ပိုမိုမြန်ဆန်သော အမြန်နှုန်း

2.0 GHz Quad-Core သည် ပိုမိုချောမွေ့ပြီး ပြတ်တောက်မှု အလျဉ်းမရှိသော စွမ်းဆောင်ရည်ကို ပံ့ပိုးပေးသည်။ 4G LTE မြန်နှုန်းမြင့်သည် သင်၏ လက်ချောင်းထိပ်များပေါ်တွင် ကမ္ဘာတစ်ခုလုံးကို တင်ထားသကဲ့သို့ပင် ကမ္ဘာတစ်ဝှမ်းရှိ သင် အလိုရှိသည့် အချက်အလက်များကို လက်တစ်ချောင်းနှိပ်ရုံမျှဖြင့် လွယ်ကူမြန်ဆန်စွာ ရယူသုံးစွဲနိုင်သည်။ သင်လိုအပ်သော မြန်နှုန်းဖြင့် သင့်မိသားစု၊ သူငယ်ချင်းများနှင့် အလွယ်တကူ ဆက်သွယ်ချိတ်ဆက်ထားနိုင်သည်။ ပိုမိုမြန်ဆန်သော အမြန်နှုန်းက ပိုမိုကောင်းမွန်သော ဖုန်းသုံးစွဲမှု အတွေ့အကြုံကို ပေးစွမ်းသည်။

5.5" မျက်နှာပြင်အပြည့်၊ ပိုမိုနှစ်သက်ခံစားလိုက်ပါ

အံမခန်း စခရင်နှင့် ကိုယ်ထည်အချိုး 80.5% ရှိသည့် ပြသမှုမျက်နှာပြင်က ဖုန်းရှေ့မျက်နှာစာ တစ်ခုလုံးနီးပါးကို နေရာယူထားသည်။ 5.5" မျက်နှာပြင်အပြည့်၊ 18:9 ရှုထောင့်အချိုးနှင့် ပိုကောင်းသော ရုပ်ထွက်အရည်အသွေးတို့က ပို၍အသေးစိတ်ကျပြီး ပိုမိုကောင်းမွန်သော ရုပ်ရှင်ကြည့်ရှုရသည့် အတွေ့အကြုံကို ပေးစွမ်းသည်။

13MP အနောက်ဘက် တောက်ပသော ကင်မရာ

ထူးကဲကောင်းမွန်သော 13MP အနောက်ကင်မရာဖြင့် ဓာတ်ပုံများက ပို၍ကြည်လင်ပြတ်သားပြီး သဘာဝကျနိုင်ပါသည်။ POP 2s တွင် ပုံမှန်၊ နောက်ခံအလင်းရောင် (HDR)၊ ညဘက်မြင်ကွင်း၊ အလှပုံ၊ ညဘက် အလှပုံတို့ကို ခွဲခြားသတ်မှတ်ခြင်းကဲ့သို့ အော်တို မြင်ကွင်း အသိအမှတ်ပြုမှု လုပ်ဆောင်ချက်နှင့် အခြားသော လုပ်ဆောင်ချက်များစွာ ပါဝင်သည်။ အသိအမှတ်ပြုနေစဉ်အတွင်း AI အိုင်ကွန်က စဉ်ဆက်မပြတ် ပြောင်းလဲ၍ ပေါ်လာပါမည်။ မြင်ကွင်းကျယ် မုဒ်က ကျယ်ဝန်းသော 270° အပိုင်းအခြားအထိ ဓာတ်ပုံရိုက်ကူးစေနိုင်ပြီး ကျယ်ပြောသော မြင်ကွင်းကျယ်ဓာတ်ပုံကို ထုတ်ပေးသည်။ AI CAM မုဒ်သည် ဓာတ်ပုံရိုက်ကူးရာတွင် ပိုမိုပျော်ရွှင်မှုရစေရန် ကောင်းမွန်သော စစ်ထုတ်မှု အပိုင်းအခြားများကို ဆောင်ကြဉ်းပေးသည်။

