6.52" Dot Notch စခရင်၊ ပိုကြီးတဲ့မြင်ကွင်း၊ ပိုကျယ်တဲ့ မိုးကုပ်စက်ဝိုင်း

အသစ်စက်စက် 6.52”Dot Notch စခရင်ဒီဇိုင်း ပါဝင်သည့် အထူးမြင်ကွင်းပြည့် ပြသချက်နှင့် ပိုမိုမြင့်မားသော ရီဆိုလူးရှင်းက သင့်အတွက် ပိုမိုကောင်းမွန်သော ရုပ်ပုံကို ခံစားကြည့်ရှုနိုင်စေပါသည်။ စခရင်အချိုးအစား ပိုပြီး ပြီးပြည့်စုံနေသောကြောင့် နောက်ထပ် အကြောင်းအရာများကို အထက်အောက်ဆွဲရွှေ့နေစရာမလိုဘဲ လေ့လာကြည့်ရှုနိုင်သလို သင့်လက်တစ်ကမ်းမှာပင် အမှန်တကယ် ရုပ်ရှင်ကြည့်နေရသကဲ့သို့သော ကြည့်ရှုမှု အတွေ့အကြုံကို ရရှိနိုင်သည်။

4G ကွန်ရက်၊ မြန်ဆန်သောလိုင်း

SPARK 4 Lite တွင် 4G ကွန်ရက်ကို အသုံးပြုထားသောကြောင့် လူမှုမီဒီယာကို ကြည့်ရှုသောအခါ သို့မဟုတ် ဗီဒီယိုကြည့်သောအခါ စောင့်ဆိုင်းရသည့် အချိန်ကို ထိထိရောက်ရောက် လျှော့ချပေးသည့်အတွက် စောင့်စရာမလိုဘဲ ပိုမိုပျော်ရွှင်စွာ အင်တာနက်သုံးစွဲနိုင်သည်။ အခြားသူများထက် အမြဲပို၍မြန်ဆန်စွာ ကမ္ဘာကြီးနှင့် ချိတ်ဆက်ပေးသည်။

ထိပ်တန်းစွမ်းဆောင်ရည် ဆုရှင်

32GB ROM ထည့်သွင်းပေးထား၍ သင် အကြိုက်ဆုံး အမှတ်တရများနှင့် အရေးကြီးဖိုင်များကို သိမ်းထားရန် နေရာပို၍ ဖန်တီးပေးသည်။ 2GB RAM ဖြင့် ကျွန်ုပ်တို့၏ စနစ်သည် ပြေပြစ်ချောမွေ့သော စွမ်းဆောင်ရည်ကို ပေးစွမ်းသည်။ Quad-Core ပရိုဆက်ဆာက ပါဝါသုံးစွဲမှု နည်းပြီး ဖုန်း၏ လုပ်ဆောင်မှု ပိုမိုမြန်ဆန်စေသည်။ သူငယ်ချင်းများနှင့် စကားပြောဆိုခြင်း၊ သီချင်းနားထောင်ခြင်း၊ ဆဲလ်ဖီရိုက်ခြင်း၊ ဝဘ်ဆိုက်များကို လေ့လာကြည့်ရှုခြင်းတို့ကို တစ်ချိန်တည်း လုပ်ဆောင်နေလျှင်ပင် SPARK 4 Lite က အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ဆဲဖြစ်ပါသည်။ 4000mAh ကြီးမားသော ဘက်ထရီက နေ့စဉ်အလုပ်နှင့် ကိုယ်ရေးကိုယ်တာ ဘဝအတွက် လိုအပ်သော ဘက်ထရီပါဝါကို အမြဲပံ့ပိုးပေးနိုင်သည်။

