ကိုယ်ရေးလုံခြုံမှု မူဝါဒ

TECNO ကိုယ်ရေးလုံခြုံမှု မူဝါဒ

နောက်ဆုံး အပ်ဒိတ်လုပ်ခဲ့ချိန်- ဩဂုတ်လ 5 ရက်၊ 2026 ခုနှစ်

စတင်အကျုံးဝင်သည့် ရက်စွဲ- ဩဂုတ်လ 5 ရက်၊ 2026 ခုနှစ်

 

TECNO MOBILE LIMITED နှင့် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများ (ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများသည် TECNO MOBILE LIMITED နှင့် ဘုံပိုင်ဆိုင်မှု သို့မဟုတ် ထိန်းချုပ်မှုအားဖြင့် ဆက်စပ်သော ကုမ္ပဏီများဖြစ်ပြီး စုပေါင်း၍ “TECNO” ၊ “ကျွန်ုပ်တို့သည်”၊ “ကျွန်ုပ်တို့ကို” သို့မဟုတ် “ကျွန်ုပ်တို့၏” ဟု ရည်ညွှန်းသုံးစွဲပါမည်) အနေဖြင့် သင်၏ ကိုယ်ရေးလုံခြုံမှုကို အပြည့်အဝ လေးစားပြီး သင့် ကိုယ်ရေး အချက်အလက်လုံခြုံရေးကို ကာကွယ်ရန် အကောင်းဆုံး အားထုတ်သွားပါလိမ့်မည်။ သင့်အနေဖြင့် TECNO ဆော့ဝဲလ် သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုနေစဉ်အတော်အတွင်း ကျွန်ုပ်တို့သည် သက်ဆိုင်ရာ ဥပဒေများနှင့် နည်းဥပဒေများ၏ သင့်လျော်သော ပြဋ္ဌာန်းချက်များနှင့်အညီ သင်၏ ခွင့်ပြုချက်အပေါ် မူတည်ပြီး သင်၏ ကိုယ်ရေး အချက်အလက်များကို ရယူ၊ အသုံးပြု သို့မဟုတ် တနည်းအားဖြင့် စီမံဆောင်ရွက်ပါလိမ့်မည်။ ဤကိုယ်ရေးလုံခြုံမှု မူဝါဒ (ဤနေရာနောက်ပိုင်းတွင် "မူဝါဒ" အဖြစ်ရည်ညွှန်းအသုံးပြုပါမည်) သည် TECNO ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများသင် အသုံးပြုခြင်း၊ ကျွန်ုပ်တို့အား ပေးအပ်ထားသော ကိုယ်ရေး အချက်အလက်ဆိုင်ရာ သင်၏ အခွင့်အရေး၊ သင့်အခွင့်အရေးကို ကျွန်ုပ်တို့ ကာကွယ်ပုံနည်းလမ်းတို့နှင့် ပတ်သက်သော သင်၏ ကိုယ်ရေး အချက်အလက်များ ကျွန်ုပ်တို့ ရယူ၊ အသုံးပြု၊ ထုတ်ဖော်၊ စီမံပြီး ကာကွယ်ပုံနည်းလမ်းများကို နားလည်အောင် ကူညီပေးရန် ရည်ရွယ်ပါသည်။ သင်သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ဝင်ရောက်ရန် ကွန်ပျူတာတစ်လုံး၊ မိုဘိုင်းဖုန်း၊ တက်ဘလက် သို့မဟုတ် တီဗီ စသဖြင့် မည်သည်တို့ကို အသုံးပြုသည်ကို အလေးဂရုမထားဘဲ ဤမူဝါဒသည် ဤမူဝါဒ (တစ်စုတစ်စည်းအားဖြင့် "ဝန်ဆောင်မှုများ") နှင့် ဆက်စပ်သော သို့မဟုတ် ရည်ညွှန်းသော TECNO စက်ပစ္စည်းအားလုံး၊ ဝဘ်ဆိုက်များနှင့် အွန်လိုင်း အပလီကေးရှင်းများအပေါ် သက်ရောက်ပါသည်။ TECNO ၏ များစွာသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ထည့်သွင်းစဉ်းစားရာတွင် ဤမူဝါဒသည် ကိုယ်ရေး အချက်အလက် ရယူခြင်းနှင့် ထုတ်ကုန်များ အသုံးပြုခြင်းဆိုင်ရာ ဖြစ်ရပ်များအားလုံးကို လွှမ်းခြုံနိုင်ခြင်းမရှိပါ။ ကျွန်ုပ်တို့သည် သင်၏ အချက်အလက်များကို ရယူသောအခါ တိကျသော ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများ၏ ကိုယ်ရေးလုံခြုံမှု မူဝါဒမှတစ်ဆင့် ၎င်းကို ဖြည့်စွက်နိုင်ပါသည် သို့မဟုတ် တစ်နည်းအားဖြင့် သင့်အား သတိပေးနိုင်ပါသည်။ ဥပမာ သင်အသုံးပြုသော TECNO ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုအမျိုးအစားနှင့် သင် တည်ရှိနေသည့် နိုင်ငံအပေါ်မူတည်၍ ကျွန်ုပ်တို့ သင့် ကိုယ်ရေး အချက်အလက်ကို ရယူ အသုံးပြုသည့် နည်းလမ်းသည် မတူညီသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် ကွဲပြားနိုင်ပါသည်။ တိကျသော ကိုယ်ရေးလုံခြုံမှု မူဝါဒသည် ထိုနေရာတွင် ရယူသော နောက်ထပ် ကိုယ်ရေးလုံခြုံမှု အချက်အလက်များနှင့်အတူ သီးခြား TECNO ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ပေါ်တွင် သက်ရောက်နိုင်ပါသည်။ အဆိုပါ သီးခြား TECNO ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ခု၏ တိကျသော ကိုယ်ရေးလုံခြုံမှုဖြင့် မလွှမ်းခြုံသော မည်သည့် အစိတ်အပိုင်းမဆိုသည် ဤမူဝါဒပါ အကြောင်းအရာများကို လိုက်နာရပါလိမ့်မည်။

ဤမူဝါဒသည် အခြားပြင်ပအဖွဲ့အစည်းမှ သင့်အား ပေးအပ်သော ဝန်ဆောင်မှုများအပေါ် မသက်ရောက်ကြောင်း မှတ်သားထားရန် အရေးကြီးပါသည်။ သင်သည် ပြင်ပအဖွဲ့အစည်းများမှ ပေးအပ်သော လင့်ခ်များ၊ အကြောင်းအရာ၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို လက်ခံနိုင်ပါသည်။ ၎င်းတို့ကို ဝင်ရောက်လိုခြင်း ရှိမရှိ ဂရုတစိုက် ရွေးချယ်ပါ။ မည်သည့် ကိုယ်ရေး အချက်အလက်များကိုမဆို မတင်သွင်းခင်တွင် ကျွန်ုပ်တို့သည် သင် ကြည့်ရှုသော မည်သည့် ပြင်ပအဖွဲ့အစည်းမဆို၏ ကိုယ်ရေးလုံခြုံမှု မူဝါဒများကို ဂရုတစိုက် သုံးသပ်ရန် သင့်အား တိုက်တွန်းပါသည်။

သင်သည် ဤမူဝါဒကို အပြည့်အဝနားလည်ပြီး သင့်ကိုယ်ပိုင် ရွေးချယ်မှုများကို ပြုလုပ်ကြောင်း သေချာစေရန် ကျွန်ုပ်တို့သည် ရှင်းလင်းလွယ်ကူသည့် စကားလုံးများကို အသုံးပြုရန် ရွေးချယ်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် အဓိက ကျသော စကားလုံးများကို စာလုံးအမည်း သို့မဟုတ် စာလုံးအစောင်းဖြင့်လည်း မှတ်သားထားပါသည် သို့မဟုတ် အသားပေး ဖော်ပြထားပါသည်။ ဤမူဝါဒ၏ အဓိက စကားလုံးများကို နားလည်အောင် ကူညီရန် သင်သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ပထမဆုံး အသုံးပြုသောအခါ ကျွန်ုပ်တို့သည် ခုန်ထွက် စာတိုတစ်ခုဖြင့် သင့်အားလည်း သတိပေး ပါလိမ့်မည်။

ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးမပြုခင်၊ သင်၏ ကိုယ်ရေး အချက်အလက်ကို ကျွန်ုပ်တို့အား မပေးအပ်ခင် သို့မဟုတ် သင်၏ ကိုယ်ရေး အချက်အလက်များကို ရယူရန် ကျွန်ုပ်တို့အား ခွင့်မပြုခင်တွင် သင်၏ ကိုယ်ရေး အချက်အလက်များနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ ကျင့်ထုံးများကို နားလည်ရန် ဤမူဝါဒ ဂရုတစိုက် ဖတ်ရှုပြီး ဤမူဝါဒအား ပြင်ဆင်ခြင်းများကို နားလည်လည် မကြာခဏ ဝင်ရောက် ကြည့်ရှုပါ။ ကျွန်ုပ်တို့သည် ဤမူဝါဒကို ပြင်ဆင်ပါက ကျွန်ုပ်တို့ ပြုလုပ်ခဲ့သော ပြောင်းလဲမှုများနှင့် ပတ်သက် သင့်အနေနှင့် သိရှိစေရန် ထုတ်ကုန် သို့မဟုတ် ဝဘ်ဆိုက်တွင် ကြေညာချက်များဖြင့် သင့်အား အသိပေးပါလိမ့်မည်။ ထိုသို့ သတိပေးချက်တစ်ရပ် ပြုလုပ်ပြီးနောက် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ဆက်လက် ရယူနေခြင်း သို့မဟုတ် အသုံးနေခြင်းဖြင့် သင်သည် ပြင်ဆင်ပြီးသော ကိုယ်ရေးလုံခြုံမှု မူဝါဒကို လက်ခံသည်ဟု မှတ်ယူပါမည်။ နောက်ဆုံး ပြင်ဆင်သည့် အချိန်ကို သိရှိရန်အတွက် ကိုယ်ရေးလုံခြုံမှု မူဝါဒ၏ ထိပ်ဆုံးတွင် ရေးထားသော “စတင်သက်ဝင်သည့်နေ့” ကို သင့်အနေဖြင့် စစ်ဆေးနိုင်ပါသည်။

