TECNO အသုံးပြုရေး စည်းကမ်းချက်များ

TECNO အသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များ

နောက်ဆုံးပြင်ဆင်ခြင်း - ၂၀၂၁ ခုနှစ် ဇူလိုင်လ


နိဒါန်း
TECNO မှ ကြိုဆိုပါသည်!
TECNO MOBILE LIMITED နှင့် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများ (ဤနေရာမှ စတင်၍ “TECNO” ၊ “ကျွန်ုပ်တို့သည်”၊ “ကျွန်ုပ်တို့ကို” သို့မဟုတ် “ကျွန်ုပ်တို့၏” ဟု ရည်ညွှန်းသုံးစွဲပါမည်) အနေဖြင့် ဤအသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များ (ဤနေရာမှ စတင်၍ “ဤစာချုပ်” ဟု ရည်ညွှန်းသုံးစွဲပါမည်) ကို ဖတ်ရှုပြီး နားလည်သဘောပေါက်ရန် သင့်အား ဤနေရာမှ သတိပေးပါသည်။ ဤအရာသည် သင်နှင့် TECNO အကြား တရားဝင် စာချုပ်တစ်ရပ် ဖြစ်ပါသည်။ ၎င်းသည် TECNO ဆော့ဝဲလ်၊ ဝန်ဆောင်မှုများနှင့် ထိုနေရာရှိ အခြားဖီချာများ၊ လုပ်ဆောင်ချက်များ အားလုံးနှင့် အခြားဆက်စပ် ဝဘ်ဆိုက် သို့မဟုတ် အခြားနည်းပညာ၊ ပြုမူဆောင်ရွက်ချက်များ သို့မဟုတ် နည်းလမ်းများအားလုံးမှတစ်ဆင့်ဖြစ်စေ ကွန်ပျူတာ တစ်လုံးမှ တစ်ဆင့်ဖြစ်စေ ရယူသော အွန်လိုင်းမှ ကမ်းလှမ်းမှုများအားလုံးကို သင့်အနေဖြင့် အသုံးပြုမှုအား လွှမ်းမိုးပါသည်။  TECNO စနစ်နှင့် ဆော့ဝဲလ် (ဤနေရာမှ စတင်၍ “ဆော့ဝဲလ်” ဟု စုပေါင်း ရည်ညွှန်းသုံးစွဲပါမည်) နှင့် TECNO ၏ ဝန်ဆောင်မှုများ (ဤနေရာမှ စတင်၍ “ဝန်ဆောင်မှု” ဟု စုပေါင်း ရည်ညွှန်းသုံးစွဲပါမည်) ကို သင့်တော်စွာ အသုံးပြုခြင်းအတွက် TECNO စက်ပစ္စည်းများကို အသုံးပြုခင် သို့မဟုတ် ဆော့ဝဲလ်တစ်ခုကို ဒေါင်းလုတ်မချခင် သင် သတိထားမိစေရန် စာလုံးအမည်း သို့မဟုတ် စာလုံးအစောင်းဖြင့် အသားပေးဖော်ပြထားသော ဤစာချုပ် အထူးသဖြင့် မသက်ဆိုင်ကြောင်း ရှင်းလင်းချက်များ၊ တာဝန်ဝတ္တရားကန့်သတ်ချက်များ၊ ကိုယ်ရေးလုံခြုံမှု မူဝါဒ၊ အသုံးပြုမှုစည်းကမ်းများ၊ သက်ဆိုင်သည့် ဥပဒေ၊ အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် အခြားအပိုင်းများတွင် ဖော်ပြထားသည့်  ဤနေရာပါ စည်းကမ်းနှင့် သတ်မှတ်ချက်များကို သင့်အနေဖြင့် ဂရုတစိုက် ဖတ်ရှုပြီး အပြည့်အဝ နားလည် ရပါမည်။ 

1.    ဤစာချုပ်ကို လက်ခံခြင်း
1.1    ဒေါင်းလုတ်ချခြင်း၊ ဆော့ဝဲလ်သွင်းခြင်း၊ “စာရင်းသွင်းမည်” သို့မဟုတ် “သဘောတူပါသည်” ခလုတ်ကို နှိပ်ခြင်းနှင့်/သို့မဟုတ် TECNO စက်ပစ္စည်းကို ဝင်ရောက်ခြင်း သို့မဟုတ် အသုံးပြုခြင်းအားဖြင့် သင်သည် ဤစာချုပ်အောက်တွင် လိုက်နာဆောင်ရွက်ရန် သဘောတူပါသည်။ ဤစာချုပ်ကို သင်သဘောမတူပါက သင်သည် TECNO ဆော့ဝဲလ် သို့မဟုတ် ဝန်ဆောင်မှုကို မဝင်ရောက်နိုင်ပါ သို့မဟုတ် အသုံးမပြုနိုင်ပါ။
1.2    TECNO ဆော့ဝဲလ်နှင့် ဝန်ဆောင်မှုသည် အသက် ၁၄ နှစ်အောက် (သို့မဟုတ် TECNO ဆော့ဝဲလ် သို့မဟုတ် ဝန်ဆောင်မှုများကို သင် အသုံးပြုသော နေရာရှိ တရားစီရင်မှု နယ်ပယ်တွင် “ကလေး” ဟု သတ်မှတ်ထားသော အသက်အရွယ်အောက်)  ကလေးငယ်များအတွက် မရည်ရွယ်သကဲ့သို့ သုံးရန် ညွှန်ကြားထားခြင်းလည်း မရှိပါ။ သင်သည် အသက် ၁၄ နှစ်အောက် ဖြစ်ပါက သင်သည် TECNO ဆော့ဝဲလ် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးမပြုနိုင်သကဲ့သို့  TECNO သို့ မိမိ မည်သူဖြစ်ကြောင်း သတ်မှတ်နိုင်သည့် မည်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုမဆို ပေးအပ်ရန် မလိုပါ။ သင်သည် ၁၄ နှစ် သို့မဟုတ် “ဥပဒေအရ အရွယ်မရောက်သေးသူ” ဟု သတ်မှတ်ထားသော ထို့ထက်ကြီးပြီး အသက် ၁၈ နှစ်အောက် (သို့မဟုတ် TECNO ဆော့ဝဲလ်နှင့် ဝန်ဆောင်မှုများကို သင် အသုံးပြုသော နေရာရှိ တရားစီရင်မှု နယ်ပယ်တွင် အရွယ်ရောက်သည်ဟု သတ်မှတ်သည့် အသက်အောက်) ဖြစ်ပါက သင်၏ မိဘ သို့မဟုတ် တရားဝင် အုပ်ထိန်းသူနှင့်အတူ ဤစာချုပ်ကို ကြည့်ရှုပြီး သင်နှင့် သင့်မိဘ သို့မဟုတ် အုပ်ထိန်းသူသည် ဤစာချုပ် နားလည်ပြီး ခွင့်ပြုကြောင်း သင့်အနေဖြင့် ကိုယ်စားပြုပါသည်။ သင်သည် ဥပဒေအရ အရွယ်မရောက်သေးသူတစ်ဦးအား TECNO ဝန်ဆောင်မှုများကို အသုံးပြုရန် ခွင့်ပြုသော မိဘတစ်ဦး သို့မဟုတ် အုပ်ထိန်းသူတစ်ဦး ဖြစ်ပါက သင်သည် - (i) TECNO ဆော့ဝဲလ်နှင့် ဝန်ဆောင်မှုများကို ဥပဒေအရ အရွယ်မရောက်သေးသူမှ အသုံးပြုခြင်းကို ကြီးကြပ်ရန်၊ (ii) အင်တာနက်မှတစ်ဆင့် ပြင်ပအဖွဲ့အစည်းများနှင့် အပြန်အလှန် စာကူးပြောင်းပေးခြင်း အပါအဝင် TECNO ဆော့ဝဲလ်နှင့် ဝန်ဆောင်မှုများကို ဥပဒေအရ အရွယ်မရောက်သေးသူမှ အသုံးပြုခြင်းနှင့် သက်ဆိုင်သော ဖြစ်နိုင်သည့် အန္တရာယ်များအားလုံးကို တာဝန်ယူရန်၊ (iii) TECNO ဆော့ဝဲလ်နှင့် ဝန်ဆောင်မှုအား ဥပဒေအရ အရွယ်မရောက်သေးသူ အသုံးပြုခြင်းမှ ရရှိလာသော မည်သည့်တာဝန်ကိုမဆို တာဝန်ခံရန်၊ (iv) ဥပဒေအရ အရွယ်မရောက်သေးသူမှ တင်သွင်းသော အချက်အလက်များအားလုံးသည် တိကျမှန်ကန်ကြောင်း သေချာရန်နှင့် (v) TECNO ဆော့ဝဲလ်နှင့် ဝန်ဆောင်မှုကို ဥပဒေအရ အရွယ်မရောက်သေးသူမှ ဝင်ရောက်အသုံးပြုခြင်းသည် ဤစာချုပ်ကို လိုက်နာပြီး တာဝန်ယူရန် သဘောတူပါသည်။ 
1.3    သင်၏ သုံးစွဲသူ အတွေ့အကြုံကို တိုးတက်စေရန် သို့မဟုတ် ထုတ်ကုန် ဘေးကင်းလုံခြုံရေး ဆောင်ရွက်ချက်များကို တိုးမြှင့်စေရန် ကျွန်ုပ်တို့သည်  ဆော့ဝဲလ်နှင့် ဝန်ဆောင်မှုသစ်များကို ထုတ်လုပ်ရန် ဆက်လက် အားထုတ်ကြိုးပမ်းလိမ့်မည် ဖြစ်ပြီး (ဆော့ဝဲလ်ဗားရှင်း မြှင့်တင်ခြင်း၊ ပြင်ဆင်ခြင်းနှင့် လုပ်ဆောင်ချက် ပြီးပြည့်စုံအောင် ဆောင်ရွက်ခြင်းတို့ အပါအဝင်ဖြစ်ပြီး ၎င်းတို့သာဖြစ်သည်ဟူ၍ ကန့်သတ်မထားသော) ဆော့ဝဲလ်အဆင့်မြှင့်တင်ခြင်းများ သို့မဟုတ် ပြင်ဆင်ခြင်းများကို အချိန်နှင့်တပြေးညီ သင့်အား ပေးအပ်ပါလိမ့်မည်။ TECNO သည် သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများနှင့်အညီ ဤစာချုပ်ကို ပြင်ဆင်နိုင်ခွင့် ရှိနိုင်ပါသည်။ ပြင်ဆင်ပြီး စာချုပ်သည် မူလ စာချုပ်အပေါ် လွှမ်းမိုးလိမ့်မည် ဖြစ်ပြီး သက်ဆိုင်ရာ ဥပဒေတွင် သတ်မှတ်ထားသော ကာလ ကုန်ဆုံးပြီးနောက် စတင်အသက်ဝင်ပါလိမ့်မည်။ သက်ဆိုင်ရာ ဥပဒေများတွင် အထူးပြဋ္ဌာန်းချက်များ မပါရှိပါက စာချုပ်သည် သက်တမ်းတိုးသည့် နေ့တွင် အသက်ဝင်ပါလိမ့်မည်။ ပြင်ဆင်ပြီး စာချုပ်ကို TECNO ဝန်ဆောင်မှု၏ သက်ဆိုင်ရာ တရားဝင် ဝဘ်စာမျက်နှာတွင် သင့်အနေဖြင့် အချိန်မရွေးကိုးကားနိုင်ရန် ကြေညာပါလိမ့်မည်။ သင်သည် TECNO ဆော့ဝဲလ် သို့မဟုတ် ဝန်ဆောင်မှုကို ဆက်လက် ဝင်ရောက်ပါက သို့မဟုတ် အသုံးပြုပါက သင်သည် စာချုပ်ကို ဖတ်ရှုပြီး လိုက်နာရန် သဘောတူပါသည်ဟု မှတ်ယူပါလိမ့်မည်။ သင်သည် ပြင်ဆင်ပြီး စာချုပ်ကို လက်မခံပါက TECNO ဆော့ဝဲလ် သို့မဟုတ် ဝန်ဆောင်မှု အသုံးပြုနေခြင်းကို ရပ်တန့်လိုက်ပါ။

