မန်ချက်စတာစီးတီးဘောလုံးအသင်းနှင့် TECNO မိုဘိုင်းတို့ နိုင်ငံတကာ မိတ်ဖက်အဖြစ် ပူးပေါင်းသည့်

မန်ချက်စတာ၊ 30 နိုဝင်ဘာလ – အဆင့်မြင့်မိုဘိုင်းဖုန်းတံဆိပ် တစ်ခုဖြစ်သည့် TECNO မိုဘိုင်းနှင့် ပရီးမီးယားလိဂ်၏ မန်ချက်စတာစီးတီးအသင်းတို့သည် ၎င်းတို့၏ ကာလရှည် ပူးပေါင်းမှု စတင်ခြင်း အထိမ်းအမှတ်ပွဲကို ကျင်းပလျက်ရှိသည်။

မန်ချက်စတာ၊ 30 နိုဝင်ဘာလ – အဆင့်မြင့်မိုဘိုင်းဖုန်းတံဆိပ် တစ်ခုဖြစ်သည့် TECNO မိုဘိုင်းနှင့် ပရီးမီးယားလိဂ်၏ မန်ချက်စတာစီးတီးအသင်းတို့သည် ၎င်းတို့၏ ကာလရှည် ပူးပေါင်းမှု စတင်ခြင်း အထိမ်းအမှတ်ပွဲကို ကျင်းပလျက်ရှိသည်။

မန်ချက်စတာစီးတီး ဘောလုံးအသင်းအတွက် တက်ဘလက်နှင့် ဖုန်း တရားဝင်မိတ်ဆက်ကုမ္ပဏီအဖြစ် TECNO Mobile သည် အသင်းနှင့်အတူ ပူးပေါင်း၍ ဈေးကွက်ရှာဖွေရေး နည်းလမ်းများနှင့် ကြော်ငြာကမ်ပိန်းများကို ကမ္ဘာတစ်ဝန်းတွင် တိုးတက်လာအောင် ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းတွင် ဈေးကွက်တွင် ဦးဆောင်နေသော မိုဘိုင်းဖုန်း အမှတ်တံဆိပ်အဖြစ် Tecno အား အသိအမှတ်ပြုထားသော အာဖရိကနိုင်ငံလည်း ပါဝင်ပါသည်။

Transsion Holdings ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော TECNO ကို တရုတ်နိုင်ငံတွင် ပထမဆုံး တည်ထောင်ခဲ့ပြီး လွန်ခဲ့သော ဆယ်စုနှစ်အတွင်း လူသိများလာသော ဈေးကွက် 40 ကျော်အထိ ကမ္ဘာတစ်လွှား ခြေဆန့်နိုင်ခဲ့ကာ စီးတီးအသင်း၏ အမာခံပရိသတ် အရေအတွက်သည်လည်း တစ်နေ့ထက်တစ်နေ့ အခိုင်အမာဖြင့် ဆက်လက် တိုးပွားလျက် ရှိပါသည်။

မန်ချက်စတာစီးတီး၏ အထက်တန်းစား သင်တန်းပြုလုပ်ရာနေရာနှင့် လူငယ် ဖွံ့ဖြိုးတိုးတက်ရေး အဆောက်အအုံ၊ စီးတီး ဘောလုံး သင်တန်းကျောင်းတွင် ကျင်းပခဲ့သည့် နိုင်ငံတကာ မိတ်ဖက်ပြုပွဲတွင် စီးတီးဘောလုံးအားကစားအုပ်စု၏ စီးပွားရေးဆိုင်ရာ အရာရှိချုပ်ဖြစ်သော Tom Glick က- “TECNO Mobile ကို မန်ချက်စတာစီးတီးအသင်းရဲ့ တစတစ တိုးတက်လာတဲ့ စွမ်းရည်တွေရှိတဲ့ နိုင်ငံတကာ မိတ်ဖက်အဖွဲ့မှာ ပါဝင်ဖို့ လှိုက်လှဲစွာ ကြိုဆိုလိုက်ပါတယ်။ သူ့ရဲ့ ပြည်တွင်းဈေးကွက်တိုင်းအတွက် ကတိပြုချက်နဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာကို အလေးပေး အာရုံစိုက်မှုဟာ ကျွန်တော်တို့ရဲ့ စရိုက်လက္ခဏာကို ထင်ဟပ်ပြသနေပါတယ်။ မန်ချက်စတာစီးတီးရဲ့ နိုင်ငံတကာက အမာခံ ပရိသတ်တွေနဲ့ ချိတ်ဆက်ဖို့ သူတို့နဲ့အတူ လက်တွဲဆောင်ရွက်ဖို့ စောင့်မျှော်နေပါတယ်။” ဟု ပြောကြားခဲ့သည်။

TECNO Mobile ၏ အထွေထွေမန်နေဂျာဖြစ်သူ Stephen Ha က မန်ချက်စတာ စီးတီး၏ စီးတီး ဘောလုံး သင်တန်းကျောင်းတွင် ကျင်းပသောပွဲ၌- “မန်ချက်စတာ စီးတီးအသင်းအဖြစ် အောင်မြင်ပြီး လူသိများလှတဲ့ အဖွဲ့နဲ့ လက်တွဲဆောင်ရွက်ရတာ ကျွန်တော်တို့အနေနဲ့ အရမ်းကို ဂုဏ်ယူမိပါတယ်။ အားကစားနဲ့ပတ်သက်ပြီး အမြင့်ဆုံးအဆင့်အထိ ဆက်လက်ဆောင်ရွက်သွားပါမယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် တုပြိုင်လို့မရတဲ့ မိုဘိုင်းသုံးစွဲမှု အတွေ့အကြုံကို ပေးစွမ်းရေးဟာ TECNO Mobile အတွက် အဓိက ဦးစားပေးဖြစ်တဲ့အပြင် ဘောလုံးပွဲတွေကို အထူးအရည်အသွေးနဲ့ ပြသဖို့၊ သူတို့ရဲ့ ပရိသတ်တွေအတွက် ဒစ်ဂျစ်တယ်အတွေ့အကြုံတွေ ပေးစွမ်းဖို့ သူတို့ရဲ့ ကတိပြုချက်ကို ကြည့်လိုက်တဲ့အခါ ကျွန်တော်တို့နဲ့ မန်ချက်စတာ စီးတီးအသင်းအကြား တူညီတဲ့အချက်အတော်များများကို တွေ့ရပါတယ်။ သူတို့အဖွဲ့နဲ့ ပူးပေါင်းရတာ တကယ့်ကို ပျော်ရွှင်ရပါတယ်။ ဒီလို လက်တွဲဆောင်ရွက်မှုကို စတင်ဖို့ စောင့်တောင် မစောင့်နိုင်တော့ပါဘူး။”