မေးခွန်းတစ်စုံတစ်ရာရှိပါက အောက်ပါ အီးမေးလ်မှတစ်ဆင့် ကျွန်ုပ်တို့အား လွတ်လပ်စွာ ဆက်သွယ်နိုင်ပါသည် -

privacy@transsion.com

 

ဤကိုယ်ရေးလုံခြုံမှု မူဝါဒသည် အောက်ပါ အကြောင်းအရာများကို နားလည်စေရန် သင့်အား ကူညီပေးပါလိမ့်မည် -

I. သင့်ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့ ရယူအသုံးပြုသည့် နည်းလမ်း

II. ကွတ်ကီးနှင့် ထိုနည်းတူ နည်းပညာများကို ကျွန်ုပ်တို့ အသုံးပြုသည့် နည်းလမ်း

III. သင့်ကိုယ်ရေး အချက်အလက်ကို ကျွန်ုပ်တို့ သိုလှောင်ကာကွယ်သည့် နည်းလမ်း

IV. သင့်ကိုယ်ရေး အချက်အလက်ကို ကျွန်ုပ်တို့ မျှဝေ၊ ကူးပြောင်း၊ ထုတ်ဖော်ပြောဆိုသည့် နည်းလမ်း

V. သင့်ကိုယ်ရေး အချက်အလက်ကို နိုင်ငံရပ်ခြားသို့ ကူးပြောင်းသည့် နည်းလမ်း

VI. သင့်ကိုယ်ရေး အချက်အလက်ဆိုင်ရာ သင်၏ အခွင့်အရေး

VII. ကလေးငယ်များ၏ ကိုယ်ရေး အချက်အလက်ကို ကျွန်ုပ်တို့ ကိုင်တွယ်ပုံနည်းလမ်း

VIII. ပြင်ပဝန်ဆောင်မှု ပံ့ပိုးသူများနှင့် ဝန်ဆောင်မှုများ

IX. မူဝါဒ ဖြည့်စွက်ချက်နှင့် ပြင်ဆင်ချက်များ

X. ပူးတွဲ ထိန်းချုပ်သူ

XI. ကျွန်ုပ်တို့အား ဆက်သွယ်နိုင်သည့် နည်းလမ်းများ

 

I. သင့်ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့ ရယူအသုံးပြုသည့် နည်းလမ်း

သင်သည် ကမ္ဘာပေါ်တွင် မည်သည့်နေရာတွင် နေထိုင်သည့်အပေါ် မူတည်၍ အခြေခံ ကိုယ်ရေးလုံခြုံခွင့်သည် မကွဲပြားသင့်ကြောင်း TECNO မှ ခိုင်မာစွာ ယုံကြည်ပါသည်။ တစ်ဦးတစ်ယောက်၏ အမည်၊ အိုင်ဒီနံပါတ်၊ တည်နေရာအချက်အလက်နှင့် အွန်လိုင်းမှ သိမှတ်နိုင်သည့်အချက်အလက် သို့မဟုတ် ထိုသူ၏ ရုပ်ပိုင်းဆိုင်ရာ ၊ ဇီဝကမ္မဆိုင်ရာ၊ မျိုးရိုးဗီဇ၊ စိတ်ပိုင်းဆိုင်ရာကို ကိုးကား၍ မည်သူမည်ဝါဖြစ်ကြောင်း သိမှတ်သော သို့မဟုတ် သိမှတ်နိုင်သော တစ်စုံတစ်ဦးနှင့် သက်ဆိုင်သည့် မည်သည့် အချက်အလက်မဆိုကို ထိုသူ နေထိုင်သည့် နေရာကို ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ TECNO မှ “ကိုယ်ရေး အချက်အလက်”ဟု သဘောထားဆက်ဆံ ဆောင်ရွက်ပါလိမ့်မည်။

ကျွန်ုပ်တို့သည် သတ်မှတ်ထားသော၊ ခိုင်လုံသော၊ ပြည့်စုံသော၊ တရားဝင်သော ရည်ရွယ်ချက်များအတွက် လိုအပ်သော အချက်အလက်များကိုသာလျှင် ရယူလိမ့်မည်ဖြစ်ပြီး အချက်အလက်သည် ထိုရည်ရွယ်ချက်များနှင့် မကိုက်ညီသော ပုံစံဖြင့် ထပ်မံ စီစဉ်ဆောင်ရွက်ခြင်း မရှိကြောင်း သေချာစေပါလိမ့်မည်။ သင်သည် TECNO ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုသောအခါ သို့မဟုတ် ကျွန်ုပ်တို့ တောင်းဆိုသောအခါ ကိုယ်ရေး အချက်အလက်များကို ပေးအပ်လိုခြင်း ရှိမရှိ ရွေးချယ်နိုင်ခွင့် ရှိပါသည်။ သင်သည် TECNO သို့ ကိုယ်ရေး အချက်အလက်များ ပေးရန် မလိုအပ်ပါ။ သို့သော်လည်း အချို့သော ကိစ္စရပ်များတွင် သင်သည် ပေးအပ်ခြင်း မပြုပါက ကျွန်ုပ်တို့သည် သင့်အား ဆက်စပ် ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများ ပေးအပ်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်သကဲ့သို့ သင်တွေ့ကြုံနေသော ပြဿနာများကို တုံ့ပြန်ရန် သို့မဟုတ် ဖြေရှင်းပေးရန် ဆောင်ရွက်ပေးနိုင်မည့် မဟုတ်ပါ။ ကျွန်ုပ်တို့သည် ဤမူဝါဒတွင် ဖော်ပြထားသော ရည်ရွယ်ချက်များအတွက်သာလျှင် သင်၏ ကိုယ်ရေး အချက်အလက်များကို ရယူအသုံးပြုနိုင်ပါလိမ့်မည်။ အောက်ပါတို့သည် ကျွန်ုပ်တို့ ရယူသော သင်၏ ကိုယ်ရေး အချက်အလက်များကို ဖော်ပြပါသည် -

1. ကျွန်ုပ်တို့ ရယူသော ကိုယ်ရေး အချက်အလက်

1.1 ကျွန်ုပ်တို့ထံ သင် တိုက်ရိုက် ပေးအပ်သော အချက်အလက်

ကျွန်ုပ်တို့၏ ထုတ်ကုန်ဖီချာများနှင့် ဝန်ဆောင်မှုများကို သင့်အနေဖြင့် ရယူနိုင်စေရန် ကျွန်ုပ်တို့သည် လိုအပ်သော ကိုယ်ရေး အချက်အလက်များကို ပေးအပ်ရန် သင့်အား တောင်းဆိုပါလိမ့်မည်။ အောက်ပါတို့သည် ဥပမာ အချို့ ဖြစ်ပါသည် -

  1. (1) အကောင့်အချက်အလက်။ သင်သည်—အက်ပ်အကောင့်တစ်ခုဖွင့်ခြင်း သို့မဟုတ် ဖိုရမ်အဖွဲ့အတွင်း အပြန်အလှန်တုံ့ပြန်မှုများတွင် ပါဝင်ခြင်းကဲ့သို့—TECNO ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများအတွက် စာရင်းသွင်းသည့်အခါ အဆိုပါ သီးခြားထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှု၏ လုပ်ဆောင်ချက်ပေါ် မူတည်၍ အောက်ပါအချက်အလက်များဖြစ်သည့် သင့်ဖုန်းနံပါတ်၊ အမည်၊ အမည်ပြောင်၊ ပရိုဖိုင်းပုံ၊ မွေးနေ့၊ နိုင်ငံသား၊ အသက်အရွယ်၊ အီးမေးလ် လိပ်စာ၊ ဓာတ်ပုံများ၊ နေထိုင်ရာမြို့နှင့် ကျွန်ုပ်တို့တောင်းဆိုနိုင်သည့် အခြားသော အချက်အလက်များကို ပေးအပ်ရန် လိုအပ်နိုင်သည်။ သင်သည် စနစ်တစ်ခုထဲသို့ ပိုမိုလွယ်ကူအဆင်ပြေစွာ (ဥပမာ- မျက်နှာသွင်ပြင် အသိအမှတ်ပြုခြင်း သို့မဟုတ် လက်ဗွေဖြင့် သော့ဖွင့်ခြင်းမှတစ်ဆင့်) ဝင်ရောက်လိုပါက မျက်နှာသွင်ပြင်ဒေတာ သို့မဟုတ် လက်ဗွေရာများကဲ့သို့ ဘိုင်အိုမက်ထရစ် ဒေတာများကို ပေးအပ်ရန် လိုအပ်နိုင်သည်။ သီးခြား ဗားရှင်းများတွင် ပြင်ပအဖွဲ့အစည်း အကောင့်ကို အသုံးပြု၍ ဝန်ဆောင်မှုသို့ ဝင်ရောက်နိုင်ပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ကျွန်ုပ်တို့သည် Open ID၊ အီးမေးလ် လိပ်စာ၊ အမည်ပြောင်နှင့် ပရိုဖိုင်ပုံ အပါအဝင် သင်၏ ပြင်ပအဖွဲ့အစည်း အကောင့် အချက်အလက်များကို စုဆောင်းမည်ဖြစ်ပါသည်။