2.    ခွင့်ပြုထားသည့် လိုင်စင် အသုံးပြုမှုများ
ဤစာချုပ်၏ စည်းကမ်းနှင့် သတ်မှတ်ချက်များအတိုင်း TECNO သည် ဤဆော့ဝဲလ်နှင့် ဝန်ဆောင်မှုကို ဝင်ရောက်အသုံးပြုရန် သီးသန့်မဟုတ်သော၊ လိုင်စင်ခွဲ မပေးနိုင်သော၊ တစ်ကိုယ်ရေသုံး ရုပ်သိမ်းနိုင်သည့် ကန့်သတ် လိုင်စင်တစ်ခုကို သင့်အား ပေးပါသည်။ သင်သည် စီးပွားရေးအတွက် မဟုတ်သည့် ရည်ရွယ်ချက်များအတွက် ဆော့ဝဲလ်နှင့် ဝန်ဆောင်မှုကို TECNO စက်ပစ္စည်းတစ်ခုပေါ်တွင် ထည့်သွင်း၊ အသုံးပြု၊ ပြသပြီး လည်ပတ်စေနိုင်ပါသည်။
2.1    TECNO စနစ်သည် အခြားကုန်အမှတ်တံဆိပ်တစ်ခု၏ လည်ပတ်စနစ်တစ်ခု သို့မဟုတ် Google Android ပေါ်တွင် အခြေပြုပြီး TECNO မှ လွတ်လပ်စွာ ထုတ်လုပ်ပိုင်ဆိုင်သည့် စိတ်ကြိုက် လည်ပတ်စနစ်ကို ရည်ညွှန်းပါသည်။ စနစ်နှင့် ပတ်သက်၍ TECNO ၏ ပိုင်ဆိုင်မှုတွင် - (i) TECNO စက်ပစ္စည်းနှင့် စက်ပစ္စည်းမှတစ်ဆင့် သင့်အား ပေးအပ်ထားသော အခြား ချိတ်ဆက် ဆော့ဝဲလ်၊ စာရွက်စာတမ်းများ၊ မျက်နှာပြင်များ၊ အကြောင်းအရာများနှင့် စာလုံးပုံစံများတွင် ထည့်သွင်းထားသည် ကုတ်များနှင့် TECNO သို့မဟုတ် ၎င်းမှ လိုင်စင်ပေးထားသူ၏ မူပိုင်ခွင့်ဖြင့် ကာကွယ်ထားသော မည်သည့် ပစ္စည်းမဆို အပါအဝင်ဖြစ်သော်လည်း ၎င်းတို့သာ ပါဝင်သည်ဟူ၍ ကန့်သတ်မထားသော အချက်အလက်၊ (ii) အဆင့်မြှင့်တင်ခြင်းများ သို့မဟုတ် (i) တွင် ဖော်ပြထားသော ဆော့ဝဲလ် အဆင့်မြှင့်တင် ပြင်ဆင်ခြင်းများ ပါဝင်ပါသည်။
2.2    ဤဆော့ဝဲလ်သည် TECNO စနစ်နှင့် အတူ လာသော TECNO မှ လွတ်လပ်စွာ ထုတ်လုပ်ထားသည့် စနစ်ပါ အပလီကေးရှင်း အစီအစဉ်ကို ရည်ညွှန်းပါသည်။
2.3    ဤဝန်ဆောင်မှုသည် ဤဆော့ဝဲလ်မှတစ်ဆင့် အသုံးပြုသူများကို TECNO မှ ပေးအပ်သည့် သက်ဆိုင်ရာ အမျိုးမျိုးသော ဆက်စပ် ဝန်ဆောင်မှုများကို ရည်ညွှန်းပါသည်။
2.3.1    သင်သည် ဘရောက်ဇာ၊ အသံဖမ်း၊ တွက်စက်၊ ရာသီဥတု၊ ဖိုင်စီမံခြင်း၊ ဒေါင်းလုတ်၊ မှတ်စု၊ ဖုန်း၊ စာတို၊ ကင်မရာ၊ ဓာတ်ပုံ၊ လိပ်စာစာအုပ်၊ ဘလူးတုနှင့် အခြားလုပ်ဆောင်ချက်များကို အသုံးပြုနိုင်ပါသည်။ ပေးအပ်ထားသည့် တိကျသော ဝန်ဆောင်မှုများသည် သင်ဝယ်ယူသော TECNO စက်ပစ္စည်းအပေါ် မူတည်ပါသည်၊
2.3.2    သင်သည် TECNO မှ ထုတ်လုပ်သော မိုဘိုင်းဖုန်း၊ တက်ဘလက်များနှင့် အခြားတာမီနယ်များမှတစ်ဆင့် ဤဝန်ဆောင်မှုများကို အသုံးပြုနိုင်ပါလိမ့်မည်။ တစ်ချိန်တည်းမှာပင် TECNO သည် ဤဝန်ဆောင်မှုကို သုံးစွဲသူများအတွက် တာမီနယ်ပုံစံများကိုလည်း များပြားလာအောင် ဆက်လုပ်ဆောင်ရွက်ပါလိမ့်မည်။
2.3.3    သင်သည် TECNO စက်ပစ္စည်းကို အသုံးပြုသောအခါ အချို့ ဆော့ဝဲလ်နှင့် ဝန်ဆောင်မှုများတွင် သုံးစွဲသူဆိုင်ရာ သီးခြား စာချုပ်များ သို့မဟုတ် စည်းကမ်းများ ရှိပါသည်။ အထက်ဖော်ပြပါ ဆော့ဝဲလ် သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးမပြုခင်တွင် ၎င်းတို့ကို ဂရုတစိုက် ဖတ်ရှုပါ။

3.    အသိဉာဏ်ဆိုင်ရာ ပစ္စည်း၊ ပိုင်ဆိုင်မှု
TECNO သည် ဤဆော့ဝဲလ်နှင့် ဝန်ဆောင်မှုနှင့် (UI မျက်နှာပြင်ဒီဇိုင်း၊ ပုံများ၊ စာလုံးပုံစံများ၊ အသံများ အစရှိသည်တို့ အပါအဝင်ဖြစ်သော်လည်း ၎င်းတို့သာ ပါဝင်သည်ဟု ကန့်သတ်မထားသော) ဆက်စပ် အချက်အလက်အကြောင်းအရာအားလုံးဆိုင်ရာ အသိဉာဏ် မူပိုင်ခွင့်နှင့် သင့်အား အတိအကျ ပေးအပ်ထားခြင်း မရှိသည့် အခွင့်အရေးများအားလုံးကို ပိုင်ဆိုင်ပါသည်။ မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်နှင့် မှတ်ပုံတင်ခွင့်အပါအဝင် ဖြစ်သော်လည်း ၎င်းတို့သာ ဟူ၍ ကန့်သတ်မထားသော အထက်ပါ အသိဉာဏ်မူပိုင်ခွင့်ကို သက်ဆိုင်ရာ အသိဉာဏ် မူပိုင်ခွင့်၊ မမျှတမှု တိုက်ဖျက်ရေး ပြိုင်ဆိုင်မှုနှင့် အခြား သက်ဆိုင်သည့် ဥပဒေများ၊ နည်းဥပဒေများနှင့် သင့်တော်သည့် နိုင်ငံတကာ သဘောတူစာချုပ်များဖြင့် ကာကွယ်ထားပါသည်။ စီးပွားဖြစ် ရောင်းဝယ်ခြင်း၊ ပွားခြင်းနှင့် ဤဆော့ဝဲလ်ကို အသုံးပြုရန် မည်သည့်ပြင်ပအဖွဲ့အစည်းကိုမဆို ခွင့်ပေးခြင်း အစရှိသည့် ဤစာချုပ်တွင် တိတိကျကျ အခွင့်အာဏာပေးမထားသော ဖြစ်ရပ်များတွင် သင်သည် TECNO မှ တရားဝင် စာရေးသားခွင့်ပြုချက် သီးခြား ရယူသင့်ပါသည်။