8MP ရှေ့ဘက် တောက်ပသော ကင်မရာ

AI အလှမုဒ်ဖြင့် POP 2s သည် သင်၏ မျက်နှာသွင်ပြင် အစိတ်အပိုင်းများကို သိရှိ၍ ထိရောက်ကောင်းမွန်သော နည်းစနစ်နှင့် ချိန်ညှိနိုင်သော ရှေ့ဘက်ဖလက်ရှ်မီးတို့ကို သုံး၍ ၎င်းတို့ကို အလှပြင်ပေးသည့်အတွက် ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပသော ဆဲလ်ဖီပုံများကို အလွယ်တကူ ရရှိနိုင်သည်။ အလှပုံမုဒ်သည် သင့်ကို မြင်ကွင်းထဲတွင် ထင်းထွက်နေသူဖြစ်အောင် အမြဲလုပ်ဆောင်ပေးသည်။ ညဘက် နည်းစနစ် 2.0 နှင့် အပါချာ F1.8 ဖြင့် အလင်းရောင်အားနည်းသည့် အခြေအနေများတွင်ပင် ဓာတ်ပုံများက တောက်ပကြည်လင်နေမည်ဖြစ်ပါသည်။

နောက်ဆုံးထွက် Android™ 9 Pie (Go edition)

Android™ 9 Pie (Go edition) ကို အခြေခံထားသည့် POP 2s သည် အသုံးဝင်သော အက်ပ်အသစ်မျိုးစုံဖြင့် တည်ဆောက်ထားသည်။ သုံးစွဲသူနှင့် သဟဇာတဖြစ်စေသည့် စနစ်က သင် သုံးစွဲဖူးသမျှအားလုံးထက် ပိုမိုမြန်ဆန်စွာ စတင်လုပ်ဆောင်စေသည်။

မျက်နှာဖြင့် အမြန်လော့ခ်ဖွင့်ခြင်း

သင့်မျက်နှာသည် သင့်ဖုန်းအတွက် စကားဝှက်ဖြစ်ပါသည်။ လုံခြုံရေး နည်းပညာအသစ်ကို သုံးထားသည့်အတွက် သင့်ဖုန်းကို မြန်မြန်ဆန်ဆန် လော့ခ်ဖွင့်နိုင်ပါသည်။

စမတ် လက်ဗွေရာ

သင်သည် သင့်ဖုန်းကို နှိပ်လိုက်ရုံဖြင့် အတော်လေး အဆင်ပြေမြန်ဆန်စွာ လော့ခ်ဖွင့်နိုင်ပါသည်။ စမတ်လက်ဗွေရာကို သုံး၍ ဓာတ်ပုံများ ရိုက်ကူးခြင်း၊ ဖုန်းခေါ်ဆိုမှု မှတ်တမ်းတင်ခြင်းနှင့် ဖုန်းလက်ခံဖြေကြားခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်ပါသေးသည်။

ကြာရှည်ခံ ဘက်ထရီ

3050mAh ကြီးမားသော ဘက်ထရီက ပါဝါအား မြောက်များစွာကို ပံ့ပိုးပေးသည့်အတွက် စိတ်ကြိုက် အရန်သင့်သုံးနိုင်သည့်အချိန် 545 နာရီ၊ သီချင်းဖွင့်ချိန် 91.5 နာရီ၊ ချက်ချင်း ဖုန်းခေါ်ဆိုနိုင်ချိန် 13.5 နာရီနှင့် ဗီဒီယို ပြန်ဖွင့်ကြည့်ချိန် 12.5 နာရီအထိ ပံ့ပိုးပေးပါသည်။ စမတ် ချွေတာရေး နည်းပညာဖြင့် ၎င်းသည် အလုပ်ကိစ္စဖြင့် အချိန်ပြည့် ဖုန်းသုံးစွဲသူများ၏ စဉ်ဆက်မပြတ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည်။