
Stop At Nothing:
TECNO သည် အရည်အသွေး အကောင်းဆုံး စမတ်ဖုန်းဖြစ်ပြီး TRANSSION Holdings မှ AIoT စက် အမှတ်တံဆိပ်ဖြစ်ပါသည်။ အမှတ်တံဆိပ်၏ အနှစ်သာရအဖြစ် “Stop At Nothing” ဖြင့် TECNO သည် ထွက်ပေါ်လာသော ကမ္ဘာ့ဈေးကွက်များရှိ တိုးတက်လိုသော တစ်ဦးချင်းစီအတွက် အကောင်းဆုံး ခေတ်ပေါ်နည်းပညာများကို ဖော်ထုတ်ရန် ကတိပြုပြီး ၎င်းတို့အား သုံးစွဲသူများကို အခွင့်အလမ်းများပြားသည့် ကမ္ဘာကြီးအား ဖော်ထုတ်နိုင်စေမည့် သပ်ရပ်ကြော့ရှင်းစွာ စီမံထားသော ဉာဏ်ရည်မြင့် ထုတ်ကုန်များကို ပေးအပ်ပါသည်။ TECNO သည် ဈေးကွက်အမျိုးမျိုးမှ သုံးစွဲသူများ၏ လိုအပ်ချက်များကို နားလည်ပြီး ၎င်းတို့အား “တက်ကြွလန်းဆန်းသော” သုံးစွဲသူများကို ဝန်ဆောင်မှု ကျွမ်းကျင်ခြင်းအားဖြင့် ဖော်ထုတ်ပြသထားသော လိုက်လျောအောင် ပြုလုပ်ထားသည့် ဆန်းသစ်တီထွင်မှုများနှင့် ဒီဇိုင်း ရှာဖွေတွေ့ရှိချက်များကို ပံ့ပိုးပေးပြီး အကောင်းဆုံးကို ရှာဖွေခြင်းအား မည်သည့်အခါမျှ ရပ်တန့်မည်မဟုတ်ပါ။ TECNO ၏ ကိုယ်ရေးအချက်အလက် အစုစုသည် ကမ္ဘာအနှံ့တွင် ထွက်ပေါ်လာသော ဈေးကွက်ပေါင်း 70 ကျော်ရှိ သုံးစွဲသူများအတွက် ပြုလုပ်ထားသော စမတ်ဖုန်းများ၊ တက်ဘလက်များ၊ စမတ် ဝတ်ဆင်စရာများနှင့် AIoT စက်များကို ပေါင်းကူးပေးပါသည်။ TECNO သည် မန်ချက်စတာ စီးတီး၊ ပရီးမီးယားလိဂ် ချန်ပီယံများ 2020-21 ၏ တရားဝင် မိတ်ဖက်လည်းဖြစ်ပါသည်။
မန်ချက်စတာစီးတီးဘောလုံးအသင်းနှင့်အတူ TECNO တို့ ထပ်မံတိုးမြင့်လက်တွဲ ပူပေါင်းဆောင်ရွက်ခြင်း အထိမ်းအမှတ်
2019-07-10မန်ချက်စတာစီးတီးဘောလုံးအသင်းနှင့်အတူ TECNO တို့ ထပ်မံတိုးမြင့်လက်တွဲ
ပူပေါင်းဆောင်ရွက်ခြင်း အထိမ်းအမှတ်မနျခကျြစတာ စီးတီး ဘောလုံးအသင်းနှင့် ကမ္ဘာ့ ထိပ်တန်း မိုဘိုင်းကိရိယာ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သော TECNO တို့သည် ၎င်းတို့၏ ဈေးကွက်ရှာဖွေမှုများအတွက် နောင်နှစ်ပေါင်းများစွာအထိ ကာလရှည် အထူးသီးသန့်လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။ TECNO အနေဖြင့် မန်ချက်စတာစီးတီး ဘောလုံးအသင်းအတွက် ပထမဆုံး မိုဘိုင်းကိရိယာ ပံ့ပိုးပေးသည့် နိုင်ငံတကာ ပါတနာအဖြစ် ဆက်ဆံရေးကို 2016 ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်ပါသည်။