4.    ဆော့ဝဲလ်နှင့် ဝန်ဆောင်မှုအသုံးပြုမှုအပေါ် ကန့်သတ်ချက်များ
4.1    အောက်ပါတို့ ပါဝင်သော်လည်း ၎င်းတို့သာ ဟူ၍ ကန့်သတ်မထားသော ဤဆော့ဝဲလ်နှင့် ဝန်ဆောင်မှုကို အသုံးပြုသောအခါ အောက်ပါ မည်သည့် အရာများကိုမဆို မလုပ်ဆောင်နိုင်ပါ -
4.1.1    စော်ကားခြင်း၊ အပုပ်ချခြင်း၊ အကြမ်းဖက်ခြင်း သို့မဟုတ် ဘာသာရေး ချိုးဖောက်ခြင်း အစရှိသည်တို့ ကဲ့သို့သော လူမှုကျင့်ဝတ်များ၊ ဥပဒေနှင့် နည်းဥပဒေများ၊ မူဝါဒများ၊ လူထု ညွှန်ကြားချက်နှင့် ကောင်းမွန်သည့် ဓလေ့များကို ချိုးဖောက်သော အကြောင်းအရာများကို ထုတ်ပြန်ခြင်း၊ ကူးပြောင်းခြင်း၊ ဖြန့်ဝေခြင်း သို့မဟုတ် သိမ်းဆည်းခြင်း။ အခြားသူများအား အထင်အမြင်မှားစေရန်၊ လှည့်စားရန် ရည်ရွယ်ချက်ဖြင့် လုပ်ကြံ အချက်အလက် သို့မဟုတ် ကြေညာအချက်အလက်များကို ထုတ်ပြန်ခြင်း၊ ကူးပြောင်းခြင်း၊ ဖြန့်ဝေခြင်း သို့မဟုတ် သိမ်းဆည်းခြင်း။
4.1.2    ဤဆော့ဝဲလ်ကို ငှားရမ်းခြင်း၊ ချေးပေးခြင်း၊ ကူးယူခြင်း၊ ပြင်ဆင်ခြင်း၊ ချိတ်ဆက်ခြင်း၊ ပြန်ထုတ်ခြင်း၊ စုစည်းခြင်း၊ ထုတ်ပြန်ခြင်း သို့မဟုတ် ထုတ်ဝေခြင်းနှင့် အလားတူ လုပ်ရပ်များ၊
4.1.3    ဤဆော့ဝဲလ်ကို ဖောက်ခြင်း၊ တည်ဆောက်ပုံကို နောက်ပြန် ပွားယူခြင်း၊ တစ်စစီ လုပ်ခြင်း၊ စုစည်းမှုကို ဖျက်စီးခြင်း သို့မဟုတ် အခြားတစ်နည်း တစ်လမ်းအားဖြင့် ဖျက်ဆီးရန် အားထုတ်ခြင်း။ ပလပ်အင်၊ တက်အွန် သို့မဟုတ် TECNO မှ ခွင့်မပြုမထားသော ပြင်ပ အရာများ/ဝန်ဆောင်မှုများကို အသုံးပြု၍ ဤဆော့ဝဲလ်ကို ဝင်ရောက်ခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်း၊
4.1.4    ဆော့ဝဲလ်အချက်အလက်၊ ဆော့ဝဲလ်လည်ပတ်နေချိန်တွင် မည်သည့် တာမီနယ် မှတ်ဉာဏ်မဆိုမှ ထုတ်လုပ်သော အချက်အလက်၊ ဆော့ဝဲလ်လည်ပတ်နေချိန်တွင် ဖောက်သည်နှင့် ဆာဗာဘက်ခြမ်း၏ အပြန်အလှန် ဆက်သွယ်သည့် အချက်အလက်၊ ဆော့ဝဲလ် လည်ပတ်ရန်အတွက် လိုအပ်သော စနစ်အချက်အလက်၏ မည်သည့် ဆင့်ပွားခိုးယူသော လုပ်ဆောင်ချက်များကိုမဆို ဖန်တီးခြင်း သို့မဟုတ် ထိုအချက်အလက်များကို ကူးယူခြင်း၊ ပြင်ဆင်ခြင်း၊ ပေါင်းထည့်ခြင်း၊ ဖျက်ဆီးခြင်း၊ ထည့်သွင်းပုံစံဖြင့် လည်ပတ်ခြင်း သို့မဟုတ် ဆော့ဝဲလ်လည်ပတ်နေချိန်တွင် ဖြစ်ပေါ်လာသော အချက်အလက်နှင့် လမ်းညွှန်ချက်များကို ပြင်ဆင်ခြင်း သို့မဟုတ် ထုတ်လုပ်ခြင်းဖြင့် ဆော့ဝဲလ်၏ လုပ်ဆောင်ချက်များ သို့မဟုတ် လည်ပတ်ခြင်းကို သက်ရောက်စေသည်များကို ပေါင်းထည့်ခြင်း၊ ဖျက်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း သို့မဟုတ် စီးပွားဖြစ် ဖြစ်စေ အခြားနည်းလမ်းအားဖြင့် ဖြစ်စေ အထက်ပါ ရည်ရွယ်ချက်များအတွက် အသုံးပြုသော နည်းလမ်းနှင့် ဆော့ဝဲလ်ကို လည်ပတ်ခြင်း သို့မဟုတ် လူသိရှင်ကြား ပျံ့နှံ့စေခြင်း၊
4.1.5    TECNO မှ စာဖြင့် ခွင့်ပြု မထားသော ဥပဒေနှင့် နည်းဥပဒေများ၊ မူဝါဒများ၊ လူထု ညွှန်ကြားချက်နှင့် ကောင်းမွန်သည့် ဓလေ့များနှင့် လူမှုကျင့်ဝတ်များ သို့မဟုတ် ဆောင်ရွက်ချက်များကို ချိုးဖောက်သော အခြား အမှုကိစ္စများကို လုပ်ဆောင်ခြင်း။
4.2    You may not, and you agree not to or enable others to, copy သင်သည် TECNO ဆော့ဝဲလ် သို့မဟုတ် ထိုနေရာရှိ မည်သည့် အစိတ်အပိုင်းမဆိုမှ ပေးအပ်သော TECNO ဆော့ဝဲလ် သို့မဟုတ် မည်သည့် ဝန်ဆောင်မှုများမဆို၏ ဆင့်ပွားခိုးယူသော လုပ်ဆောင်ချက်များကို ဖော်ထုတ်ရန်၊ ပြင်ဆင်ရန် သို့မဟုတ် ဖန်တီးရန်၊ ၎င်းတို့၏ ရင်းမြစ်ကုတ်ကို ရယူရန် (ဤစာချုပ်ဖြင့် တိတိကျကျ ခွင့်ပြု သဘောတူထားသည်မှ လွဲ၍) ကူးယူခြင်း၊ စုစည်းမှုကို ဖျက်စီးခြင်း၊ တည်ဆောက်ပုံကို နောက်ပြန် ပွားယူခြင်း၊ တစ်စစီ လုပ်ခြင်း၊ အားထုတ်ခြင်းများကို သင့်အနေဖြင့် မလုပ်ဆောင်နိုင်ပါ၊ ၎င်းတို့ကို မလုပ်ဆောင်ရန် သဘောတူပါသည်၊ အခြားသူများကို လုပ်ဆောင်ခွင့်မပေးနိုင်ပါ (အထက်ဖော်ပြပါ မည်သည့် ကန့်သတ်ချက်မဆိုသည် TECNO ဆော့ဝဲလ်တွင် ပါဝင်နိုင်သော ပွင့်လင်းရင်းမြစ် အစိတ်အပိုင်းများအား အသုံးပြုခြင်းကို လွှမ်းမိုးသော သက်ဆိုင်ရာ ဥပဒေ သို့မဟုတ် လိုင်စင် စည်းကမ်းများဖြင့် တားမြစ်ထားသည့် အတိုင်းအတာအထိသာလျှင်နှင့် ၎င်းတို့မှ လွဲ၍)။ TECNO ဆော့ဝဲလ်အတွင်း ပါဝင်သော သို့မဟုတ် တွဲကပ်နေသော (ကုန်အမှတ်တံဆိပ်နှင့် မူပိုင်ခွင့် သတိပေးချက်များအပါအဝင်) မည်သည့် ပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် သတိပေးချက်များမဆိုအား ဖယ်ရှားခြင်း၊ ဖုံးခြင်း သို့မဟုတ် ပြောင်းလဲခြင်းများကို လုပ်ဆောင်ခြင်း မပြုရန် သဘောတူပါသည်။

5.    ဤဆော့ဝဲလ်နှင့် ဝန်ဆောင်မှု၏ အသုံးပြုမှုစည်းကမ်းများ
5.1    သင်သည် TECNO စက်ပစ္စည်းတစ်ခုကို အသုံးပြုရန် ရွေးချယ်သောအခါ ဤစာချုပ်တွင် ပြုဋ္ဌာန်းထားသော အခွင့်အရေးများနှင့် တာဝန်များကို သင့်အနေဖြင့် လိုက်နာမည်ဖြစ်ကြောင်း နားလည် သဘောတူပါသည်။
5.2    TECNO တွင် အမျိုးမျိုးသော စက်ပစ္စည်းများအတွက် ဆော့ဝဲလ်ဗားရှင်းမြောက်မြားစွာ ထုတ်လုပ်ထားနိုင်သောကြောင့် သင်သည် သင့်တော်သည့် ဆော့ဝဲလ်ကို ဒေါင်းလုတ်ချရန်အတွက် ရွေးချယ်သင့်ပြီး မှန်ကန်စွာ ထည့်သွင်းရန် အကြုံပြုချက်များကို လိုက်နာသင့်ပါသည်။
5.3    ဝန်ဆောင်မှုများကို အရည်အသွေးအကောင်းဆုံးနှင့် ဘေးကင်းလုံခြုံမှုအမြင့်ဆုံး ပေးအပ်နိုင်ရန် ဤဆော့ဝဲလ်ကို ထည့်သွင်းနေစဉ်အတွင်း TECNO အနေဖြင့် သင့်အား အခြား ဆော့ဝဲလ်ကို ထည့်သွင်းရန် အကြုံပြုနိုင်ပါသည်။ သင်သည် ၎င်းတို့ကို ထည့်သွင်းရန် သို့မဟုတ် မထည့်သွင်းရန် ရွေးချယ်နိုင်ပါသည်။
5.4    ကျွန်ုပ်တို့၏ စီးပွားရေး ဖွံ့ဖြိုးမှု အစီအစဉ်များ သို့မဟုတ် ဥပဒေ၊ ထိန်းချုပ်ရေးနှင့် ကြီးကြပ်ရေး အာဏာပိုင်းများ၏ လိုအပ်ချက်များအပေါ် အခြေပြု၍ TECNO သည် ဆော့ဝဲလ်နှင့် ဝန်ဆောင်မှုကို ဆိုင်းငံ့ထားနိုင်သည် သို့မဟုတ် ရပ်တန့်ထားနိုင်ပါသည်။ 
5.5    TECNO မှ စာရေးသားခွင့်ပြုချက်နှင့် သက်ဆိုင်ရာ ဥပဒေမှ ခွင့်ပြုချက်မရှိပါက သင်သည် TECNO ဆော့ဝဲလ်နှင့် ဝန်ဆောင်မှု အသုံးပြုခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် တင်ပို့ခြင်း သို့မဟုတ် ပြန်လည်တင်ပို့ခြင်းတို့ကို မပြုလုပ်နိုင်ပါ။