  2. (2) မှာကြားမှုအချက်အလက်။ သင်သည် ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို အွန်လိုင်း သို့မဟတု် အော့ဖှ်လိုင်းမှ ဝယ်ယူသောအခါ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို အချိန်မှန် တိကျစွာ သင့်အား ပေးအပ်နိုင်ကြောင်း သေချာစေရန် ကျွန်ုပ်တို့သည် သင်၏ မှာကြားမှုကို စီမံဆောင်ရွက်ရန်အတွက် သင့်အား လက်ခံသူ အမည်၊ အကောင့် အချက်အလက်၊ အိုင်ဒီ နံပါတ်၊ ဖုန်းနံပါတ်၊ စာပို့သင်္ကေတ၊ ကုန်ပို့ရန်နှင့် ငွေတောင်းခံလွှာပို့ရန် လိပ်စာနှင့် ခရက်ဒစ်ကတ် အချက်အလက်များကဲ့သို့သော အချက်အလက်များကို ပေးအပ်ရန် တောင်းခံနိုင်ပါသည်။

  3. (3) ဝယ်ယူပြီးနောက် အချက်အလက်များ။ သင်သည် ဝယ်ယူပြီးနောက် ဝန်ဆောင်မှု သို့မဟုတ် ဖောက်သည် ပံ့ပိုးမှုများ ပေးအပ်ရန် ကျွန်ုပ်တို့အား လိုအပ်ပါက သို့မဟုတ် ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုသောအခါ တွေ့ကြုံရသော ပြဿနာများကို ကျွန်ုပ်တို့ ဖြေရှင်းပေးမှုကို လိုချင်သောအခါ သင်သည် သင်၏ အမည်၊ ဖုန်းနံပါတ်၊ စက်ပစ္စည်းအချက်အလက်၊ ကုန်ပို့ရန်နှင့် ငွေတောင်းခံလွှာပို့ရန် လိပ်စာ၊ ပြဿနာ ဖော်ပြချက်များစသည့် အချက်အလက်များကို အာမခံကတ် / အီလက်ထရောနစ် အာမခံ ကတ်အား ဖြည့်သောအခါ သို့မဟုတ် ပြဿနာအပေါ် တုံ့ပြန်အကြံပြုချက်ပေးသောအခါတွင် ပေးအပ်ရန် လိုအပ်နိုင်ပါသည်။

  4. (4) ကျွန်ုပ်တို့အား သင်ပေးအပ်သော အခြားအချက်အလက်များ။ ဥပမာ သင်သည် မဲ၊ ပဟေဠိ ဖြေဆိုခြင်းနှင့် ဖောက်သည်စမ်းသပ်လေ့လာချက်များကဲ့သို့သော စျေးကွက်မြှင့်တင် လုပ်ဆောင်ချက်များတွင် ပါဝင်သောအခါ သင်သည် မတူညီသော အခြေအနေများအရ သင်၏ အမည်ပြောင်၊ ပရိုဖိုင်း ပုံ၊ ဖုန်းနံပတ်နှင့် အခြားလိုအပ်သော အချက်အလက်များကို ပေးအပ်ရန် လိုအပ်နိုင်ပါသည်။

1.2 ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများ အသုံးပြုနေစဉ်အတောအတွင်း ကျွန်ုပ်တို့ ရယူသော အချက်အလက်များ

TECNO မှ ရယူသော ကိုယ်ရေး အချက်အလက်သည် သင် TECNO နှင့် အပြန်အလှန် တုံ့ပြန်မှုအပေါ်တွင် မူတည်ပါသည်။ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို ပေးအပ်ရန် လိုအပ်သော သင်၏ TECNO ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုနေစဉ်အတောအတွင်း ကျွန်ုပ်တို့သည် အောက်ပါတို့ ပါဝင်သော သင်၏ ခွင့်ပြုချက် သို့မဟုတ် အတည်ပြုချက်ပါသော လိုအပ်သည့် အချက်အလက်များကို ရယူနိုင်ပါသည် -

  1. (1) စက်ပစ္စည်း သို့မဟုတ် SIM ကတ်နှင့်ဆိုင်သော အချက်အလက်။ သီးခြား စက်အလိုက် ဝန်ဆောင်မှုများအတွက် ဝန်ဆောင်မှုကို အသက်သွင်းချိန်နှင့် စက်ကို အသုံးပြုနေချိန်အတွင်း ကျွန်ုပ်တို့သည် စက်အမည်၊ စက်မော်ဒယ်၊ နိုင်ငံတကာ မိုဘိုင်းစက်ပစ္စည်း အထောက်အထားနံပါတ် (IMEI)၊ Google Advertising ID (GAID)၊ နိုင်ငံတကာ မိုဘိုင်းဆက်သွယ်ရေး စာရင်းသွင်းသုံးစွဲသူ အထောက်အထားနံပါတ် (IMSI)၊ အင်တာနက် ပရိုတိုကောလ် (IP) လိပ်စာ၊ မီဒီယာ ရယူသုံးစွဲခွင့် ထိန်းချုပ်မှု (MAC) လိပ်စာ၊ ထုတ်ကုန် အမှတ်စဉ်နံပါတ် (SN)၊ hiOS လုပ်ဆောင်ချက်စနစ် ဗားရှင်းနှင့် အမျိုးအစား၊ ဖတ်ရန်သီးသန့် မမ်မိုရီ (ROM) ဗားရှင်း၊ Android ဗားရှင်း၊ နေရာ ID၊ စနစ် ဘာသာစကား၊ စက်တွင် သတ်မှတ်ထားသော နိုင်ငံ သို့မဟုတ် ဒေသ၊ စက်၏ လတ္တီတွဒ်/လောင်ဂျီတွဒ်၊ စက်ထုတ်လုပ်သူနှင့် မော်ဒယ် အမည်၊ ဟာ့ဒ်ဝဲ သတ်မှတ်ချက်နှင့် အခြေအနေ၊ ကွန်ရက် အော်ပရေတာ (မိုဘိုင်း အော်ပရေတာကုဒ် အပါအဝင်)၊ ကွန်ရက် ချိတ်ဆက်မှု အမျိုးအစား၊ SIM ကတ် အချက်အလက်နှင့် စက်ရုံထုတ် ဆက်တင်များ အပါအဝင် စက်နှင့်သက်ဆိုင်သော အချက်အလက်များကို စုဆောင်းနိုင်ပါသည်။

  2. (2) စာရင်းအချက်အလက်။ သင်သည် ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုသောအခါ ကျွန်ုပ်တို့သည် ဝန်ဆောင်မှု ရယူသည့် ကြာချိန်၊ ရယူသည့် အကြိမ်ရေများ၊ အသုံးပြုချိန်၊ ယာယီ ယခင် စာတို့များ၊ စံစနစ်အချက်အလက်များ၊ ဖြစ်ရပ် အချက်အလက် (မှားယွင်းမှုများ၊ ရုတ်တရက် ရပ်တန့်ခြင်း၊ ပြန်စခြင်းများ၊ အဆင့်မြှင့်တင်ခြင်းများ)၊ အင်တာနက် အသုံးပြုမှုနှင့် ဝန်ဆောင်မှု အသုံးပြုခြင်းမှ ထုတ်လုပ်သော အခြား စာရင်းအချက်အလက်များကဲ့သို့သော အချို့သော အချက်အလက်များကို ရယူနိုင်ပြီး ၎င်းတို့ကို အချက်အလက် ဖိုင်များတွင် သိမ်းဆည်းထားနိုင်ပါသည်။

  3. (3) တည်နေရာ အချက်အလက်။ သင်သည်—လမ်းညွှန်အက်ပ်များ၊ မိုးလေဝသ ဝန်ဆောင်မှုများ၊ ပျောက်ဆုံးသွားသည့်စက်ကို ရှာဖွေခြင်း သို့မဟုတ် သင့်မြေပြင်တည်နေရာကို အခြားသူများနှင့် မျှဝေခြင်းကဲ့သို့—အချို့သော ဝန်ဆောင်မှုများကို အသုံးပြုသည့်အခါ ကျွန်ုပ်တို့သည် သင့်စက်၏ အမှန်တကယ်တည်နေရာနှင့် ပတ်သက်သော ခန့်မှန်းခြေ သို့မဟုတ် တိကျသော အချက်အလက်များကို စုဆောင်း၍ စီမံဆောင်ရွက်နိုင်ပါသည်။ ဥပမာအားဖြင့် ဆဲလ်အိုင်ဒီများ (လိုင်းဆွဲအား အပါအဝင်)၊ တည်နေရာဧရိယာကုဒ်များ၊ ခြေရာခံဧရိယာကုဒ်များ၊ လမ်းကြောင်းဧရိယာကုဒ်များ၊ မိုဘိုင်းနိုင်ငံကုဒ်များ၊ မိုဘိုင်းကွန်ရက်ကုဒ်များ၊ ကြိမ်နှုန်းအမှတ်များ၊ လတ္တီတွဒ်နှင့် လောင်ဂျီတွဒ်၊ ဒေသစံတော်ချိန် ဆက်တင်များ၊ နိုင်ငံ သို့မဟုတ် ဒေသ ကုဒ်များ၊ မြို့အမည်များ၊ ဘာသာစကား ဆက်တင်များနှင့် အခြား ဆက်စပ်အချက်အလက်များ။ သင်ရှိရာနေရာကို ခွဲခြားဖော်ထုတ်ရန်အတွက် သင် သဘောမတူလျှင်ဖြစ်စေ၊ သက်ဆိုင်ရာ နိုင်ငံ/ဒေသ၏ ဥပဒေရေးရာ သတ်မှတ်ချက်ကို လိုက်နာရန်ဖြစ်စေ ကျွန်ုပ်တို့သည် စောဒကမတက်ဘဲ သင့်တည်နေရာအချက်အလက်ကို ဆက်လက်စုဆောင်းမည်မဟုတ်ပါ။ အပလီကေးရှင်းတစ်ခုစီ၏ တည်နေရာအချက်အလက် ဝင်သုံးခွင့်ကို သင့်မိုဘိုင်းစက်ရှိ "ဆက်တင်များ" > "တည်နေရာ" မှနေ၍ အချိန်မရွေး တိုက်ရိုက် ကန့်သတ်နိုင်သည် (ဖိုင်လမ်းကြောင်းများသည် ဗားရှင်းအလိုက် ကွဲပြားနိုင်သည်)။

  4. (4) ကွက်ကီး အချက်အလက်များ။ ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များ၊ အပြန်အလှန် တုံ့ပြန်သည့် အပလီကေးရှင်းများ၊ TECNO ထုတ်ကုန်များနှင့် ကြော်ငြာများသည် သင်၏ သင့်လျော်သော ကိုယ်ရေး အချက်အလက်ကို ရယူ သိမ်းဆည်းရန် ကွက်ကီး၊ ပစ်ဇယ်အညွန်းများနှင့် ဝဘ်အချက်ပြများကဲ့သို့သော နည်းပညာများကို အသုံးပြု နိုင်ပါသည်။

  5. (5) အပလီကေးရှင်းများအား သင် အသုံးပြုခြင်းနှင့် ဆိုင်သည့် အချက်အလက်။ သင် အက်ပ်ကို အသုံးပြုသည့်အခါ စနစ်ဆော့ဖ်ဝဲနှင့် သင်၏အပလီကေးရှင်းသုံးစွဲမှု အပြုအမူဆိုင်ရာ အချက်အလက်များကိုလည်း စုဆောင်းနိုင်ပါသည်။ ဥပမာအားဖြင့် စနစ်ဝန်ဆောင်မှုများအတွင်း ကလစ်နှိပ်ချက်နှင့် ထိတွေ့မှု မှတ်တမ်းများ၊ အခြေခံ အက်ပ်အချက်အလက်များ (အက်ပ်စာရင်းနှင့် အက်ပ် ID ကဲ့သို့)၊ ဆော့ဖ်ဝဲ ဖန်တီးရေး ကိရိယာအစုံ (SDKs)၊ စနစ် အပ်ဒိတ် ဆက်တင်များ၊ အက်ပ် ဆက်တင်များ (ဒေသ၊ ဘာသာစကား၊ ဒေသစံတော်ချိန်နှင့် ဖောင့်အပါအဝင်)၊ အက်ပ်ထဲ ဝင်ရောက်ချိန်/အက်ပ်မှ ထွက်ခွာချိန်နှင့် အက်ပ်အခြေအနေ မှတ်တမ်းများ (ဥပမာ- ဒေါင်းလုဒ်လုပ်ခြင်း၊ ထည့်သွင်းခြင်း၊ အပ်ဒိတ်လုပ်ခြင်းနှင့် ဖျက်ပစ်ခြင်း)။

  6. (6) ကျန်းမာရေးအချက်အလက်။ အားကစား ကျန်းမာရေး ဝန်ဆောင်မှုကဲ့သို့ အားကစား ထုတ်ကုန်များကို သင် အသုံးပြုသောအခါ ကျွန်ုပ်တို့သည် သင်၏ လိင်၊ အရပ်၊ ကိုယ်အလေးချိန်၊ မွေးသက္ကရာဇ်၊ နှလုံးခုန်သံ၊ နှလုံးခုန်နှုန်းနှင့် ခြေလှမ်းများကဲ့သို့သော သင်၏ ကာယ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အခြေအနေအပါအဝင် သင်၏ ကျန်းမာရေး အခြေအနေနှင့် သက်ဆိုင်သော အချက်အလက်များကကို ရယူနိုင်ပါသည်။

  7. (7) အသံအချက်အလက်။ သင်သည် အချို့သော ဝန်ဆောင်မှုများကို ထိန်းချုပ်ရန် အသံ အမိန့်ကို အသုံးပြုသောအခါ ကျွန်ုပ်တို့သည် ဆာဗာများပေါ်တွင် သင် မှတ်တမ်းတင်ခဲ့သော အသံများကို သိမ်းဆည်းထားနိုင်ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အတွက် အသံမှ စာသား ပြောင်းလဲ ဝန်ဆောင်မှုများကို ပေးသော ပြင်ပ ဝန်ဆောင်မှု ပေးသူများနှင့် အလုပ်လုပ်ပါက အဆိုပါ ပြင်ပ ဝန်ဆောင်မှုပေးသူများသည် အချို့သော အသံအမိန့်များကို ဖမ်းယူပြီး သိမ်းဆည်းထားနိုင်ပါသည်။

  8. (8) ပြင်ပအဖွဲ့အစည်းအချက်အလက်။ ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှု ပံ့ပိုးရေးကုမ္ပဏီများနှင့် လုပ်ငန်းမိတ်ဖက်များက သင့်အတွက် သတ်မှတ်ပေးထားသော သီးခြားအချက်အလက်များ၊ ဥပမာအားဖြင့် ကြော်ငြာ ID၊ အကောင့် Open ID နှင့် ပြင်ပအဖွဲ့အစည်းများက သတ်မှတ်ပေးထားသည့် ချိတ်ဆက်ထားသော အီးမေးလ် လိပ်စာတို့ကို ကျွန်ုပ်တို့က စုဆောင်းပြီး အသုံးပြုနိုင်ပါသည်။

  9. (9) အခြား ကိုယ်ရေး အချက်အလက်။ သင်၏ ကိုယ်ရေး အချက်အလက် ကွဲပြားသော အမျိုးအစားများကို ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများ၏ ကွဲပြားသော အမျိုးအစားများအတွက် ရယူနိုင်ပါသည်။ ဤမူဝါဒတွင် မပါဝင်သော ကိုယ်ရေး အချက်အလက်များအတွက် သင့်လျော်သော ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုသည် သင့်အား ဆိုခဲ့သော ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှု၏ တိကျသော ကိုယ်ရေးလုံခြုံမှု မူဝါဒမှတစ်ဆင့် သို့မဟုတ် သတိပေးခြင်း သို့မဟုတ် အခြားသော နည်းလမ်းများဖြင့် ရယူသော သင်၏ ကိုယ်ရေး အချက်အလက်များအကြောင်းကို သင့်အား အသိပေးလိမ့်မည် ဖြစ်ပြီး ရယူခြင်း မပြုခင်တွင် သင်၏ ခွင့်ပြုချက်ကို ရယူပါလိမ့်မည်။

1.3 အခြားရင်းမြစ်များမှ ရရှိသော အချက်အလက်များ

ဥပဒေမှ ခွင့်ပြုပါက ကျွန်ုပ်တို့သည် အခြား တစ်ဦးတစ်ယောက်ထံမှ၊ စီးပွားရေး အဖွဲ့အစည်း၊ သင့်လမ်းကြောင်းမှ ဆောင်ရွက်သော အများပြည်သူ ချန်နယ်များ သို့မဟုတ် အခြားပြင်ပ အဖွဲ့အစည်းများ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ပေးအပ်ရန် ကျွန်ုပ်တို့နှင့် အလုပ်လုပ်သော ကျွန်ုပ်တို့၏ မိတ်ဖက်များနှင့် အခြားတရားဝင် ရင်းမြစ်များထံမှ သင်၏ ကိုယ်ရေး အချက်အလက်များကို ရယူနိုင်လိမ့်မည် ဖြစ်ပြီး ကျွန်ုပ်တို့ကို အချက်အလက် လုံခြုံရေးနှင့် လိမ်ညာမှု ကာကွယ်ရေးတွင် ကူညီပေးပါသည်။ အောက်ပါတို့သည် ဥပမာအချို့ ဖြစ်ပါသည် -

  1. (1) သင်သည် ပြင်ပ လူမှု ကွန်ရက် ဝန်ဆောင်မှုများ သို့မဟုတ် ကြိုတင် ထည့်သွင်း ပြင်ပ အပလီကေးရှင်းများကို အသုံးပြုသောအခါ ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး အချက်အလက်များကို ထိုဝန်ဆောင်မှုများ သို့မဟုတ် အပလီကေးရှင်းမှလည်း ရယူနိုင်ပါသည်။