TECNO သည် အားကစားဂိမ်းများကို ကြိုက်နှစ်သက်သော အမာခံပရိတ်သတ် များနှင့် ပိုမိုအချိတ်အဆက်ရရှိရန် ဆက်လက်ကြိုပမ်းလုပ်ဆောင်သွားမည်ဖြစ်ပါသည်။
မန်ချက်စတာစီးတီးဘောလုံးအသင်းနှင့်အတူ TECNO တို့ ထပ်မံလက်တွဲ ပူပေါင်းဆောင်ရွက်ခြင်း အထိမ်းအမှတ်အနေဖြင့် ဓာတ်ပုံပညာ ၊ ဂီတနှင့် သက်ဆိုင်သော ပုံစံအကြောင်းအရာများကို အခြေခံ၍ " City Beats (စီးတီးရဲ့ သံစဉ် တီးချက်)" ၊
" (Behind the lens (ကင်မရာမှန်ဘီလူးတို့၏ နောက်ကွယ်))" စသည့် ဘရန်းများဖြင့် မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။ TECNO ၏ ဆောင်ပုဒ်အသစ်ဖြစ်သည့် "Expect More" ဆိုသည့်အတိုင်း ပိုမိုကောင်းမွန်သော အရာများကို ပရိတ်သတ်များထံသို့ မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။TECNO မိုဘိုင်းကို အိန္ဒိယ ဈေးကွက်တွင် စတင်ထုတ်ဝေပြီးပါပြီ
2017-01-01TECNO မိုဘိုင်းကို အိန္ဒိယ ဈေးကွက်တွင် စတင်ထုတ်ဝေပြီးပါပြီ
TECNO သည် အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသ၊ တောင်အာရှနှင့် လက်တင်အမေရိကတို့တွင် တိုးချဲ့ထားပြီး လူပေါင်း 4.2 ဘီလီယံကျော်ကို ပံ့ပိုးပေးလျက်ရှိပါသည်။
MCFC (မန်ချက်စတာစီးတီး ဘောလုံးအသင်း)နှင့် မိတ်ဖက်ထားပါသည်
2016-01-01MCFC (မန်ချက်စတာစီးတီး ဘောလုံးအသင်း)နှင့် မိတ်ဖက်ထားပါသည်
TECNO သည် တက်ဘလက်နှင့် ဖုန်း တရားဝင် မိတ်ဖက်ကုမ္ပဏီအနေနှင့် မန်ချက်စတာစီးတီး ဘောလုံးအသင်းနှင့်အတူ ကာလရှည်မိတ်ဖက်အဖွဲ့အဖြစ် ရပ်တည်လျက်ရှိပါသည်။ မိတ်ဖက်ခြင်းသည် TECNO ၏ ကမ္ဘာလုံးဆိုင်ရာ နည်းဗျူဟာအတွက် အရေးကြီးသည့် ခြေလှမ်းတစ်ခုဖြစ်ပြီး ဖွံ့ဖြိုးဆဲ ဈေးကွက်များအတွင်း မိုဘိုင်းဆက်သွယ်ရေးအတွက် သြဇာလွှမ်းမိုးပြီး လူကြိုက်များသည့် တံဆိပ်တစ်ခုကို တည်ဆောက်ရန် ရည်ရွယ်ချက်ကို ဖော်ပြပါသည်။ မန်ချက်စတာစီးတီးကဲ့သို့သော အောင်မြင်ကျော်ကြား၊ လူသိများသည့် အသင်းနှင့် မိတ်ဖက်လိုက်ခြင်းဖြင့် TECNO သည် ကမ္ဘာအရပ်ရပ်ရှိ ပရိသတ်များနှင့် သုံးစွဲသူများသို့ ချိတ်ဆက်နိုင်ရန် ယခင်ကနှင့်မတူသည့် အနေအထားတွင် ရှိနေစေပြီး ၎င်း၏ နောက်ဆုံးတီထွင်ဖန်တီးမှုများကို မိတ်ဆက်ပေး၍ ဆန်းသစ်သော မိုဘိုင်းအသုံးပြုမှု အတွေ့အကြုံများကို ပေးစွမ်းနေပါသည်။