6.    ဤဆော့ဝဲလ်နှင့် ဝန်ဆောင်မှုကို သင့်အနေဖြင့် အသုံးပြုမှုအပေါ် ထည့်သွင်းစဉ်းစားရမည့် အချက်များ
6.1    သင် အပြည့်အဝ နားလည်ပြီး သဘောတူသည်မှာ - သင်သည် ဤဆော့ဝဲလ်၏ တိကျသော ဝန်ဆောင်မှုတစ်ခုကို အသုံးပြုသောအခါ သက်ဆိုင်ရာ ဖီချာများကို ရယူရန် သင့်စက်ပစ္စည်း၏ သင့်တော်သော ခွင့်ပြုချက်များနှင့် ကြားခံစနစ်များ လိုအပ်နိုင်ပါသည်။ သီးခြား သုံးစွဲသူ စာချုပ်သည်လည်း အချို့သော ဝန်ဆောင်မှုများအတွက် လိုအပ်နိုင်ပါသည်။ အထက်ဖော်ပြပါ သင့်လျော်သည့် စာချုပ်များနှင့် စည်းမျဉ်းများကို ဤဝန်ဆောင်မှု အသုံးမပြုခင်တွင် ဂရုတစိုက် ဖတ်ရှုပါ၊
6.2    ခွင့်ပြုချက်အတွက် အထောက်အမ၊ ကြေညာ အချက်အလက်နှင့် စျေးကွက်မြှင့်တင်ခြင်းဆိုင်ရာ အချက်အလက်များ ပါဝင်သော်လည်း ၎င်းတို့သာ ဟူ၍ ကန့်သတ်မထားသော ဤဝန်ဆောင်မှုကို ပေးအပ်သည့် ဖြစ်စဉ်အတွင်းတွင် TECNO သည် သင့်အား အချက်အလက် အမျိုးအစားအားလုံးကို ပြုသပိုင်ခွင့် ရှိပါသည်။ အချက်အလက်များသည် ခုန်ထွက် စာတို သို့မဟုတ် စနစ်စာတိုပုံစံများအဖြစ် ပေါ်လာ နိုင်ပါသည်။ သင်သည် အချို့သော အချက်အလက်များကို ရယူရန် သဘောမတူပါက သင့်လျော်သည့် ဝန်ဆောင်မှုကို ဖျက်သိမ်း နိုင်ပါသည်။ ၎င်းသည် နောက်ဆုံးတွင် သင့်လျော်သည့် ဝန်ဆောင်မှု လုပ်ဆောင်ချက်ကို မရရှိသည့် အဖြစ်သို့ ဦးတည်သွားနိုင်ပါသည်၊
6.3    သင် နားလည်ပြီး သဘောတူသည်မှာ - ဤဝန်ဆောင်မှုကို အသုံးပြုစဉ်အတွင်း သင်၏ အချက်အလက် သိုလှောင်မှု လုံခြုံရေးကို ကာကွယ်ရန် စီးပွားရေးအရ သင့်တော်သည့် အားထုတ်မှုများကို TECNO မှပြုလုပ်ပါလိမ့်မည်။ သို့သော်လည်း TECNO သည် အောက်ပါအခြေအနေတို့ ပါဝင်သော်လည်း ၎င်းတို့သာ ဟူ၍ ကန့်သတ်မထားသည့် ပြည့်စုံသော အာမခံချက်တစ်ခုကို မပေးစွမ်းနိုင်ပါ -
၆.၃.၁ ဥပဒေဖြင့် ကန့်သတ်ထားသော အမြင့်ဆုံး အခြေအနေတွင် TECNO သည် ဤဆော့ဝဲလ်နှင့် ဝန်ဆောင်မှုပါ သင့်လျော်သည့် အချက်အလက် သိုလှောက်မှု မအောင်မြင်ခြင်း သို့မဟုတ် သင့်မှ ဖျက်လိုက်ခြင်းအတွက် တာဝန်မယူပါ၊
၆.၃.၂ သင်သည် ဥပဒေအရ အခြားနည်းဖြင့် ခွင့်ပြု မထားသည် သို့မဟုတ် ထိမ်းသိမ်းကာလကို တိုးရန် သဘောမတူပါက TECNO သည် စီးပွားရေး ဖွံ့ဖြိုးမှုအတွက် လိုအပ်သော အနည်းဆုံး ထိန်းသိမ်းကာလအတိုင်း အချက်အလက်များကို ထိန်းသိမ်းပါလိမ့်မည်။ TECNO သည် TECNO စက်ပစ္စည်း သို့မဟုတ် ဤဆော့ဝဲလ်ရှိ အချက်အလက် အမြင့်ဆုံး သိုလှောင်ရန် နေရာလွတ်ကို ၎င်း၏ ဆုံးဖြတ်ပိုင်ခွင့်ဖြင့် ဆုံးဖြတ်နိုင်ခွင့်လည်း ရှိပါသည်။ သင်သည် သင်၏ ကိုယ်ပိုင်လိုအပ်ချက်များအတိုင်း သင့်ကိုယ်သင် ဤဆော့ဝဲလ်နှင့် ဝန်ဆောင်မှုရှိ သင့်လျော်သည့် အချက်အလက်များကို အရန် သိမ်းဆည်းထားနိုင်ပါသည်၊
6.4    သင်သည် ဤဝန်ဆောင်မှုကို အသုံးပြုသောအခါ ပြသသော တိကျသည့် အကြောင်းအရာသည် သင် အသုံးပြုသော ဆော့ဝဲလ်၏ ဗားရှင်း အပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ သင် နားလည်ပြီး သဘောတူသည်မှာ - သင်သည် ဤဆော့ဝဲလ်ဗားရှင်း တစ်မျိုးမျိုးကို အသုံးပြုနေသောအခါ သို့မဟုတ် TECNO မှ ထုတ်လုပ်သော အပလီကေးရှင်း၏ သင့်လျော်သော စာမျက်များကို ဝင်ရောက်သောအခါ သင့်အား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုအတွေ့အကြုံကို ပေးစွမ်းနိုင်ရန် သင့် တာမီနယ် စက်ပစ္စည်းပေါ်ရှိ ထည့်သွင်းသည့် အပလီကေးရှင်း၏ ထည့်သွင်းသည့်နေရာ၊ အရွယ်အစားနှင့် UI မျက်နှာပြင်များကဲ့သို့သော လိုအပ်သည့် အချက်အလက်များကို TECNO မှ ပေးအပ်သော မှန်ကန်သည့် ဗားရှင်းအပေါ်မူတည်၍ ချိန်ညှိနိုင်ပါသည်။
6.5    ဤဆော့ဝဲလ်ကို အသုံးပြုသော အခါတွင် သင်သည် အကောင့်တစ်ခုကို မှတ်ပုံတင်ရန် လိုအပ်ပါက သင်သည် မှတ်ပုံတင်သော အကောင့်အချက်အလက်နှင့် အကောင့် စကားဝှက် လုံခြုံရေးကို သင့်တော်စွာ ဆောင်ရွက်ရန် တာဝန်ရှိပြီး သင် ရေးသားသော အကြောင်းအရာအားလုံးနှင့် ၎င်းမှ ဖြစ်ပေါ်လာသော အကျိုးဆက်များအားလုံး အပါအဝင် TECNO စက်ပစ္စည်းတွင် သင် မှတ်ပုံတင် ထားသော အကောင့်အောက်တွင် ဖြစ်လာသော ဆောက်ရွက်ချက်များအားလုံးအတွက် သင့်တွင် တာဝန်ရှိပါလိမ့်မည်။
6.6    ဤဝန်ဆောင်မှုအသုံးပြုခြင်းဖြင့် သင် ရရှိနိုင်သော အကြောင်းအရာများကို သင့်ဘာသာသင် ဆုံးဖြတ်ရပါလိမ့်မည်ဖြစ်ပြီး အကြောင်းအရာများ၏ မှန်ကန်မှု၊ ပြည့်စုံမှု သို့မဟုတ် လက်တွေ့ကျမှုအပေါ် မှီခိုခြင်းမှ ဖြစ်ပေါ်လာသော ဖြစ်နိုင်ခြေ အန္တရာယ်များ အပါအဝင် ထိုအကြောင်းအရာများ အသုံးပြုခြင်းမှ ဖြစ်ပေါ်လာသော ဖြစ်နိုင်ခြေ အန္တရာယ်များကို တာဝန်ယူရပါမည်။ TECNO သည် အထက်ပါ ဖြစ်နိုင်ခြေ အန္တရာယ်ကြောင့် သင် ရရှိခံစားရသော မည်သည့် ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှုများ အတွက် မည်သည့် တာဝန်ကိုမှ ယူလိမ့်မည် မဟုတ်သကဲ့သို့  တာဝန် မခံနိုင်ပါ။
6.7    သင်သည် ဤစာချုပ်၏ စည်းကမ်းများကို ချိုးဖောက်သည်ဟု အခြားသူများထံမှ တိုင်ကြားချက်တစ်ရပ်ကို TECNO မှ တွေ့ရှိပါက သို့မဟုတ် လက်ခံရရှိပါက TECNO သတိပေးခြင်း မရှိဘဲ အချိန်မရွေး သက်ဆိုင်ရာ အကြောင်းအရာများကို ဖျက်ရန်နှင့် ကာကွယ်ရန်၊ သက်ဆိုင်ရာ TECNO သို့မဟုတ် ဝန်ဆောင်မှုအားလုံး အသုံးပြုခြင်းကို ဆိုင်းငံ့ရန် သို့မဟုတ် ဖျက်သိမ်းရန်၊ ဥပဒေအရာ တာဝန်ရှိမှုကို စုံစမ်းရန်နှင့် အခြား လုပ်ဆောင်ဖွယ်များကို လုပ်ရန် အခွင့်အရေးရှိပါလိမ့်မည်။ သင်သည် ဤစာချုပ်ပါ မည်သည့် စည်းကမ်းချက်များကိုမဆို ချိုးဖောက်ပါက (ဖြစ်နိုင်သော စီမံရေးဆိုင်ရာ ပြစ်ဒဏ်များ၊ ရှေ့နေခနှင့် စုံစမ်းစစ်ဆေးခြင်းနှင့် သက်သေ စုဆောင်းခများအပါအဝင် ဖြစ်သော်လည်း ၎င်းတို့သာ ဟူ၍ ကန့်သတ်မထားသော) ၎င်းမှ ဖြစ်ပေါ်လာသော TECNO မှ ခံစားရသော မည်သည့် ဆုံးရှုံးမှုများအတွက်မဆို TECNO ကို လျော်ကြေး ပေးရပါမည်ဖြစ်ပြီး ၎င်းမှ ပေါ်ပေါက်လာသော တာဝန်များအားလုံးကို လုံးဝ တာဝန်ခံရပါလိမ့်မည်။