  2. (2) ကျွန်ုပ်တို့သည် ပြင်ပ ဝန်ဆောင်မှု ပေးသူများနှင့် စီးပွားရေး မိတ်ဖက်များ ဥပမာ ပြင်ပအဖွဲ့အစည်းမှ သတ်မှတ်သော သင်၏ ကြော်ငြာ အိုင်ဒီမှ သတ်မှတ်ပေးသော သင့်အတွက် အတိအကျ ဖြစ်သော အချက်အလက်များကို ရယူပြီး အသုံးပြု နိုင်ပါသည်။

  3. (3) အကောင့်နှင့် ဘဏ္ဍာရေး ငွေအဝင်အထွက်ပါဝင်သော အချို့သော ဝန်ဆောင်မှုများအတွက် သင်၏ ခွင့်ပြုချက်ဖြင့် ကျွန်ုပ်တို့သည် လုံခြုံရေးနှင့် လိမ်လည်မှု ကာကွယ်ရေး ရည်ရွယ်ချက်များအတွက် တရားဝင် ပြင်ပအဖွဲ့အစည်း မှတစ်ဆင့် သင့်ဖုန်းနံပါတ်ကဲ့သို့သော သင်ပေးအပ်သည့် အချက်အလက်များကိုလည်း တရားဝင်အောင် ပြုလုပ်နိုင်ပါသည်။

  4. (4) သင်သည် အခြားပြင်ပအဖွဲ့အစည်းများကို TECNO အား အချက်အလက် မျှဝေရန် လမ်းညွှန်သောအခါ ဥပမာ - သင်သည် သင်၏ ဖုန်း အော်ပရေတာကို အကောင့် သက်ဝင်စေရန်အတွက် ကျွန်ုပ်တို့အား သင်၏ အကောင့်နှင့် ပတ်သက်သည့် အချက်အလက်များကို မျှဝေရန် လမ်းညွှန်နိုင်ပါသည်။

  5. (5) ကျွန်ုပ်တို့အား အခြားသူများမှ ပေးအပ်သော သင်နှင့်ဆိုင်သည့် အချက်အလက် ဥပမာ - အခြားပြင်ပ အဖွဲ့အစည်းများသည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုမှတစ်ဆင့် သင့်အတွက် ထုတ်ကုန်များကို ဝယ်ယူသောအခါ သူတို့သည် သင်၏ ပစ္စည်းပို့ရန် လိပ်စာကို ကျွန်ုပ်တို့အား ပေးအပ်ပါသည်။

ကျွန်ုပ်တို့သည် အထက်ပါအချက်အလက်များကို ရယူချိန်တွင် သင့်အား ၎င်းအကြောင်းကို ရှင်းပြလိမ့်မည် ဖြစ်ပြီး သင်၏ ခွင့်ပြုချက်ကို ရယူပါလိမ့်မည်။ TECNO သည် သင်၊ သင့်စက်ပစ္စည်း သို့မဟုတ် သင်၏ ဝန်ဆောင်မှုများ အသုံးပြုခြင်းနှင့် ပတ်သက်၍ အခြားအချက်အလက်များကို ရယူရန် အခြားနည်းလမ်းများကိုလည်း အသုံးပြုနိုင်ပါသည်။ ၎င်းကို ရယူမည့် အချိန်တွင် သင့်အား ရှင်းပြလိမ့်မည် ဖြစ်ပြီး ကျွန်ုပ်တို့သည် သင်၏ ခွင့်ပြုချက်ကို ရယူပါလိမ့်မည်။

သုတေသနရည်ရွယ်ချက်များအတွက် ကျွန်ုပ်တို့သည် သိမှတ်နိုင်သော တစ်ဦးတစ်ယောက်ချင်းစီနှင့် ပတ်သက်သော အမျိုးမျိုးသော အချက်အလက်အမျိုးအစားများပါဝင်သည့် ဒေတာဖိုင်များကို အသုံးပြုနိုင်ပါသည်။ ထိုဒေတာဖိုင်များကို ရယူသောအခါ ကျွန်ုပ်တို့သည် (ဒေတာဖိုင်များကို ရှိသော စီရင်ပိုင်ခွင့်နယ်မြေတွင်ရှိသော ဥပဒေများအပါအဝင်) သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ၎င်းတို့ကို ရယူပါလိမ့်မည်။ ကျွန်ုပ်တို့သည် သုတေသနနှင့် ဖွံ့ဖြိုးရေးအတွက် အဆိုပါ ဒေတာဖိုင်များကို အသုံးပြုသောအခါ ထိုဒေတာဖိုင်မှ တစ်ဦးတစ်ယောက်ချင်းစီကို ပြန်လည် ဖော်ထုတ်ရန် ကြိုးစားမည် မဟုတ်သလို ကြိုးစားလိမ့်မည် မဟုတ်ပါ။

1.4 ကိုယ်ရေးမဟုတ်သော အချက်အလက် ရယူခြင်းနှင့် အသုံးပြုခြင်း

လူတစ်ဦးတစ်ယောက်နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်စပ်မှုမရှိသော အခြားအချက်အလက် အမျိုးအစားများကိုလည်း ကျွန်ုပ်တို့ စုဆောင်းနိုင်ပါသည်။ သက်ဆိုင်ရာ ဒေသတွင်း ဥပဒေများအရ အဆိုပါ အချက်အလက်များကို ကိုယ်ရေး အချက်အလက်များ ("မည်သူမည်ဝါ ခွဲခြားဖော်ထုတ်၍ မရနိုင်သော အချက်အလက်များ") ဟု မယူဆနိုင်ပါ။ ဥပမာများကို အောက်တွင် ဖော်ပြထားပါသည်။ ထိုသို့သော အချက်အလက်များကို စုစည်းရခြင်း၏ ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ လုပ်ဆောင်နိုင်စွမ်းကို နားလည်ခြင်းဖြင့် ၎င်းတို့ကို အစဉ်မပြတ် တိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်ရန်နှင့် သုံးစွဲသူ၏ လိုအပ်ချက်များကို ပိုမိုကောင်းစွာ ဖြည့်ဆည်းပေးနိုင်ရန် ဖြစ်ပါသည်။ ဥပဒေအရ ခွင့်ပြုထားသည့် အတိုင်းအတာအထိ အဆိုပါ ဒေတာများသည် ကိုယ်ရေး အချက်အလက်များ မဟုတ်ပါက ထိုဒေတာများကို စုဆောင်းပုံ၊ အသုံးပြုပုံ၊ ထုတ်ဖော်ပုံ၊ လွှဲပြောင်းပုံ သို့မဟုတ် အခြားနည်းဖြင့် ကိုင်တွယ်ပုံကို ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ဖြင့် ဆုံးဖြတ်နိုင်ပါသည်။ ထိုသို့သော ဒေတာများကို လွှဲပြောင်းပေးပို့စဉ်အတွင်း ၎င်းတို့တွင် သင့်စက်အိုင်ဒီ ယာယီတွဲပါသွားနိုင်သော်လည်း သင့်ထံမှ သီးခြားသဘောတူညီချက် ရယူထားခြင်းမရှိလျှင် သို့မဟုတ် ဥပဒေအရ အခြားနည်းဖြင့် သတ်မှတ်ထားခြင်းမရှိလျှင် ကျွန်ုပ်တို့သည် သင်၏ တိကျသော စက်အိုင်ဒီ သို့မဟုတ် ပုဂ္ဂိုလ်ရေး အထောက်အထားကို တိုက်ရိုက်ခွဲခြားဖော်ထုတ်ခြင်းမရှိသော ပေါင်းစပ်ပုံစံဖြင့်သာ အသုံးပြုမည်ဖြစ်ကြောင်း သတိပြုပါ။

  1. (1) စက်နှင့် ထုတ်ကုန် အရောင်းပမာဏဆိုင်ရာ စာရင်းအင်း အချက်အလက်များအပြင် မျက်နှာပြင်အရွယ်အစား၊ စက်ဗားရှင်း၊ စာရင်းသွင်းချိန်နှင့် ဗားရှင်းကဲ့သို့သော အခြား ပေါင်းစပ်ထားသည့် စာရင်းအင်း အချက်အလက် အမျိုးအစားများ။

  2. (2) ဝန်ဆောင်မှုတစ်ခု နှင့်/သို့မဟုတ် ၎င်း၏ အပလီကေးရှင်းများကို သင် ထည့်သွင်း၊ အသုံးပြုသည့် သို့မဟုတ် ဖြုတ်ချသည့် အချိန်တွင် ထုတ်ပေးသော စာရင်းအင်း ဒေတာများ၊ ဥပမာ- မည်သူမည်ဝါ ခွဲခြားဖော်ထုတ်နိုင်ခြင်းမရှိသော စက်နှင့်ဆိုင်သည့် အချက်အလက်များ၊ ဝက်ဘ်ဆိုက်ဝင်ကြည့်မှုများ၊ ဒေါင်းလုဒ်များ၊ နေ့စဉ်အသုံးပြုမှု ဖြစ်စဉ်များ၊ စာမျက်နှာ ကြည့်ရှုမှု ဖြစ်စဉ်များ၊ စာမျက်နှာ ကြည့်ရှုချိန် ဖြစ်စဉ်များနှင့် ဆက်ရှင် လုပ်ဆောင်မှု၊ အက်ပ် ပက်ကေ့ချ် အမည်များ၊ ဗားရှင်းနံပါတ်၊ အသုံးပြုချိန်၊ ဖွင့်သည့် အကြိမ်ရေ၊ ချို့ယွင်းမှု ဒေတာနှင့် ‌အင်တာနက်ဒေတာအသုံးပြုမှု (နိုင်ငံနှင့် အော်ပရေတာ အပါအဝင်)။