မြောက်အာဖရိကတွင် အောင်မြင်ခဲ့ပြီး တောင်အမေရိကနှင့် အရှေ့တောင်အာရှသို့ ချဲ့ထွင်ခဲ့ပါသည်
2016-01-01မြောက်အာဖရိကတွင် အောင်မြင်ခဲ့ပြီး တောင်အမေရိကနှင့် အရှေ့တောင်အာရှသို့ ချဲ့ထွင်ခဲ့ပါသည်
ဆယ်စုနှစ်တစ်ခုကြာ လျင်မြန်သည့် တိုးတက်မှုရှိလာပြီးသည့်နောက် TECNO သည် ပင်မ အာဖရိကနိုင်ငံများတွင် ဈေးကွက်ရှယ်ယာ 40% အထိ ရရှိခဲ့ပြီး ဆက်သွယ်ရေး စက်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ကမ္ဘာနှင့်ချီ၍ ခြေဆန့်နိုင်ခဲ့ပါသည်။ အောင်မြင်မှုများက ၎င်း၏ အတွင်းကျကျ နည်းဗျူဟာများနှင့် စနစ်ကျသည့် စီမံခန့်ခွှဲမှုကို တွန်းအား ဖြစ်စေခဲ့ပြီး ထုတ်လုပ်ရေးဌာန 5 ခု၊ ဈေးကွက်ရှာဖွေရေး ဌာန 5 ခု၊ နိုင်ငံနှင့် ဒေပေါင်း 50 ခန့်ရှိသည့် ရောင်းချမှု ကွန်ရက်၊ ဝန်ဆောင်မှုဌာနပေါင်း 1000+ ၏ ရောင်းချမှုနောက်ပိုင်း ဝန်ဆောင်မှုကွန်ရက်နှင့် ပြုပြင်ရေး စက်ရုံ 4 ခုတို့ကို ဖြစ်မြောက်စေခဲ့ပါသည်။ ဤနှစ်တွင်လည်း မြောက်အာဖရိက၊ တောင်အမေရိက၊ အရှေ့တောင်အာရှ၊ အိန္ဒိယ၊ အရှေ့အလယ်ပိုင်းဒေသတို့တွင် ချဲ့ထွင်ခဲ့ပြီး ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်သွားသည့် TECNO ၏ နည်းဗျူဟာဆန်ဆန် ပြောင်းလဲမှုကြီးကို တွေ့မြင်ခဲ့ရပါသည်။
ပင်မအာဖရိကဈေးကွက်များတွင် ရောင်းချမှုပမာဏသည် နံပါတ် 1 သို့ ရောက်ရှိခဲ့ပါသည်
2015-01-01ပင်မအာဖရိကဈေးကွက်များတွင် ရောင်းချမှုပမာဏသည် နံပါတ် 1 သို့ ရောက်ရှိခဲ့ပါသည်
2015 ခုနှစ်အတွင်း ပင်မ အာဖရိကဈေးကွက်များတွင် TECNO ၏ ရောင်းချမှုပမာဏသည် နံပါတ် 1 သို့ ရောက်ရှိခဲ့ပါသည်။
မဆုတ်မလျော့ ကြိုးစားခဲ့ခြင်း၏ ရလဒ်နှင့် သုံးစွဲသူများ၏ လိုအပ်ချက်များကို အတွင်းကျကျ သိရှိခြင်းများကြောင့် TECNO သည် သုတေသနနှင့် ဆန်သစ်တီထွင်ရေး၊ ဒီဇိုင်း၊ ထုတ်လုပ်ရေး၊ ရောင်းချမှုနှင့် ဝန်ဆောင်မှုများတွင် ထိုးဖောက်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် ထိပ်တန်းကုမ္ပဏီများနှင့် သက်ဆိုင်ရာ ကဏ္ဍများတွင် မိတ်ဖက်ပူးပေါင်းမှုများကို တိုးမြင့်အောင် ဆောင်ရွက်ခဲ့ပါသည်။ ထိုအချက်အလက်များအားလုံးသည် ကုမ္ပဏီတိုးတက်မှုနှင့် ဈေးကွက်ရှယ်ယာ တိုးပွားမှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။ ဂါနာ ဆက်သွယ်ရေးဆုချီးမြင့်ပွဲတွင် TECNO Phantom Z သည် “တစ်နှစ်တာ၏ အကောင်းဆုံးစမတ်ဖုန်း” ဆုလက်ခံရရှိခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းများ အောင်မြင်နေစဉ် TECNO သည် လူ့အဖွဲ့အစည်းသို့ ပြန်လည်ပေးဆပ်ရန် ဦးဆောင်ဦးရွက် ပြုလုပ်ခဲ့ပါသည်။ ၎င်းသည် ဒေသတွင်း ပရဟိတအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ဒေသတွင်း ကျောင်းသူကျောင်းသားများအတွက် ပညာသင်ဆုများ ထောက်ပံ့ပေးခြင်းနှင့် အစိုးရ၏ ပရဟိတစီမံကိန်းများ အတွက်လည်း လှူဒါန်းပံ့ပိုးခဲ့ပါသည်။စမတ်ဖုန်းလောကတွင် ထိုးဖောက်လာခြင်း
2014-01-01စမတ်ဖုန်းလောကတွင် ထိုးဖောက်လာခြင်း
ခေတ်ဟောင်းဖုန်းလောက၏ တည်ငြိမ်သည့် တိုးတက်မှုကို ထိန်းသိမ်းထားစဉ်တွင် ၎င်းကုမ္ပဏီသည် စမတ်ဖုန်းဈေးကွက်တွင် တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး ဆပ်ဆာဟာရန် အာဖရိကဒေသတွင် စတိုးပေါင်း 860 ဖွင့်လှစ်၍ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုလာနိုင်သည်အထိ ထိုးဖောက်ခဲ့ပါသည်။ ထိုစဉ်အခါ ၎င်းသည် ဆပ်ဆာဟာရန် အာဖရိကဒေသ အပြင်ဘက်သို့ ချဲ့ထွင်ခဲ့ပြီး အီဂျစ်ဈေးကွက်အတွက် ပြင်ဆင်ထားခဲ့ပါသည်။ ဂါနာ ထိပ်တန်းအမှတ်တံဆိပ် ဆုချီးမြင့်ပွဲတွင် TECNO ကို “အလားအလာအရှိဆုံးသော ကုမ္ပဏီ” ဟူ၍လည်းကောင်း၊ “ဖွံ့ဖြိုးလာနေသည့် ထိပ်တန်း ကုမ္ပဏီ” ဟူ၍လည်းကောင်း ခေါ်ဆိုခဲ့ကြပါသည်။ ၎င်း၏ အထင်ကရစက်ပစ္စည်းဖြစ်သည့် Phantom A+ သည် ဂါနာနိုင်ငံရှိ မိုဘိုင်းကမ္ဘာအခမ်းအနားတွင် "တစ်နှစ်တာ၏ လူကြိုက်အများဆုံးသော စမတ်ဖုန်း” ဆု ချီးမြင့်ခြင်းခံခဲ့ရသည်။ တိုက်တစ်ခွင် သြဇာလွမ်းမိုးမှုအရှိဆုံးသော စီးပွားရေးမဂ္ဂဇင်းဖြစ်သည့် အာဖရိက စီးပွားရေး မဂ္ဂဇင်းက TECNO ကို ထိပ်တန်း 20 “အာဖရိကရှိ နှစ်သက်လက်ခံမှုအများဆုံး အမှတ်တံဆိပ်များ” အဖြစ်လည်း အမည်သတ်မှတ်ခံခဲ့ရပါသည်။ ဤနှစ်တွင်လည်း TECNO အား လန်ဒန်မြို့ရှိ ရွှေကဏ္ဍအတွင်း အပြည်ပြည်ဆိုင်ရာ အရည်အသွေး သရဖူဆုကို ချီးမြှင့်ပေးခဲ့ပါသည်။
စမတ်ဖုန်းများကို မိတ်ဆက်ပေးခြင်း
2012-01-01စမတ်ဖုန်းများကို မိတ်ဆက်ပေးခြင်း