7.    ဤစာချုပ် ပြင်ဆင်မှုများ
သင့်လျော်သော ဝန်ဆောင်မှုကို သင့်အား ပိုမိုကောင်းမွန်အောင် ပေးစွမ်းနိုင်ရန်နှင့် ဤဆော့ဝဲလ်၏ လုံခြုံမှုကို အာမခံရန် ကျွန်ုပ်သည် (ဆော့ဝဲလ် ပြင်ဆင်ခြင်း၊ ဆော့ဝဲလ်အဆင့်မြှင့်ခြင်း၊ လုပ်ဆောင်ချက် တစ်စိတ်တစ်ပိုင်း ပိတ်ပင်ခြင်း၊ လုပ်ဆောင်ချက် ပိုကောင်းအောင် ဆောင်ရွက်ခြင်း၊ ဝန်ဆောင်မှုအသစ် ထုတ်လုပ်ခြင်း၊ ဆော့ဝဲလ်အစားထိုးခြင်းနှင့် လုပ်ဆောင်ချက် ကောင်းမွန်အောင် ဆောင်ရွက်ခြင်းတို့ အပါအဝင်ဖြစ်သော်လည်း ၎င်းတို့သာ ဖြစ်သည်ဟု ကန့်သတ်မထားသော) ဤဆော့ဝဲလ်နှင့် သင်လျော်သည့် ဝန်ဆောင်မှုများကို အချိန်နှင့်အမျှ အဆင့်မြှင့်တင်နိုင်ပါသည်။  သင်သည် သင့်လိုအပ်ချက်များအပေါ် မူတည်ပြီး ကိုက်ညီသည့် ဗားရှင်းသို့ အဆင့်မြှင့်တင်လိုခြင်း ရှိမရှိ ရွေးချယ်နိုင်ပါသည်။ TECNO စက်ပစ္စည်းမှ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုတစ်ခုကို သင့်အနေဖြင့် ရရှိခံစားနိုင်စေရန် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ဤဆော့ဝဲလ်သည် အလိုအလျောက်အဆင့်မြှင့်တင်ခြင်းလုပ်ဆောင်ချက်ကို သင့်အတွက် ပုံသေ ဖွင့်ထားနိုင်ပါသည်။ သင်သည် ဆော့ဝဲလ်ဆက်တင်ရှိ ဤလုပ်ဆောင်ချက်ကို ဖွင့်မဖွင့် ရွေးချယ်နိုင်ပါသည်။ ထိုကဲ့သို့ အဆင့်မြှင့်တင်သည့် ဖြစ်ရပ်များတွင် ကျွန်ုပ်တို့သည် (စနစ်သတိပေးချက်များ၊ ဆိုက်စာတိုများ၊ ကြေညာချက်များ၊ အပလီကေးရှင်းစတိုး အဆင့်မြှင့်တင်မှု သတိပေးချက်များ စသည်တို့ အပါအဝင်ဖြစ်သော်လည်း ၎င်းတို့သာ ဖြစ်သည်ဟု ကန့်သတ်မထားသော) သင့်တော်သည့် လုပ်ဆောင်ချက်များဖြင့် သင့်အား သတိပေးလိမ့်မည်ဖြစ်ပြီး သင့်တွင် အဆင့်မြှင့်တင်ထားသော ဗားရှင်းကို လက်ခံလိုခြင်း ရှိမရှိ ရွေးချယ်နိုင်ခွင့်ရှိပါသည်။ နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်တင်ခြင်းသည် သင်၏ သုံးစွဲသူ အတွေ့အကြုံကို တိုးတက်စေနိုင်ပါသည်။ သင်သည် TECNO မှ ပေးအပ်သော အဆင့်မြှင့်တင်ထားသည့် ဗားရှင်းကို လက်ခံလိုခြင်း မရှိကြောင်း ဆုံးဖြတ်ပါက သင်သည် ဆော့ဝဲလ်ကို လုံခြုံရေးဆိုင်ရာ ပြင်းထန်သည့် အန္တရာယ်အောက်တွင် ထားရှိသည် သို့မဟုတ်  ဆော့ဝဲလ်ကို အသုံးမပြုနိုင်စေရန် ဖြစ်စေသည် သို့မဟုတ် မတည်မငြိမ် ဖြစ်စေနိုင်ပါသည် ဖြစ်ကြောင်းကို သင့်အနေဖြင့် နားလည်ပါသည်။ ဆော့ဝဲလ်ကို အဆင့်မမြှင့်တင်ခြင်းသည် ဆော့ဝဲလ်၏ လုပ်ဆောင်ချက်အချို့ကို ကန့်သတ်စေနိုင်ပါသည် သို့မဟုတ် မတည်မငြိမ် ဖြစ်စေနိုင်ပါသည်။

8.    ပြင်ပမှ ပေးအပ်သော ဆော့ဝဲလ်နှင့် ဝန်ဆောင်မှုများ
8.1    သင်၏ TECNO စက်ပစ္စည်း အသုံးပြုခြင်းကို လွယ်ကူစေရန် ဤဆော့ဝဲလ် သို့မဟုတ် ဤဝန်ဆောင်မှုသည် ပြင်ပ ဆော့ဝဲလ် or ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရနိုင်ပြီး ထိုကဲ့သို့ အသုံးပြုခြင်းနှင့် ဝင်ရောက်ခြင်း၏ ရလဒ်များကို (TECNO ၏ ပွင့်လင်း ပလက်ဖောင်းမှတစ်ဆင့် ဆိုခဲ့ပြီးသော ပြင်ပအဖွဲ့အစည်းမှ ဝင်ရောက်သော သို့မဟုတ် ဤဆော့ဝဲလ်၊ ဤဝန်ဆောင်မှုမှတစ်ဆင့် သင် ကျော်လွှားသွားသော ပြင်ပအဖွဲ့အစည်းမှ ပေးအပ်သော ဝန်ဆောင်မှုနှင့် အကြောင်းအရာတို့ အပါအဝင်ဖြစ်သော်လည်း ၎င်းတို့သာ ဖြစ်သည်ဟု ကန့်သတ်မထားသော) ပြင်ပ အဖွဲ့အစည်းမှ ပေးအပ်ပါသည်။ ဤစာချုပ်ပါ စည်းကမ်းချက်များအပြင် သင်သည် TECNO စက်ပစ္စည်းပေါ်တွင် ပြင်ပ အဖွဲ့အစည်းများမှ ပေးအပ်သော ဆော့ဝဲလ် သို့မဟုတ် ဝန်ဆောင်မှုများ အသုံးပြုခြင်းဖြင့် ပြင်ပအဖွဲ့အစည်းများ၏ သုံးစွဲသူဆိုင်ရာ စာချုပ်များကို လိုက်နာပါသည်။ TECNO သည် ပြင်ပအဖွဲ့အစည်းမှ ပေးအပ်သော ဝန်ဆောင်မှုများနှင့် အကြောင်းအရာများ၏ လုံခြုံရေး၊ တိကျမှုနှင့် ခိုင်မာမှုများနှင့် အခြား မသေချာသော ဘေးအန္တရာယ်များကို အာမ မခံနိုင်ပါ။ သင်သည် ၎င်းမှ ဖြစ်ပေါ်လာသော သင့်လျောသည့် ဘေးအန္တရာယ်များနှင့် တာဝန်များကို လုံးဝ ယူရပါလိမ့်မည်။
8.2    ပြင်ပ ဆော့ဝဲလ် သို့မဟုတ် ဝန်ဆောင်မှုများကို TECNO စက်ပစ္စည်းပေါ်တွင် ကြိုတင် ထည့်သွင်းခြင်း သို့မဟုတ် သင့်ဘာသာ သက်ဝင်အောင် ဆောင်ခြင်း သို့မဟုတ် မှာကြားခြင်း ရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ TECNO သည် ပြင်ပအဖွဲ့အစည်းမှ ပေးအပ်သော ဝန်ဆောင်မှုများနှင့် အကြောင်းအရာများ၏ လုံခြုံရေး၊ တိကျမှုနှင့် ခိုင်မာမှုများနှင့် အခြား မသေချာသော အန္တရာယ်များနှင့် သက်ဆိုင်သော အလုံးစုံ ဖော်ပြထားသည့် သို့မဟုတ် သွယ်ဝိုက်ညွှန်းဆိုထားသည့် အာမခံများကို မသက်ဆိုင်ကြောင်း ငြင်းဆိုထားကြောင်း သင့်အနေဖြင့် နားလည် သဘောတူပါသည်။ 
8.3    သင်နှင့် အထက်ပါ ပြင်ပ ဆော့ဝဲလ်နှင့် ဝန်ဆောင်မှုများအကြား မည်သည့် အငြင်းပွားမှုမဆိုကို တစ်စုံတစ်ရာ ရှိပါက သင့်လျော်သည့် တာဝန်များကို ယူရမည်ဖြစ်သော သင်နှင့် အဆိုပါ ပြင်ပအဖွဲ့အစည်းမှ ဖြေရှင်းရလိမ့်မည် ဖြစ်သည်။

9.    ဝန်ဆောင်ခများနှင့် ကြော်ငြာများ
ဤဆော့ဝဲလ်နှင့် ဝန်ဆောင်မှုသည် လက်ရှိတွင် သင့်အား အခမဲ့ ပေးကမ်းသော်လည်း ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အစဉ်မပြတ် ပြန်လည်ဆန်းသစ်လာသည်နှင့်အမျှ ကျွန်ုပ်တို့သည် TECNO မှ ပေးအပ်သော ဆော့ဝဲလ် သို့မဟုတ် ဝန်ဆောင်မှု၏ အချို့သော အပိုင်းများအတွက် ငွေပေးချေရန် လိုအပ်ကောင်းလိုအပ်နိုင်ကြောင်း သင့်အနေဖြင့် နားလည်ပြီး သဘောတူပါသည်။ အနာဂါတ် ဝန်ဆောင်မှုများတွင် အခမဲ့ ဖီချာများနှင့် လုပ်ဆောင်ချက်များကို ထည့်သွင်းနိုင်ခွင့်သည် TECNO တွင် ရှိပါသည်။ TECNO သည် TECNO ဆော့ဝဲလ်နှင့် ဝန်ဆောင်မှုနှင့် ဆက်စပ်၍ သင့်အား ကြော်ငြာများ ပြသနိုင်ခွင့်လည်း ရှိပါသည်။ ကျွန်ုပ်တို့သည် ဤဆော့ဝဲလ်ရှိ မည်သည့် အခပေး ဆော့ဝဲလ်နှင့် ဝန်ဆောင်မှုရှိလာပါက အသုံးမပြုခင်တွင် သင့်အား ရှင်းလင်းစွာ သတိပေးပါလိမ့်မည်။ သင်သည် ထိုအခပေး ဆော့ဝဲလ် သို့မဟုတ် ဝန်ဆောင်မှုကို လက်ခံမခံ သို့မဟုတ် အသုံးပြုမပြု ရွေးချယ်နိုင်ပါသည်။ ထိုအချိန်တွင် (ဝန်ဆောင်ခနှုန်း၊ ငွေပေးချေမှုစည်းကမ်းများနှင့် ဝန်ဆောင်မှု စည်းမျဉ်းတို့ အပါအဝင်ဖြစ်သော်လည်း ၎င်းတို့သာ ဖြစ်သည်ဟု ကန့်သတ်မထားသော) ကျွန်ုပ်တို့၏ လမ်းညွှန်ချက်များနှင့်အညီ ဤကဲ့သို့သော အခပေး ဆော့ဝဲလ် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုပါ။ သင်သည် သင့်လျော်သည့် စည်းမျဉ်းများကို အပြည့်အဝ သဘောတူညီပြီး ကျသင့်ငွေကို ပေးချေလိုသည်နှင့် အဆိုပါ အခပေး ဆော့ဝဲလ်နှင့် ဝန်ဆောင်မှုများကို သင်အသုံးပြုနိုင်ပါသည်။
ဤဆော့ဝဲလ်နှင့် ဝန်ဆောင်မှုကို ကျွန်ုပ်တို့ အသုံးပြုခြင်းသည် သင့် စက်ပစ္စည်း၊ ကွန်ရက်ဆွဲအား၊ အဝင်အထွက်နှင့် အခြားရင်းမြစ်များကို အသုံးပြုပါလိမ့်မည်။ TECNO စက်ပစ္စည်းတစ်ခု ဝယ်ယူခြင်း၊ ,အင်တာနက် အသုံးပြုခ၊ စာတိုကုန်ကျငွေများနှင့် ဆော့ဝဲလ်၏ တန်ဖိုးထပ်ပေါင်း ဝန်ဆောင်မှုများအတွက် ငွေပေးချေမှု စသည့် အထက်ပါ ရင်းမြစ်များအတွက် ကျသင့်ငွေများကို သင့်ဘာသာ ကျခံရပါလိမ့်မည်။

10.    ကိုယ်ရေးလုံခြုံမှု မူဝါဒ
သင်သည် TECNO စက်ပစ္စည်း၊ ဆော့ဝဲလ်နှင့် ဝန်ဆောင်မှုများ အသုံးပြုသောအခါ TECNO သည် သင့်အား ဝန်ဆောင်မှုများ ပေးအပ်ရန် ကိုယ်ရေးအချက်အလက်ကို ရယူရန် လိုအပ်နိုင်ပါသည်။ TECNO သည် သင်၏ ကိုယ်ရေးအချက်အလက်ကာကွယ်ရေးကို အထူးအလေး ဂရုပြုပြီး သင်၏ ကိုယ်ရေးအချက်အလက်များကို TECNO မှ ရယူ၊ အသုံးပြု၊ သိုလှောင်၊ ကူးပြောင်း၊ ထုတ်ဖော်သည့် နည်းလမ်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို ဖော်ပြထားသော TECNO ကိုယ်ရေးလုံခြုံမှု မူဝါဒ  ကို ရေးဆွဲထားပြီး ဖြစ်ပါသည်။ ဝန်ဆောင်မှုများကို ဒေါင်းလုတ်ဆွဲခြင်း၊ ထည့်သွင်းခြင်း သို့မဟုတ် အသုံးပြုခြင်းဖြင့် သင်သည် ဤစာချုပ်နှင့် ၎င်း၏ ကိုယ်ရေးလုံခြုံမှု မူဝါဒပါ စည်းကမ်းချက်များကို လိုက်နာရန် သဘောတူပါသည်။ TECNO သည် သင်၏ ကိုယ်ရေး လုံခြုံမှုကို ဤကိုယ်ရေးလုံခြုံမှု မူဝါဒနှင့်အညီ ကာကွယ်ပေးပါလိမ့်မည်။ 

11.    စာချုပ် အဆုံးသတ်ခြင်းနှင့် ဖောက်ဖျက်ခြင်း
သင်၏ အပြုအမူသည် ဤစာချုပ်နှင့် ကိုက်ညီမှု ရှိမရှိ ဆုံးဖြတ်ခွင့်သည် TECNO တွင် ရှိပါသည်။ သင်သည် သင့်လျော်သည့် ဥပဒေများနှင့် နည်းဥပဒေများကို ချိုးဖောက်သည်ဟု ယူဆပါက သို့မဟုတ် ဤစာချုပ်၏ မည်သည့် စည်းကမ်းနှင့် သတ်မှတ်ချက်များမဆို သို့မဟုတ် ဆက်စပ် စည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ပါက သင်၏ ချိုးဖောက်မှု ပြင်းထန်မှုအပေါ်မူတည်၍ TECNO နှင့် ၎င်း၏ လိုင်စင်ပေးထားသူများသည် ချိုးဖောက်နေသည့် အကြောင်းအရာများကို ဖျက်ခွင့်၊ TECNO ဆော့ဝဲလ်နှင့် ဝန်ဆောင်မှုများအား သင့်အနေဖြင့် အသုံးပြုနေမှုကို သတိပေးခြင်းမရှိဘဲ ကန့်သတ်ခွင့်၊ ဆိုင်းငံခွင့် သို့မဟုတ် အဆုံးသတ်ပိုင်ခွင့်နှင့် TECNO မှ သင့်တော်သည်ဟု ယူဆသော အခြား အရေးယူဆောင်ရွက်ချက်များ ပြုလုပ်ပိုင်ခွင့် ရှိပါသည်။ သင်သည် သင်၏ မလိုက်နာမှု အပြုအမူအတွက် တာဝန် ယူရပါလိမ့်မည်။ အဆုံးသတ်ပြီးပါက သင်သည် ဤဆော့ဝဲလ်နှင့် ဝန်ဆောင်မှု အသုံးပြုခြင်းကို ရပ်တန့်ရမည် ဖြစ်ပြီး သင်၏ TECNO စက်ပစ္စည်းပေါ်တွင် ကူးယူပြီး သို့မဟုတ် ထည့်သွင်းပြီးသော ဆော့ဝဲလ်များအားလုံးနှင့် ဆက်စပ် အရာများအားလုံး ချက်ခြင်း ဖျက်သိမ်းပါလိမ့်မည်။ 

12.    လျော်ကြေးပေးခြင်း
သင်သည် (i) သင် သို့မဟုတ် မည်သည့်လူပုဂ္ဂိုလ်မဆိုမှ TECNO ဝန်ဆောင်မှုများတွင် ပေါ်လာသည့် ဤစာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ မဟုတ်သော TECNO ဝန်ဆောင်မှုများ သို့မဟုတ် ထုတ်ကုန်များကို မည်သည့်နည်းဖြင့်မဆို အသုံးပြုခြင်း၊ (ii) TECNO ဝန်ဆောင်မှုများကို အသုံးပြုရန် သင့်အနေဖြင့် ခွင့်ပြုသည့် သင် သို့မဟုတ် မည်သည့်လူပုဂ္ဂိုလ်မဆိုမှ ကျူးလွန်သော ဤစာချုပ်ကို မည်သည့်နည်းဖြင့်မဆို ချိုးဖောက်ခြင်း သို့မဟုတ် (iii) TECNO ဝန်ဆောင်မှုများတွင် ပေါ်လာသော TECNO ဝန်ဆောင်မှုများ သို့မဟုတ် ထုတ်ကုန်များကို အသုံးပြုရန် သင့်အနေဖြင့်် ခွင့်ပြုသော သင် သို့မဟုတ် မည်သည့်လူပုဂ္ဂိုလ်မဆိုမှ ကျူးလွန်သော ဥပဒေများ၊ နည်းဥပဒေများ သို့မဟုတ် ပြင်ပအဖွဲ့အစည်း၏ အခွင့်အရေးများကို မည်သည့်နည်းနှင့်မဆို ချိုးဖောက်ခြင်းမှ ပေါ်ထွက်လာသော ပြင်ပအဖွဲ့အစည်း တောင်းခံချက်များ၊ လုပ်ဆောင်ချက်များ၊ ပေးဆပ်ရန် တာဝန်များ၊ ဆုံးရှုံးမှုများ၊ ပျက်စီးမှုများ၊ စီရင်ချက်များ၊ ကုန်ကျစရိတ်များနှင့် ကျိုးကြောင်းညီသည့် ရှေ့နေခ အပါအဝင် အသုံးစရိတ်များ (အားလုံးကို စုစည်းလျက် “တောင်းဆိုချက်များ” ဟု သုံးပါမည်) မှလည်းကောင်း ၎င်းတို့ကို ဆန့်ကျင်လျက်လည်းကောင်း TECNO ၏ ကိုယ်စား ဆောင်ရွက်သည့် TECNO ၊ ၎င်း၏ မိခင်၊ မိတ်ဖက်နှင့် တွဲဖက် ကုမ္ပဏီများနှင့် ၎င်းမှ အရာရှိများ၊ ဒါရိုက်တာများ၊ အေးဂျင့်များနှင့် ဝန်ထမ်းများနှင့် မည်သည့် အဖွဲ့အစည်းမဆိုအား လျော်ကြေးပေးခြင်း၊ ထုတ်ပြန်ခြင်းနှင့် အန္တရာယ်ကင်းအောင် ဆောင်ရွက်ခြင်းကို လုပ်ဆောင်ရပါလိမ့်မည်။

