးမှာပါ။ကျယ်ပြန့်သောမျက်နှာပြင်ရှိတဲ့အတွက် ဗွီဒီယိုများကိုကောင်းစွာကြည့်ရှုနိုင်ခြင်း၊စာအုပ်များကို ဖတ်ရှုနိုင်ပြီး ဓါတ်ပုံများရိုက်ကူးရာတွင်လည်း အံ့သြစရာကောင်းလောက်တဲ့ အတွေ့ကြုံကောင်းများကို ရရှိစေမှာဖြစ်ပါတယ်။

"Hi-light ကင်မရာ" က အချိန်အခိုက်အတန့်တိုင်းကို ဘယ်တော့မျှ မလွတ်စေပါ။

8MP ရှိသောရှေ့ကင်မရာဖြင့် Selfie ပုံများမှတ်တမ်းတင်ရိုက်ကူရာတွင် တစ်မူထူးခြားတဲ့ ဖဟ်လ်တာများ၊ပိုမိုလှပအောင်ပြုလုပ်နိုင်တဲ့ အခြားအဖက်များလည်းပါဝင်တာမို့ လှပပြီး ပြီးပြည့်စုံတဲ့ ပုံများကိုဖန်တီးပုံဖော်နိုင်ပါတယ်။ 13MP ပါရှိတဲ့ နောက်ကင်မရာကလဲ ကြည်လင်ပြတ်သားပြီးလှပတဲ့ ပုံတွေကိုရရှိစေဖို့ကောင်းစွာအထောက်အပံ့ပေးပါတယ်။သင့်ဘ၀ရဲ့ အမှတ်တရများကို အမှတ်ရစရာ ဖြစ်စေမယ့်ပုံများကို SPARK 2 နဲ့ ရိုက်ကူးပြီး တစ်သက်တာအတွက်မှတ်တမ်းတင်လိုက်ပါနော်။ SPARK 2 ကအကောင်းဆုံးပုံတွေကိုဖန်တီးပေးပါလိမ့်မယ်။

စမတ်ကျသော အလင်းပေးခြင်းနဲ့ အရမ်းကောင်းတဲ့ ရိုက်ကူးခြင်း

SAPRK 2 က တမူထူးခြားကောင်းမွန်တဲ့ ဖလက်ရှ်စနစ်နဲ့အတူ မှင်သက်မိဖွယ် ဓာတ်ပုံအတွေ့အကြုံတွေကို သင့်အတွက် ပေးအပ်ပေးပါတယ်။ နှစ်မျိုးသုံး ရှေ့ဖက် ဖလက်ရှ်၊ စခရင်ဖလက်ရှ်နဲ့ နောက်ဖက်ဖလက်ရှ်တို့ပါဝင်တဲ့ အဆင့်မြှင့်ပြီးစ mix flash 2.0 ဖြစ်တဲ့ SPARK 2 က အကောင်းတကာ့အကောင်းဆုံးသော ရိုက်ကူးမှုတွေကို သင်ပြုလုပ်ရာမှာ အထောက်အကူပြုဖို့အတွက် နေ့ညအချိန်မရွေး ရှိနေပေးမှာပါ။

ပေါ့ထရိတ်အနေအထားနဲ့ ဓာတ်ပုံတွေက သူမတူအောင် ကြည့်ကောင်းခြင်း

သင့်အိပ်ကပ်ထဲမှာ SLR ကင်မရာတစ်လုံးကို ထည့်လိုက်ပါ။ လက်ရာမြောက်သော ပေါ့ထရိတ်ဓာတ်ပုံတွေကို ရိုက်ကူးဖို့အတွက် ဤကင်မရာက တိကျသော 3D မျက်နှာပြင်ဖမ်းနည်းပညာနဲ့ ဘိုခါအပြင်အဆင်တို့ကို သုံးထားပါတယ်။ ပေါ့ထရိတ်က သင်အဓိကပေါ်လွင်စေတဲ့ အရာများကိုသာအသားပေးပုံပေါ်စေရန် နောက်က မလိုအပ်သောအခြားအရာများကို မှုန်ဝါးသွားအောင်ပြုလုပ်နိုင်စွမ်းရှိလို့ အားလုံးအကြိုက်တွေ့စေမှာပါ။

F/2.0 Aperture က သင့်အပြုံးတွေကို တောက်ပစေပါတယ

ကင်မရာပိုင်းတွင် သေးငယ်သော F/2.0အပါချာရှိ အလင်းရောင်ဝင်ပေါက်လေးပါရှိတဲ့အတွက် အလင်းရောင်ကောင်းစွာမရရှိသော နေရာ နဲ့ ညအချိန်များတွင် ပုံများရိုက်ကူးပါက အလင်းရောင်းရရှိစေရန် ကောင်းစွာရရှိစေရန်ထောက်ပံ့ပေးနိုင်တဲ့အတွက် ကြည်လင်ပြတ်သားပြီး ထင်ရှားလှပတဲ့ ပုံရိပ်တွေကို ရရှိစေအောင် SPARK 2 ကအပြည့်အ၀ကူညီပေးနိုင်ပါလိမ့်မယ်။

မျက်စိတစ်မှိတ်အတွင်း လော့ခ်ဖွင့်ခြင်း

SPARK 2 က သင့်မျက်နှာပြင်ပေါ်က ၁၂၈ မျိုးသော အတည်ပြုပွိုင့်တွေကို စုဆောင်းထားပြီး သင့်ကို ချက်ခြင်းအတည်ပြုပေးနိုင်ပါတယ်။ သင့်ဖုန်းကို မျက်နှာပြင်သုံး လော့ဖွင့်ခြင်းအားဖြင့် လုံလုံခြုံခြုံ မြန်မြန်ဆန်ဆန်ဖွင့်၍ သုံးစွဲလိုက်ပါ။ သင့်မျက်နှာပြင်ကိုဖတ်ရှုပြီး သင်ဘယ်သူလဲဆိုတာကို ဖော်ထုတ်အတည်ပြုပေးပါတယ်။ ဂရုတစိုက်ပုံဖော်ဖန်တီးထားတဲ့ ဤဒီဇိုင်းက မြန်ဆန်မှုနဲ့ စွမ်းအင်ပြည့်ဝမှုတွေကို နေရာမရွေး၊ အချိန်မရွေး ပေးအပ်ပေးပါတယ်။

စွမ်းအားပြည့်ဝသော Android™ 8.1

ဤအော်ပရေးရှင်းစနစ်ကို နောက်ဆုံးထွက် Android™ 8.1 အထိ အဆင့်မြှင့်ပေးထားပါတယ်။ သင့်ဘဝလေး ပိုမိုရိုးရှင်းလာပြီး ထိရောက်အကျိုးစေဖို့အတွက် ဤစနစ်ရဲ့ ရှုထောင့်အမျိုးမျိုးကို ပိုကောင်းအောင် ဆောင်ရွက်ပေးထားပါတယ်။ တစ်ဆင့်တည်းသော အပူလျှော့ချစနစ်က သင့်အတွက် ပိုမိုကောင်းမွန်သော မိုဘိုင်းသုံးစွဲမှု အတွေ့အကြုံတစ်ရပ်ကို ပေးအပ်ထားပါတယ်။