နည်းပညာမြင့်မားလာမှုနှင့် သုံးစွဲသူလိုအပ်ချက် များပြားလာမှုတို့ကို တုံ့ပြန်ပေးသည့်အနေနှင့် TECNO သည် ၎င်း၏ ပထမဦးဆုံးစမတ်ဖုန်း T1 ကို စတင်ထုတ်ဝေပြီးနောက် 2012 တွင် ၎င်းအတွက် ဈေးကွက်ချဲ့ထွင်မှုများ စတင်ပြုလုပ်ခဲ့ပါသည်။ အရည်အသွေးမြင့် စမတ်ဖုန်းများထုတ်လုပ်ခြင်းနှင့် သုံးစွဲသူများအတွက် ဖျော်ဖြေမှုမျိုးစုံ ပေးစွမ်းခြင်းအပြင် TECNO သည် နောက်ဆုံးတီထွင်ဖန်တီးမှုများကို ပြသရန်နှင့် သုံးစွဲသူများအတွက် အဆင့်မြင့်ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန် ပထမဆုံးသော အထူးသီးသန့် စတိုးကို နိုင်ဂျီးရီးယားနိုင်ငံတွင် ဖွင့်လှစ်ခဲ့ပါသည်။ ဂါနာဆက်သွယ်ရေး ဆုချီးမြင့်ပွဲတွင် TECNO ဂါနာကို “တစ်နှစ်တာလုံးအတွက် ဖုန်းကုမ္ပဏီ” ဟု အမည်သတ်မှတ်ခဲ့ပါသည်၊ ၎င်းပွဲသည် အဆက်မပြတ် တိုးတက်ပြီး အောင်မြင်နေသည့် ICT (သတင်းအချက်အလက်နည်းပညာ) ဈေးကွက်ကို ကျင်းပရန်နှင့် ဤနည်းပညာစီးပွားရေးလောက အတွင်းရှိ ထူးချွန်ပြောင်မြောက်ပြီး ဆန်းသစ်တီထွင်သူများကို မီးမောင်းင်းထိုးပြရန် စီစဉ်ထားခြင်း ဖြစ်သည်။ TECNO ၏ နှစ်စဉ် ရောင်းအားသည် 2012 ခုနှစ်တွင် 20 မီလီယံခန့်အထိ ရောက်ရှိခဲ့သည်။
SIM ကဒ်နှစ်ခုသုံးဖုန်းအတွက် နံပါတ် 1 မိုဘိုင်းတံဆိပ်
2011-01-01SIM ကဒ်နှစ်ခုသုံးဖုန်းအတွက် နံပါတ် 1 မိုဘိုင်းတံဆိပ်
TECNO သည် ဒေသတွင်း ရုံးများတည်ထောင်ထားရှိသည့် ပင်မ အာဖရိကဈေးကွက်တစ်ခွင်တွင် SIM ကဒ်နှစ်ခုသုံ့း မိုဘိုင်းဖုန်းများကို နံပါတ် 1 ဝန်ဆောင်မှုပေးသူ ဖြစ်ခဲ့ပါသည်။ ဂါနာ သုံးစွဲသူဝန်ဆောင်မှု အပတ်၏ တစ်စိတ်တစ်ဒေသ အနေနှင့် ဂါနာ သုံးစွဲသူဝန်ဆောင်မှု ဆုချီးမြင့်ပွဲတွင် ၎င်းကို “2011/2012 ခုနှစ်များအတွက် သုံးစွဲသူအများဆုံး ယုံကြည်စိတ်ချသည့် တံဆိပ်” ဟု အမည်သတ်မှတ်ခံခဲ့ရပါသည်၊ ၎င်းပွဲသည် နှစ်စဉ် အောက်တိုဘာလ၏ ပထမအပတ် တစ်ပတ်လုံးတွင် ကျင်းပသည့် တစ်ကမ္ဘာလုံးဆိုင်ရာ ပွဲတစ်ခု ဖြစ်ပြီး သုံးစွဲသူဝန်ဆောင်မှုကို အလေးထားသည့် အဖွဲ့အစည်းများနှင့် ကမ္ဘာအရပ်ရပ်ရှိ အဖွဲ့အစည်းများက အကောင်းဆုံးသော သုံးစွဲသူဝန်ဆောင်မှုပေးခြငူ်း၏ အရေးပါမှုကို အသိအမှတ်ပြုကြပါသည်။ လောလောဆယ်တွင် TECNO သည် “ပိုမို တွေ့ကြုံခံစားကြည့်လိုက်ပါ” ဟူသည့် တံဆိပ်၏ အနှစ်သာရကို ပေးစွမ်းနေပြီး မိုဘိုင်းနည်းပညာများတွင် သုတေသနလုပ်ခြင်းကို အားပေး၍ ဖျော်ဖြေရေးကို အခြေခံသည့် စက်ပစ္စည်းများအား စတင်တည်ထွင်ခဲ့သည့်အတွက် သုံးစွဲသူများထံသို့ ကျယ်ပြန့်သည့် မိုဘိုင်းဖျော်ဖြေမှု အတွေ့အကြုံကို ရရှိစေပါသည်။