13.    မသက်ဆိုင်ကြောင်းရှင်းလင်းချက်များ
13.1    အာမခံများ၏ မသက်ဆိုင်ကြောင်းရှင်းလင်းချက်များ။ ဥပဒေမှ ခွင့်ပြုသော အမြင့်ဆုံး အတိုင်းအတာအထိ TECNO ဆော့ဝဲလ်နှင့် ဝန်ဆောင်မှုများကို ဤဆော့ဝဲလ်နှင့် ဝန်ဆောင်မှုနှင့် ပတ်သက်၍ အရာအားလုံး၊ ရောင်းဝယ်နိုင်စွမ်း၊ ရည်ရွယ်ချက်တစ်ခုအတွက် သင့်တော်ခြင်း၊ တုံ့ပြန်ချက်များ၏ တိကျမှု သို့မဟုတ် ပြည့်စုံမှု၊ ရလဒ်များ၊ ကျွမ်းကျင်နိုင်နှင်းသော အားထုတ်မှု၊ ဗိုင်းရပ်စ်ကင်းမှုနှင့် ပေါ့ဆမှု ကင်းမဲ့ခြင်း၏ (တစ်စုံတစ်ရာ ရှိပါက) သွယ်ဝိုက်ညွှန်းဆိုသော အာမခံများ၊ အကောက်အခွန်များ သို့မဟုတ် အခြေအနေများအပါအဝင် ဖော်ပြထားသော၊ သွယ်ဝိုက်ညွှန်းဆိုသော သို့မဟုတ် ပြဋ္ဌာန်းထားသော မည်သည့် အမျိုးအစား သို့မဟုတ် သဘာဝရှိသည့် မည်သည့် အာမခံများများ မပါဘဲ “ထိုကဲ့သို့” နှင့် “ရရှိနိုင်သကဲ့သို့” ဖြင့် ပေးအပ်ပါသည်။
13.2    ဤဆော့ဝဲလ်တွင် သင်၏ ကိုယ်ရေးအချက်အလက်များကို ရယူရန် သို့မဟုတ် သင်၏ စက်ပစ္စည်း အချက်အလက်များကို ဖျက်ဆီးရန် ပုံစံထုတ်ထားသော အန္တရာယ်ရှိသော မည်သည့် ကုတ်တစ်မှ မပါရှိပါ။ TECNO သည် ဤဆော့ဝဲလ်နှင့် ဝန်ဆောင်မှု၏ လုံခြုံရေး၊ ချက်ခြင်း၊ ထိရောက်၊ တိကျ၊ အားထားဖွယ်နှင့် ဆက်တိုက် လည်ပတ်နိုင်ခြင်း ကောင်းစွာ ရှိစေရန် အစွမ်းကုန် လုပ်ဆောင် ပါလိမ့်မည်။ သို့သော်လည်း လက်ရှိ နည်းပညာ၏ ကန့်သတ်ချက်များဖြင့် ဤဆော့ဝဲလ်နှင့် ဆက်စပ် ဝန်ဆောင်မှုကို အမျိုးမျိုးသော မတည်ငြိမ်သည့် အချက်များဖြင့် ထိခိုက်စေနိုင်ပြီး TECNO သည် ဆော့ဝဲလ်အနေဖြင့် ဆော့ဝဲလ်နှင့် ဟာ့ဝဲလ်စနစ်များအားလုံးနှင့် ကိုက်ညီမည် သို့မဟုတ် အမှားအယွင်း ကင်းမည်၊ ရပ်တန့်ခြင်းမရှိဘဲ လည်ပတ်နိုင်လိမ့်မည်ဖြစ်ကြောင်း သို့မဟုတ်  ဆော့ဝဲလ် သို့မဟုတ် ဆက်စပ် ဝန်ဆောင်မှုရှိ မည်သည့် မှားယွင်းမှုများကိုမဆို ပြင်ဆင်နိုင်ကြောင်း အာမခံချက် သို့မဟုတ် ကိုယ်စားပြုမှု မပေးနိုင်ပါ။ မကိုက်ညီမှု သို့မဟုတ် ဆော့ဝဲလ် အလုပ်မလုပ်ခြင်းကဲ့သို့သော အခြေအနေများ တွေ့ကြုံပါက နည်းပညာ အထောက်အပံ့အတွက် ကျွန်ုပ်တို့အား ဆက်သွယ်ပေးပါ။ မကိုက်ညီမှုဆိုင်ရာ ပြဿနာကို မဖြေရှင်းနိုင်ပါက သင်သည် ဤဆော့ဝဲလ်ကို ဖျက်ပစ်နိုင်ပါသည်။ သက်ဆိုင်ရာ ဥပဒေမှာ အမြင့်ဆုံး ခွင့်ပြုထားသော အတိုင်းအတာအတွင်း TECNO သည် ဤနေတွင် ပါရှိသည့် သင်၏ မည်သည့် ဆုံးရှုံးမှုမဆိုမှ ကင်းလွတ်ခွင့်ရပါသည်။ 

14.    တာဝန်ဝတ္တရားကန့်သတ်ချက်များ
သက်ဆိုင်ရာ ဥပဒေဖြင့် မပိတ်ပင်ထားသည့် အတိုင်းအတာအထိ မည်သည့် ဖြစ်ရပ်တွင် မဆို TECNO ၊ ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများ၊ အကြီးတန်း စီမံခန့်ခွဲရေး၊ ဒါရိုက်တာများ၊ ဝန်ထမ်းများ သို့မဟုတ် အေးဂျင့်များသည် တာဝန် သဘောတရား (စာချုပ်၊ တရားမနစ်နာမှု သို့မဟုတ် အခြားနည်းလမ်း) ကို ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ ထိခိုက်မှုများသည် TECNO ကြောင့် ဖြစ်နိုင်ခဲ့လျှင်ပင် ဖြစ်ပျက်သော အောက်ပါအကြောင်းရင်း များကြောင့် ဖြစ်ပေါ်လာသော အကျိုးအမြတ် ဆုံးရှုံးမှုအတွက် ထိခိုက်မှုများ၊ စိတ်စေတနာ၊ အသုံးပြုမှု၊ အချက်အလက်၊ စီးပွားရေး အနှောင့်အအယှက် သို့မဟုတ် အခြား မည်သည့် လက်ဆုပ်လက်ကိုင် မပြုနိုင်သော ထိခိုက်မှုများ သို့မဟုတ် ဆုံးရှုံးမှုများ အပါအဝင်ဖြစ်သော်လည်း ၎င်းတို့သာ ဖြစ်သည်ဟု ကန့်သတ်မထားသော မည်သည့် တိုက်ရိုက်၊ သွယ်ဝိုက်၊ မတော်တဆ၊ အထူး၊ အကျိုးဆက် သို့မဟုတ် စံပြ ထိခိုက်ပျက်စီးမှုများအတွက်မဆို တာဝန်မရှိပါ - (i) သင်၏ အသုံးပြုမှု သို့မဟုတ် ဝန်ဆောင်မှု အသုံးမပြုနိုင်ခြင်း၊ (ii) သင်၏ ကူးပြောင်းခြင်းများ သို့မဟုတ် အချက်အလက်၏ ပြောင်းလဲခြင်း သို့မဟုတ် ဝင်ရောက်ခွင့်မပြုမှု၊ (iii) ဝန်ဆောင်မှုမှတစ်ဆင့် သို့မဟုတ် သင်၏ ကူးပြောင်းခြင်းများ သို့မဟုတ် အချက်အလက် အသုံးမပြုနိုင်ခြင်း၊ ဖျက်ပစ်ခြင်း သို့မဟုတ် ပျက်စီးခြင်း၊ (iv) ဝန်ဆောင်မှုပေါ်တွင် မည်သည့် ပြင်ပအဖွဲ့အစည်း၏ ထုတ်ပြန်ချက်များ သို့မဟုတ် လုပ်ဆောင်ချက်များနှင့် (v) ဝန်ဆောင်မှုနှင့် ဆက်စပ်သော မည်သည့် အခြား ကိစ္စမဆို။ အချို့သော တရားစီရင်ပိုင်ခွင့် နယ်ပယ်များသည် ထိခိုက်ဒဏ်ရာရမှုအတွက် သို့မဟုတ် မတော်တဆ သို့မဟုတ် အကျိုးဆက်ကြောင့် ထိခိုက် ပျက်စီးမှုများ၏ တာဝန်ဝတ္တရား အကန့်အသတ် သို့မဟုတ် ချန်လှပ်ထားမှုများကို ခွင့်မပြုပါ။ ထို့ကြောင့် ဤကန့်သတ်ချက်သည် သင့်အား မသက်ရောက်နိုင်ပါ။ 
တစ်ချိန်ထဲမှာပင် သင်၏ ဆုံးရှုံးမှုများအားလုံးအတွက် TECNO ၏ အမြင့်ဆုံး လျော်ကြေးသည် တောင်းဆိုမှုကို စတင်သည့် ရက်စွဲမှ ၁၂ လ အတွင်း သက်ဆိုင်ရာ TECNO စက်ပစ္စည်း၊ (အခပေး ဝန်ဆောင်မှု ပါဝင်ပါက) ဆော့ဝဲလ် သို့မဟုတ် ဝန်ဆောင်မှုများ အသုံးပြုခြင်း/ဝယ်ယူခြင်း အတွက် သင် ပေးချေရသော ပမာဏထက် မကျော်လွန်ပါ။ သင့်ဒေသတွင်းရှိ ဥပဒေသည် စာချုပ်တစ်ခုမှတစ်ဆင့် တာဝန်ဝတ္တရား ကန့်သတ်ချက်များကို ခွင့်မပြုပါက ထိုကဲ့သို့သော ဖြစ်ရပ်များတွင် သက်ဆိုင်ရာ ဥပဒေများနှင့် နည်းဥပဒေများသည် သက်ရောက်နိုင်ပါသည်။