  3. (3) အချက်အလက် အမိန့် အိုင်ဒီ၊ OS ဗားရှင်း နံပါတ်၊ ဆော့ဝဲလ်ဗားရှင်း နံပါတ်၊ အမိန့် ဗားရှင်း နံပါတ် ကဲ့သို့သော ဆာဗာ အမိန့်များကို တောင်းခံခြင်းနှင့် အကောင်အထည်ဖော်ခြင်း

  4. (4) တောင်းခံချိန်၊ တောင်းခံချက် အရေအတွက် သို့မဟုတ် မှားယွင်းမှု တောင်းခံချက် ကဲ့သို့သော ကွန်ရက် စောင့်ကြည့် အချက်အလက်

  5. (5) OS ဗားရှင်း၊ တာဝန် အိုင်ဒီ၊ အမိန့်ဗားရှင်း၊ သတိပေး အစုအစည်း အမည်၊ သတိပေး အမျိုးအစား၊ သတိပေး အခြေအနေကဲ့သို့သော သတိပေးချက်များကို လက်ခံရန် သတိပေး အကွက်ကို သုံးစွဲသူများမှ အသုံးပြုသောအခါ

  6. (6) အပလီကေးရှင်း စတင် ဖြစ်ရပ်၊ အပလီကေးရှင်း ရုတ်တရက် ရပ်တန့် ဖြစ်ရပ် (ဥပမာ - အပလီကေးရှင်း ရုတ်တရက် ရပ်တန့်ပြီးနောက်တွင် အလိုအလျောက် ထုတ်လုပ်သော အချက်အလက်ဖိုင်များ)၊ အပလီကေးရှင်း ထည့်သွင်းခြင်း ဖြစ်ရပ်၊ ဘတ္ထရီ အသုံးပြုမှု အချက်အလက်၊ အလင်းအမှောင် ချိန်ညှိခြင်းများ ကဲ့သို့သော အက်ပ် အချက်အလက်များ ရယူခြင်း။

ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ အရေအတွက် များပြားလွန်းသောကြောင့် ဤနေရာတွင် ရေတွက်ထားသော TECNO မှ ရယူသော ကိုယ်ရေး အချက်အလက် အကြောင်းအရာနှင့် ဖြစ်ရပ်များသည် ကျွန်ုပ်တို့၏ စီးပွားရေး ဖြစ်ရပ်များအားလုံးကို မခြုံငုံနိုင်ကြောင်း အလေးအနက်ပြုပြီး ထပ်မံ ဖော်ပြန်ရန် လိုအပ်ပါသည်။ ဤမူဝါဒတွင် မပါဝင်သော မည်သည့် အစိတ်အပိုင်းများအတွက်မဆို တိကျသော ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများ၏ ကိုယ်ရေးလုံခြုံမှု မူဝါဒ ဖော်ပြထားခြင်းဖြင့် သို့မဟုတ် တိကျသော စီးပွားရေး ဖြစ်ရပ်များတွင် အချက်အလက် ရယူ သောအခါ သတိပေးခြင်း သို့မဟုတ် အခြားနည်းလမ်းအားဖြင့် ၎င်းကို ကျွန်ုပ်တို့သည် ဖြည့်စွက်ပါလိမ့်မည်။

2. ကိုယ်ရေး အချက်အလက်အား ကျွန်ုပ်တို့ အသုံးပြုခြင်း၏ ရည်ရွယ်ချက်

ကျွန်ုပ်တို့သည် အသုံးပြုမှု စည်းကမ်းချက်များအောက်တွင် သင့်နှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ တာဝန်များကို ဖြည့်ဆည်းရန် လိုအပ်သော အခါ သို့မဟုတ် ကျွန်ုပ်တို့၏ အကဲဖြတ်စစ်ဆေးမှုပြီးနောက်ကျွန်ုပ်တို့ သို့မဟုတ် ပြင်ပအဖွဲ့အစည်းတစ်ခု၏ တရားဝင် အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် ၎င်းသည် လိုအပ်ကြောင်း ယုံကြည်သောအခါ သင်၏ ခွင့်ပြုချက်ဖြင့် ကျွန်ုပ်တို့သည် ဤမူဝါဒတွင် ဖော်ပြထားသော ရည်ရွယ်ချက်များအတွက် သင်၏ ကိုယ်ရေး အချက်အလက်များကို စီမံဆောင်ရွက်နိုင်ပါသည်။ ကျွန်ုပ်တို့သည် သက်ဆိုင်ရာ ဥပဒေ တာဝန်ရှိမှုများကို အာဏာတည်စေခြင်းနှင့် ၎င်းတာဝန်ရှိမှုများကို လိုက်နာရန်အတွက် သင်၏ ကိုယ်ရေးအချက်အလက်များကိုလည်း စီမံ ဆောင်ရွက်နိုင်ပါသည်။ သင်၏ ကိုယ်ရေး အချက်အလက်ကို အသုံးပြုသောအခါ ကျွန်ုပ်တို့သည် ဤမူဝါဒပါ အကြောင်းအရာများနှင့် ၎င်း၏ ပြင်ဆင်ချက်များကို တင်းကြပ်စွာ လိုက်နာလိမ့်မည် ဖြစ်ပါသည်။

2.1 စာရင်းသွင်း ဝန်ဆောင်မှုများနှင့် အကောင့်စီမံမှုဝန်ဆောင်မှုများကို သင့်အား ပေးအပ်ရန်။ ကျွန်ုပ်တို့သည် စာရင်းသွင်းခြင်း ဝန်ဆောင်မှုများ၊ နောက်ဆက်တွဲ အကောင့် စီမံခန့်ခွဲမှု ဝန်ဆောင်မှုများနှင့် လက်ရှိအကောင့်များအတွက် အမြန်ဝင်ရောက်မှု သတိပေးချက် ဝန်ဆောင်မှုများကို သင့်အား ပံ့ပိုးပေးရန်အတွက် စာရင်းသွင်းစဉ်အတွင်း သင်ပေးအပ်ခဲ့သော အကောင့်အချက်အလက်များကို အသုံးပြုပါမည်။

2.2 သင်၏ ဝယ်ယူမှုနှင့် ဝယ်ယူပြီးနောက်ပိုင်း ဆောက်ရွက်ချက်များအတွက် ဖောက်သည် ပံ့ပိုးမှုနှင့် ဆက်စပ် ဝန်ဆောင်မှုများကို ပေးအပ်ရန်။ ကျွန်ုပ်တို့သည် သင်ဝယ်ယူခဲ့သောစက်၏ အချက်အလက်နှင့် သင့်နိုင်ငံ/ဒေသအပေါ် အခြေခံ၍ လိုက်လျောညီထွေ ပြင်ဆင်ထားသော ဆော့ဖ်ဝဲ ဝန်ဆောင်မှုများ၊ လုပ်ဆောင်ချက်များကို ပံ့ပိုးပေးပြီး ဝန်ဆောင်မှု သတ်မှတ်ချိန်ညှိမှုများကို ဆောင်ရွက်ပေးပါမည်။ ကျွန်ုပ်တို့သည် အခြားဝန်ဆောင်မှုများအနက် သင့်မှာယူမှုအပေါ် အခြေခံ၍ ပို့ဆောင်ရေး ဝန်ဆောင်မှုများ ကမ်းလှမ်းခြင်း၊ သင်၏ သက်ဝင်လုပ်ဆောင်မှု အချက်အလက်အပေါ် အခြေခံ၍ အာမခံဝန်ဆောင်မှုများ ပံ့ပိုးခြင်း၊ နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှု ပေးအပ်ခြင်း၊ စက်၏ စွမ်းဆောင်ရည်ကို အကောင်းဆုံးမြှင့်တင်ရန် တုံ့ပြန်မှု ချို့ယွင်းချက် အစီရင်ခံစာများနှင့် မှတ်တမ်း အချက်အလက်များမှတစ်ဆင့် လက်ရှိ ပုံမှန်မဟုတ်သော ပြဿနာများကို လျင်မြန်စွာ ခွဲခြားဖော်ထုတ်ပြီး ဖြေရှင်းပေးခြင်းတို့ ဆောင်ရွက်ပါမည်။

2.3 သင်၏ လိုအပ်ချက်များ သို့မဟုတ် အကျိုးစီးပွားများအတွက် အချက်အလက် ဝန်ဆောင်မှုများဖြင့် သင့်အား ပေးအပ်ရန်။ ဥပမာ ကျွန်ုပ် သို့မဟုတ် ပြင်ပအဖွဲ့အစည်းတစ်ရပ်သည် ရာသီဥတု ခန့်မှန်းခြင်း၊ ပထဝီ တည်နေရာ လမ်းညွှန်နှင့် အခြား ဆက်စပ် အချက်အလက် ဝန်ဆောင်မှုများကို သင့်အား ပေးအပ်ရန် သင်၏ တည်နေရာ အချက်အလက်များကို အသုံးပြုနိုင်ပါသည်။ ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး အချက်အလက်များကို အသုံးပြုကာ သင်၏ အသုံးပြုမှု ပုံစံများနှင့် အမူအကျင့် ဦးစားပေးချက်များကို စိတ်ဖြာလေ့လာပြီး သင်၏ ခွင့်ပြုချက်အပေါ် မူတည်ပြီး သတိပေးမှု သို့မဟုတ် အကြောင်းအရာ အတင်းတွန်း ဝန်ဆောင်မှုများကို သင့်အား ပေးအပ်ပါသည်။