အာဖရိကတွင် အာရုံစိုက်မှု
2008-01-01အာဖရိကတွင် အာရုံစိုက်မှု
2008 ခုနှစ်တွင် အာဖရိကဈေးကွက်သို့ TECNO က နည်းဗျူဟာအရ ရွှေ့ခဲ့ခြင်းကို မြင်တွေ့ခဲ့ရပြီး TECNO ကုမ္ပဏီ၏ အစဟူ၍ သတ်မှတ်ခဲ့ပါသည်။ TECNO သည် စိတ်ကြိုက်သတ်မှတ်ထားပြီး ဒေသတွင်း လိုအပ်ချက်နှင့် လျော်ညီပြီး သုံးစွဲသူများကို ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးရန် ရည်စူး၍ အရှေ့နှင့် အနောက် အာဖရိကရှိ ပင်မဈေးကွက်များကို လွှမ်းမိုးနိုင်ရန် နိုင်ငံရပ်ခြား စီမံခန့်ခွဲမှုစနစ်ကို စီစဉ်တည်ထောင်ခဲ့ပါသည်။ သုံးစွဲသူများ၏ အတွင်းကျကျသုံးသပ်မှုများထံမှ စိတ်ကူးစိတ်သန်းများ ရရှိခဲ့သည့် TECNO သည် ပထမဦးဆုံးသော SIM ကဒ်လေးခု မိုဘိုင်းဖုန်းဖြစ်သည့် “4 Runner” ကို ထုတ်လုပ်ခဲ့ပြီး အာဖရိကတစ်ခွင် ပေါက်မြောက်ခဲ့ပါသည်။
ပထမဆုံး စက်ရုံတည်ဆောက်မှု
2007-01-01ပထမဆုံး စက်ရုံတည်ဆောက်မှု
ပထမဆုံးသော စက်ရုံကို တရုတ်ပြည်၊ ရှန်ကျန်းမြို့တွင် 2007 ခုနှစ်၌ တည်ထောင်ခဲ့သည်။ စက်ရုံ၏ ထုတ်လုပ်မှုပမာဏသည် နှစ်စဉ် မိုဘိုင်းဖုန်းပေါင်း 3 ဘီလီယံသို့ ရောက်ရှိခဲ့ပါသည်။ အဆင့်အမြင့်ဆုံး နည်းပညာများကို ရယူအသုံးပြုထားပြီး အကျွမ်းကျင်ဆုံးသော ပညာရှင်များကို ခန့်အပ်ထားခြင်းကြောင့် TECNO သည် ကောင်းမွန်သော လုပ်ငန်းစွမ်းဆောင်မှုကို ရရှိထားပါသည်။
တည်ထောင်မှု
2006-01-01တည်ထောင်မှု
ဟောင်ကောင်မြို့၌ 2006 ခုနှစ်တွင် တည်ထောင်ခဲ့သော TECNO မိုဘိုင်းသည် မိုဘိုင်းဆက်သွယ်ရေး ထုတ်ကုန်များအတွက် သုတေသန၊ ဖွံ့ဖြိုးမှု၊ ထုတ်လုပ်မှု၊ ရောင်းချမှုနှင့် ဝန်ဆောင်မှုများ ပေးစွမ်းသည့် အဆင့်မြင့်နည်းပညာ ကုမ္ပဏီ Transsion Holdings ၏ ပထမဦးဆုံးသော မိုဘိုင်းဖုန်းတံဆိပ်တစ်ခု ဖြစ်သည်။ TECNO သည် စိတ်ကျေနပ်ဖွယ် မိုဘိုင်းဆက်သွယ်ရေး နည်းလမ်းများကို သုံးစွဲသူများအား ပေးစွမ်းနိုင်ရန် ကြိုးပမ်းလျက် ရှိပါသည်။