15.    လွှမ်းမိုးသော ဥပဒေများနှင့် အငြင်းပွားမှု ဖြေရှင်းခြင်း
15.1    လွှမ်းမိုးသော ဥပဒေများ။ ဤစာချုပ်၏ အကောင်အထည်ဖော်မှု၊ လုပ်ဆောင်ချက်၊ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ပြင်ဆင်ချက်နှင့် အငြင်းပွားမှု ဖြေရှင်းခြင်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဟောင်ကောင် အထူး အုပ်ချုပ်ရေးဒေသမှ ၎င်း၏ ဥပဒေ ပဋိပက္ခ ပြဋ္ဌာန်းချက်များကို ချွင်းချက်ထားခြင်းဖြင့် လွှမ်းမိုးပါသည်။ ဤစာချုပ်ကို ဟောင်ကောင်တွင် လက်မှတ်ထိုးကြောင်း သင့်အနေဖြင့် သဘောတူပါသည်။
15.2    စီရင်ဆုံးဖြတ်ခြင်း။ ဤစာချုပ်အပေါ် မူတည်၍ သင်နှင့် TECNO အကြား မည်သည့် အငြင်းပွားမှု သို့မဟုတ် မကျေနပ်မှုမဆိုကို ရင်းနှီးစွာ ညှိနှိုင်းခြင်းမှတစ်ဆင့် ဦးစွာ ဖြေရှင်းပါလိမ့်မည်။ ရင်းနှီးစွာ ညှိနှိုင်းခြင်းမှတစ်ဆင့် အဖြေတစ်ခုကို မရရှိနိုင်ပါက TECNO ဝန်ဆောင်မှုများနှင့် မည်သည့်နည်းဖြင့်မဆို ချိတ်ဆက်သော သို့မဟုတ် ဆက်စပ်နေသော ၎င်းမှ ထွက်ပေါ်လာသော  TECNO မည်သည့် အဖွဲ့အစည်းမဆို၏ ဒါရိုက်တာများ၊ အေးဂျင့်များနှင့် ဝန်ထမ်းများနှင့် TECNO ၏ မည်သည့် အဖွဲ့အစည်းမဆိုအား သင့်အနေဖြင့် ဆန့်ကျင်သော (စာချုပ်ဖြင့် ဖြစ်စေ၊ တရားမနစ်နာမှုဖြင့် ဖြစ်စေ အခြားတစ်နည်းနည်း ဖြင့်ဖြစ်စေ ဖြစ်လာသော) မည်သည့် တောင်းဆိုချက်၊ အငြင်းပွားမှု သို့မဟုတ် မကျေနပ်မှုမဆိုသည် ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ စီရင်ဆုံးဖြတ်မှုစင်တာ (HKIAC) ၏ စည်းမျဉ်းများ နှင့်အညီ ခုံသမာဓိ (၁) တစ်ဦး မရှိခင်တွင် HKIAC သို့ တင်သွင်းနိုင်ပါသည်။ စီရင်ဆုံးဖြတ်မှုသည် ဟောင်ကောင်၊ တရုတ်ပြည်တို့တွင် ဆောင်ရွက်မည်ဖြစ်ပြီး စီရင်ဆုံးဖြတ်မှုအတွက် မှတ်တမ်းများနှင့် အသနားခံမှုအားလုံးနှင့် ရေးသားထားသည့် သက်သေအထောက်အထား အားလုံးကို အင်္ဂလိပ်ဘာသာဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ခုံသမာဓိများမှ စီရင်သော လျော်ကြေးအပေါ် စီရင်ဆုံးဖြတ်ချက်ကို ၎င်းရှိ စီရင်ပိုင်ခွင့်နယ်ပယ်တွင်ရှိသော မည်သည့် တရားရုံးမဆိုတွင် ရယူနိုင်ပါသည်။ မည်သည့် အတန်း သို့မဟုတ် ကိုယ်စားပြုမှု လုပ်ဆောင်ချက် သို့မဟုတ် မှတ်တမ်းများတွင် တရားစွဲဆိုသူတစ်ဦး သို့မဟုတ် အတန်း အဖွဲ့ဝင် သို့မဟုတ် တရားလိုတစ်ဦးအဖြစ် မဟုတ်ဘဲ တစ်ဦးချင်းစီအပေါ် မူတည်၍ သင်သည်သာလျှင် TECNO အား ဆန့်ကျင်၍ တောင်းဆိုချက်များကို ဆက်လက်လုပ်ဆောင်ရန် ခွင့်ပြုနိုင်ပါလိမ့်မည်။

16.    အထွေထွေ စည်းကမ်းချက်များ
16.1    ခေါင်းစီး။ ဤစာချုပ် စည်းကမ်းချက်များအားလုံး၏ ခေါင်းစီးများသည် ကိုးကားရန်အတွက်သာ ဖြစ်ပြီး ၎င်းတို့ ကိုယ်တိုင်တွင် အစစ်အမှန် ဆိုလိုရင်းများ မရှိပါ။ ၎င်းတို့သည် ဤစာချုပ်၏ ဆိုလိုရင်းများကို ဖွင့်ဆိုရန်အတွက် အခြေခံအဖြစ် အသုံးမပြုနိုင်ပါ။
16.2    သီးခြားစီဖြစ်မှု။ ဤစာချုပ်၏ မည်သည့် စည်းကမ်းများ သို့မဟုတ် ပြဋ္ဌာန်းချက်များမဆိုကို မည်သည့် တရားစီရင်မှု သို့မဟုတ် အုပ်ချုပ်ရေး အာဏာပိုင်များမှ မည်သည့် အကြောင်းအရင်းများမဆိုအတွက် အသက်မဝင် သို့မဟုတ် အာဏာတည်ခြင်း မရှိဟု မှတ်ယူပါက ထိုဆုံးဖြတ်ချက်သည် ဤသည်နှင့် စပ်လျဉ်း၍ စာချုပ်၏ ကျန်ရှိသော စည်းကမ်းချက်များနှင့် ပြဋ္ဌာန်းချက်များ၏ အာဏာတည်နိုင်စွမ်း အသက်ဝင်မှုကို မထိခိုက်စေနိုင်ပါ။ ဤစာချုပ်၏ ကျန်ရှိသော ပြဋ္ဌာန်းချက်များသည် အပြည့်အဝ သက်ရောက်မှု ရှိလိမ့်မည် ဖြစ်ပြီး ၎င်း စည်းကမ်းချက်များနှင့်အညီ အနက်ကောက်ယူနိုင်ပါသည်။
16.3    ဘာသာစကားများ။ ဤစာချုပ်ကို အင်္ဂလိပ်၊ အာရဗီနှင့် အခြားဘာသာစကားများဖြင့် ရေးသားထားပြီး ကွဲလွဲချက်တစ်စုံတစ်ရာ ရှိပါက အင်္ဂလိပ်ဗားရှင်းသည် ဤနေရာတွင် လွှမ်းမိုးပါလိမ့်မည်။
16.4    ကင်းလွတ်ခွင့်မရှိပါ။ TECNO ဝန်ဆောင်မှုများ၏ မည်သည့် ပြဋ္ဌာန်းချက်မဆို အချိန်မရွေး အာဏာတည်ရန် TECNO ၏ ပျက်ကွက်ခြင်း သို့မဟုတ် TECNO ဝန်ဆောင်မှုများ၏ ပြဋ္ဌာန်းချက်တစ်ခုခုသည် သင့် ဆောင်ရွက်ချက် အချိန်မရွေး TECNO လိုအပ်ခြင်းကို ပျက်ကွက်ခြင်းကို ထိုပြဋ္ဌာန်းချက်များ၏ လက်ရှိ သို့မဟုတ် အနာဂါတ် ကင်းလွတ်ခွင့်တစ်ခုဟု အနက်ကောက်ခြင်း သို့မဟုတ် ထိုပြဋ္ဌာန်းချက်ကို ထို့နောက်တွင် အာဏာတည်စေရန် TECNO ၏ အခွင့်အရေးကို မည်သည့်နည်းဖြင့်မဆို သက်ရောက်ခြင်း မည်သည့်နည်းဖြင့်မှ ရှိစေလိမ့်မည် မဟုတ်ပါ။ TECNO ဝန်ဆောင်မှုများ၏ မည်သည့် ပြဋ္ဌာန်းချက်၊ အခြေအနေ လိုအပ်ချက်မဆို၏ TECNO မှ ဖော်ပြပါ ကင်းလွတ်ခွင့်များသည် ထိုပြဋ္ဌာန်းချက်၊ အခြေအနေ သို့မဟုတ် လိုအပ်ချက်များကို လိုက်နာရန် မည်သည့် အနာဂါတ် တာဝန် ကင်းလွတ်ခြင်းကိုမှ မဖြစ်စေပါ။
16.5    စာချုပ် အပြည့်အစုံ။ ဤစာချုပ်သည် သင့်အနေဖြင့် ဆော့ဝဲလ် အသုံးပြုခြင်းကို စိုးမိုးသော သင်နှင့် TECNO အကြား စာချုပ် အပြည့်အစုံ ဖြစ်ပြီး ဆော့ဝဲလ် အသုံးပြုခြင်းနှင့် ပတ်သက်သော TECNO နှင့် သင့်အကြား မည်သည့် ကြိုတင် စာချုပ်များကိုမဆို အစားထိုးပါသည်။ သင်သည် ပွင့်လင်းရင်းမြစ် ဆော့ဝဲလ်၊ ပြင်ပ အကြောင်းအရာ သို့မဟုတ် အခြား TECNO ဝန်ဆောင်မှုများကို အသုံးပြုသောအခါ သို့မဟုတ် ဝယ်ယူသောအခါ နောက်ထပ် စည်းကမ်းနှင့် သတ်မှတ်ချက်များကိုလည်း လိုက်နာရနိုင်ပါသည်။