2.4 သင့်အား ပိုမိုကောင်းမွန်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်နိုင်ရန် ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ထုတ်ကုန် မွမ်းမံရေး အစီအစဉ်များ၊ သုံးစွဲသူ အတွေ့အကြုံဆိုင်ရာ ပရိုဂရမ်များ သို့မဟုတ် အပြန်အလှန်တုံ့ပြန်သော လှုပ်ရှားဆောင်ရွက်မှုများတွင် ပါဝင်ရန် သင့်အား ကျွန်ုပ်တို့ ဖိတ်ခေါ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ ပရိုဂရမ်များ သို့မဟုတ် လှုပ်ရှားမှုများတွင် သင်ပါဝင်ပြီးနောက် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို အစဉ်မပြတ် တိုးတက်ကောင်းမွန်အောင် ပြုလုပ်၍ အကောင်းဆုံးချိန်ညှိရန်နှင့် ပိုမိုကောင်းမွန်သော သုံးစွဲသူ အတွေ့အကြုံကို ပေးစွမ်းနိုင်ရန်အလို့ငှာ ကျွန်ုပ်တို့သည် စာရင်းအင်း ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ရန် မိုဘိုင်းဖုန်းနံပါတ် (စစ်တမ်းဆိုင်ရာ နောက်ဆက်တွဲ ဆက်သွယ်မှုများအတွက် အဓိက အသုံးပြုသည်)၊ စက် အချက်အလက်၊ စက်လည်ပတ်မှု အပြုအမူဆိုင်ရာ ဒေတာ၊ တည်နေရာနှင့် မှတ်တမ်း အချက်အလက်များကဲ့သို့ သင့်ကိုယ်ရေး အချက်အလက်များကို အသုံးပြုနိုင်ပါသည်။

2.5 သင့်လျော်သော စီးပွားဖြစ် စျေးကွက်မြှင့်တင် လုပ်ဆောင်ချက်များကို ဆောင်ရွက်ရန်။ သင်သည် မဲနှိုက်ခြင်း၊ ပြိုင်ပွဲ သို့မဟုတ် အလားတူ စျေးကွက်မြှင့်တင်ရေးတွင် ပါဝင်ပါက ကျွန်ုပ်တို့သည် ထိုအစီအစဉ်ကို စီမံရန် သင် ပေးအပ်သော အချက်အလက်များကို အသုံးပြုနိုင်ပါသည်။ သင်သည် စျေးကွက်မြှင့်တင်မှု ပစ္စည်းများကို ဆက်လက် လက်ခံလိုခြင်း မရှိတော့ပါက သက်ဆိုင်ရာ ဥပဒေများတွင် တစ်နည်းအားဖြင့် ဖော်ပြထားခြင်း မရှိပါက စာတိုတွင် ပေးထားသော နည်းလမ်း (ဥပမာ - စာအောက်ခြေရှိ မှာကြားမှုဖျက်သိမ်း လင့်ခ်) ဖြင့် မှာကြားမှုကို ရပ်တန့်နိုင်ပါသည်။ သင်သည် အောက်တွင် "သင့်ကိုယ်ရေး အချက်အလက်ဆိုင်ရာ သင်၏ အခွင့်အရေး" အပိုင်းတွင် နောက်ထပ် အချက်အလက်များကို ရရှိနိုင်ပါသည်။

2.6 တည်နေရာ အခြေပြု ဝန်ဆောင်မှုများကို ပေးအပ်ရန်။ hiOS ဝန်ဆောင်မှုများကို သင်အသုံးပြုနေစဉ်အတွင်း သင့်အား ဝန်ဆောင်မှုများ ပံ့ပိုးရန်နှင့် အကောင်းဆုံး သုံးစွဲသူ အတွေ့အကြုံ ရရှိစေရန်အတွက် တည်နေရာဆိုင်ရာ တိကျပြီး အသေးစိတ်ကျသော အချက်အလက်များကို ပေးအပ်ရန် တည်နေရာ အချက်အလက်များကိုလည်း ကျွန်ုပ်တို့ အသုံးပြုနိုင်သည်။ ထိုကဲ့သို့ ဝန်ဆောင်မှုများ၏ ဥပမာများတွင် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ၊ သင်၏ ခန့်မှန်းခြေ ပထဝီဝင်တည်နေရာအပေါ် အခြေခံ၍ စမတ်ကျသော အကြံပြုချက်များ၊ ငွေကြေးပြောင်းလဲမှုနှင့် တည်နေရာ သုံးစွဲခွင့် (Android ပလက်ဖောင်း၏ အစိတ်အပိုင်းတစ်ခု) တို့ ပါဝင်သည်။ တွင် တည်နေရာ ဝန်ဆောင်မှုများကို ပိတ်နိုင်ပါသည် သို့မဟုတ် မည်သည့် အချိန်တွင်မဆို အက်ပ်တစ်ခု၏ တည်နေရာ ဝန်ဆောင်မှုများ အသုံးပြုခြင်းကို ပိတ်နိုင်ပါသည်။

2.7 ကျွန်ုပ်တို့၏ တရားဝင် အကျိုးစီးပွားများပေါ် အခြေခံ၍ ဒေတာများကို ဆောင်ရွက်ပါသည်။ စုဆောင်းထားသော စက် အချက်အလက်များ၊ သက်ဝင်လုပ်ဆောင်မှု ဒေတာများ၊ နိုင်ငံ အချက်အလက်များနှင့် ပြင်ပ အဖွဲ့အစည်း ဒေတာများကို အသုံးပြု၍ ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှု ထိရောက်မှုကို မြှင့်တင်ရန်၊ ဈေးကွက်ဝေစုနှင့် ထုတ်ကုန် ပြန်လည်ဝယ်ယူမှုနှုန်းကို အကဲဖြတ်ဆန်းစစ်ရန်နှင့် အရောင်းချန်နယ်များကို စီမံခန့်ခွဲရန် စာရင်းအင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ပါသည်။

2.8 လုံခြုံရေး အက်ပ်တွင် လုံခြုံရေးနှင့် စနစ် ထိန်းသိမ်းရေး ဖီချာများကို အသုံးပြုရန်။ ဥပမာများတွင် လုံခြုံရေးစကင်န်များ၊ ဘက်ထရီ ကာကွယ်ရေး ပရိုဂရမ်များ၊ ပိတ်ဆို့စာရင်း၊ ရှင်းလင်းရေး ပရိုဂရမ်များ နှင့် ပုံမှန်မဟုတ်သော အကောင့်များကို ပိတ်ခြင်းတို့ ပါဝင်သည်။

2.9 ကြော်ငြာ လုပ်ဆောင်ချက်ကို အကဲဖြတ်ရန် ရည်ရွယ်ချက်ဖြင့် အတင်းတွန်း ဝန်ဆောင်မှုနှင့် သတိပေး ဝန်ဆောင်မှုများ ပေးအပ်ရန်နှင့် ဆော့ဝဲလ် အဆင့်မြှင့်ခြင်း သို့မဟုတ် အရောင်းနှင့် အရောင်းမြှင့်တင်မှုများနှင့် ပတ်သက်သည့် အချက်အလက်များအပါအဝင် ထုတ်ကုန်အသစ် ကြေညာခြင်းနှင့် ပတ်သက်၍ hiOS ဝန်ဆောင်မှုမှ သတိပေးချက်များ ပေးပို့ရန် ကျွန်ုပ်တို့သည် အပလီကေးရှင်း သင့်တော်သည့် အချက်အလက် (ဥပမာ အက်ဗားရှင်း အိုင်ဒီ၊ APK အမည်) နှင့် စက်ပစ္စည်း သင့်တော်သည့် အချက်အလက် (ဥပမာ မော်ဒယ်အမျိုးအစား၊ အမှတ်တံဆိပ်) များကို ရယူပါလိမ့်မည်။ ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများနှင့်/သို့မဟုတ် ရွေးချယ်ထားသော ပြင်ပ အဖွဲ့အစည်း၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးကမ်းသော သို့မဟုတ် ကြေညာသော အတင်းတွန်း စာတိုများကို သင့်အား ပေးပို့ရန် ရည်ရွယ်ချက်အတွက် အသုံးပြုနိုင်ပါသည်။ ၎င်းကို သက်ဆိုင်ရာ ဥပဒေများအောက်တွင် လိုအပ်ချက်အတိုင်း သင်၏ ခွင့်ပြုချက်များဖြင့်သာလျှင် ဆောင်ရွက်ပါသည်။ သင်သည် “ဆက်တင်များ” ရှိ “အပလီကေးရှင်းနှင့် သတိပေးခြင်း” တွင် သင်၏ ဦးစားပေးများကို ပြောင်းလဲခြင်း သို့မဟုတ် TECNO အတင်းတွန်းကို အသုံးပြုသော ပြင်ပအက်ပ်/ဝဘ်ဆိုက်မှတစ်ဆင့် သင်၏ ဦးစားပေးများကို စီမံခြင်းဖြင့် မည်သည့်အချိန်တွင်မဆို ကျွန်ုပ်တို့နှင့် ပြင်ပအဖွဲ့အစည်းများမှ စျေးကွက်တိုးချဲ့ရေး အချက်အလက်များ ရယူခြင်းမှ ရပ်တန့်နိုင်ပါသည်။ သင်သည် အောက်တွင် "သင့်ကိုယ်ရေး အချက်အလက်ဆိုင်ရာ သင်၏ အခွင့်အရေး" အပိုင်းအတွက် နောက်ထပ် အချက်အလက်များကို ရနိုင်ပါသည်။