ဖလက်ရှ်မီးဖြင့် 8MP ရှေ့ကင်မရာ၊ တောက်ပကြည်လင်လှပသော ပုံ

ဖလက်ရှ်မီးဖြင့် 8MP AI ဆဲလ်ဖီကင်မရာကို အသုံးပြုထား၍ SPARK 4 Lite ဖြင့် ရိုက်လိုက်သော ဆဲလ်ဖီပုံများသည် ပိုမိုကြည်လင်တောက်ပ၍ ပိုမို ဆွဲဆောင်မှုရှိနေမှာ အသေအချာပင်ဖြစ်သည်။ ယခုတစ်ကြိမ်တွင် SPARK 4 Lite သည် ကန့်သတ်ချက်များကို ဖောက်ထွက်ပြီး ၎င်း၏ဖလက်ရှ်မီးကို dot notch စခရင်ထဲတွင် ဝှက်ထားသည်။ အခြေအနေအမျိုးမျိုးအတွက် စိတ်ပူစရာမလိုတော့ပါ။ အမြဲတမ်း စွဲမက်ဖွယ်ကောင်းသော ဆဲလ်ဖီများကို ရိုက်ကူးနိုင်မည်ဖြစ်သည်။ အလှပုံမုဒ်တွင် နောက်ခံကို ဝါးပေးပြီး သင်၏ အလှပုံဆဲလ်ဖီကို အကောင်းဆုံး ဆုံချက်ချိန်၍ ရိုက်ကူးပေးသည်။ သင့်ဓာတ်ပုံများကို သဘာဝကျကျ မွမ်းမံပြင်ဆင်ပေးရန် နည်းပညာ 18 မျိုးကို အသုံးပြုထားသည်။ မိတ်ကပ်ပညာရှင်ထံ သွားရန်မလိုတော့ပါ၊ AI အလှအပမုဒ်က သင့်အတွက် မိတ်ကပ်ပညာရှင်တစ်ဦးလို အလှပြင်ပေးမည်ဖြစ်သည်။ SPARK 4 Lite ဖြင့် ပို၍ စိတ်ကူးယဉ်ဆန်သော အခိုက်အတန့်များကို ရိုက်ကူးလှည့်ပါ။

မျက်နှာဖြင့် လော့ခ်ဖြေစနစ် 2.0၊ ပိုမိုလုံခြုံသတိရှိသော လော့ခ်ဖြေနည်း

"မျက်နှာ စကန်ဖတ်စနစ်" ဖြင့် သင့်ဖုန်းကို အမြန်လော့ခ်ဖြေလိုက်ပါ။ မျက်နှာဖြင့် လော့ခ်ဖွင့်စနစ် 2.0 ဗားရှင်းတွင် အသစ်စက်စက် ထည့်ထားသော “မျက်စိပိတ်ထားမှု ရှာဖွေထောက်လှမ်း”စနစ်ကို ထည့်ထားပေးသည့်အတွက် သင် အိပ်နေသည့်အခါတွင် ဖြစ်စေ၊ မျက်စိ မှိတ်နေသည့်အခါတွင်ဖြစ်စေ သင့်ဖုန်းကို လော့ခ်ဖွင့်နိုင်မှာ မစိုးရိမ်ရတော့ပါ။ 2.0 ဗားရှင်းသည် အမှောင်ပတ်ဝန်းကျင်တွင် မျက်နှာပြင်အတွက် အလင်းရောင်ကို ဖြည့်ပေးသည့်အတွက် အလင်းရောင် အားနည်းသည့် အခြေအနေများတွင်ပင် ပို၍ မြန်ဆန်စွာ လော့ခ်ဖွင့်နိုင်စေပါသည်။

သွယ်လျ၊ ဖက်ရှင်ကျသော ဒီဇိုင်း၊ ခါတိုင်းလိုပင် ထင်ရှားပေါ်လွင်နေမှု၊

အထူအားဖြင့် 8.4 မီလီမီတာသာ ရှိသည်၊ SPARK 4 Lite ကို ကိုင်ထားရသည့်အခါ အလွန်ကိုပင် အံ့အားသင့်ရလောက်သည့် အတွေ့အကြုံမျိုး ခံစားရမည်ဖြစ်ပြီး သင် ရှာဖွေ အသုံးပြုနိုင်မည့် အသုံးဝင်သော လုပ်ဆောင်ချက် များစွာလည်း ပါရှိပါသည်။ တစ်ခုလုံး၏ ဒီဇိုင်းက ရိုးရှင်းသော်လည်း အရောင်ကြောင့် ပေါ်လွင်ထင်ရှားလှပါသည်။ SPARK 4 Lite ကို အနောက် ကာဗာအတွက် ဟေလီယာ ခရမ်းနှင့် ဗေကေးရှင်း အပြာဟူသော 2 ရောင်ပြေးဒီဇိုင်းဖြင့် အလှဆင်ထားပါသည်။ မဟူရာ အနက်ရောင်ကလည်း လွန်စွာ ဆွဲဆောင်နိုင်စွမ်း ရှိလှပါသည်။ မျက်စိကို ဖမ်းစားထားနိုင်သည့် အရောင်များကို ရွေးချယ်နိုင်သည့်အတွက် လူအုပ်ထဲတွင်ပင် သင့်ကို အလွယ်တကူ ထင်းနေစေပါမည်။