2.10 ကြော်ငြာများအပါအဝင် တစ်ကိုယ်ရေအတွက် ပြုလပ်ထားသော ဝန်ဆောင်မှုများနှင့် အကြောင်းအရာများ ပေးအပ်ရန်။ သင်၏ ကိုယ်ရေး လုံခြုံမှုကို ပိုမို ကာကွယ်နိုင်စေရန်အတွက် ကျွန်ုပ်တို့သည် သင့်အား တစ်ကိုယ်ရေအတွက် ပြုလုပ်ထားသော ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ ကြော်ငြာနှင့် အခြား လုပ်ဆောင်ချက်များအား ပေးအပ်ရန် သင်၏ အမည်၊ အီးမေးလ် သို့မဟုတ် သင့်အား တိုက်ရိုက် သိစေနိုင်သည့် အချက်အလက်များထက် သင့်အတွက် သီးသန့်ဖြစ်သည့် အမှတ်အသားတစ်ခုကို အသုံးပြုပါသည်။ ကျွန်ုပ်တို့သည် အထက်ပါ ဖော်ပြထားသော အချက်အလက်များကို စိတ်ဖြာလေ့လာခြင်းနှင့် (သင့် ကိုယ်ရေး အချက်အလက်များကို အဆစ်ပိုင်း တစ်ခု သို့မဟုတ် ထို့ထက်ပို၍ ထည့်ထားသော) အဆစ်ပိုင်းများ တည်ဆောက်ခြင်းဖြင့် ပရိုဖိုင်းများ ဖန်တီးနိုင်ပါသည်။ ဦးတည် ကြော်ငြာခြင်းကို သက်ဆိုင်ရာ ဥပဒေများမှ လိုအပ်သော အတိုင်းအတာထိသာလျှင် သင်၏ ခွင့်ပြုချက်များဖြင့် ဆောင်ရွက်ပါလိမ့်မည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ အကြောင်းအရာနှင့် ကြော်ငြာများကို ပေးအပ်ရန် ပိုမိုကောင်းမွန်စေရန် (ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများနှင့် အခြား ချိတ်ဆက် စက်ပစ္စည်းများကဲ့သို့သော အမျိုးမျိုးသော ဝန်ဆောင်မှုများ သို့မဟုတ် စက်ပစ္စည်းများနှင့် ပတ်သက်သည့် အချက်အလက်အပါအဝင်) အခြား အချက်အလက်များနှင့် ရှေ့တွင် ဖော်ပြခဲ့ပြီးသော အချက်အလက်များကို ပေါင်းနိုင်ပါသည်။ သင့်တွင် တိုက်ရိုက် အရောင်းမြှင့်တင်ခြင်းနှင့် အလိုအလျောက် ဆုံးဖြတ်ချက်များ ပြုလုပ်ရန် ရည်ရွယ်ချက်များအတွက် သိမှတ်ပြုမှု စိတ်ဖြာလေ့လာခြင်းများ အပါအဝင် မည်သည့်အချိန်တွင်မဆို သုံးစွဲသူ ပရိုဖိုင်း လုပ်ခြင်းကို ငြင်းဆန်ရန်နှင့် တစစ်ကိုယ်ရေ ပြုလုပ်ထားသော ကြောြငာများကို ရယူနေခြင်းမှ ရပ်တန့်ရန် အခွင့်အရေး ရှိပါသည်။ ဤအခွင့်အရေးကို ကျင့်သုံးရန် သင်သည် အလားတူ ဆော့ဝဲလ်နှင့် ထုတ်ကုန်များတွင် ရပ်တန့်ရန် ရွေးစရာမှတစ်ဆင့် မည်သည့်အချိန်တွင်မဆို ရပ်တန့်နိုင်ပါသည်။

 

II. ကွတ်ကီးနှင့် ထိုနည်းတူ နည်းပညာများကို ကျွန်ုပ်တို့ အသုံးပြုသည့် နည်းလမ်း

1. ကွက်ကီးများနှင့် အလားတူ နည်းပညာဆိုသည်မှာ အဘယ်နည်း။

ကွက်ကီးများသည် သေးငယ်သော စာဖိုင်များဖြစ်ပြီး ဤဆော့ဝဲသည် ပုံမှန်လည်ပတ်ကြောင်းနှင့် သင်သည် ၎င်းကို အဆင်ပြေချောမွေ့စွာ ဝင်ရေက်နိုင်ကြောင်း သေချာစေရန် ကျွန်ုပ်တို့မှ သင်၏ မိုဘိုင်း စက်ပစ္စည်းပေါ်တွင် သိမ်းဆည်းထားပါသည်။ ကွက်ကီးများတွင် သိမှတ်နိုင်သည့် အရာများ၊ ဆိုက် အမည်များနှင့် အခြား နံပါတ်များနှင့် အက္ခရာများ ပါဝင်လေ့ ရှိပါသည်။ ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များ၊ အွန်လိုင်း ဝန်ဆောင်မှုများ၊ အပြန်အလှန်တုံ့ပြန်သည့် အပလီကေးရှင်းများ၊ အီးမေးလ်နှင့် အခြားအချက်အလက် ဝန်ဆောင်မှုများသည် ကွက်ကီးနှင့် ပစ်ဇယ်အညွန်းများနှင့် ဝဘ်အချက်ပြကဲ့သို့သော အလားတူ နည်းပညာများကို အသုံးပြုနိုင်ပါသည်။ ကျွန်ုပ်တို့သည် ကွက်ကီးများနှင့် အလားတူ နည်းပညာများကို ကိုယ်ရေးမဟုတ်သော အချက်အလက်များအဖြစ် ယေဘုယျအားဖြင့် မှတ်ယူပါသည်။ ၎င်းတို့တွင် သင်၏ ကိုယ်ရေးကိုယ်တာ သိမှတ်နိုင်သော မည်သည့် အချက်အလက်များမဆို မပါဝင်သောကြောင့် ဖြစ်ပါသည်။ သို့သော်လည်း သက်ဆိုင်ရာ နိုင်ငံများ၏ ဥပဒေများမှ ကိုယ်ရေး အချက်အလက်အဖြစ် သတ်မှတ်ထားသော အင်တာနက် ပရိုတိုကော (IP) လိပ်စာများနှင့် အခြား သိမှတ်နိုင်သည့် ပစ္စည်းများကို သတ်မှတ်နိုင်သည့် အတိုင်းအတာအထိ ကျွန်ုပ်တို့သည် သက်ဆိုင်ရာ နိုင်ငံများ၏ ဥပဒေများကိုလည်း လိုက်နာပါလိမ့်မည်။

2. ကွက်ကီးများနှင့် အလားတူ နည်းပညာများကို အဘယ်ကြောင့် ကျွန်ုပ်တို့ အသုံးပြုသနည်း

သင်၏ စက်ပစ္စည်းပေါ်ရှိ မိုဘိုင်း ဆော့ဝဲလ် အသုံးပြုခြင်းကို ပိုမိုကောင်းမွန်စွာ နားလည်ရန်၊ သင်သည် အက်ပ်ကို အသုံးပြုသည့် အကြိမ်ရေ၊ အက်ပ်အတွင်း ဖြစ်သည့် ဖြစ်ရပ်များ၊ စုပေါင်း အသုံးပြုမှု၊ ဆောင်ရွက်ချက် အချက်အလက်နှင့် အက်ကို ဒေါင်းလုတ် ရယူသည့်နေရာများကို နားလည်ရန် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ မိတ်ဖက်များသည် ကွက်ကီးများ သို့မဟုတ် အလားတူ ခြေရာခံ နည်းပညာများကို အသုံးပြုပါသည်။ လားရာများကို စိတ်ဖြာလေ့လာရန် ဆိုက်ကို စီမံရန်၊ ဆိုက်ပေါ်တွင် သုံးစွဲသူ အပြုအမူများကို ခြေရာခံရန်နှင့် တစ်ခုလုံးအနေဖြင့် ကျွန်ုပ်တို့၏ သုံးစွဲသူ အခြေခံကိုနှင့် ပတ်သက်ဤ ကိန်းဂဏာန်း အချက်အလက်များကို ရယူရန် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ မိတ်ဆက်များသည် ကွက်ကီးများ သို့မဟုတ် အလားတူ နည်းပညာများကို အသုံးပြုပါသည်။ ဥပမာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များပေါ်တွင် ကြော်ငြာများကို ပြသရန် သို့မဟုတ် ကျွန်ုပ်တို့၏ ကြော်ငြာများကို အခြားဝဘ်ဆိုက်များ ပေါ်တွင် စီမံရန် ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ ပြင်ပ မိတ်ဖက်များသည် သင်၏ ဘရောက်ဇာတွင် ရှာဖွေခြင်း ရာဇဝင်များနှင့် စိတ်ဝင်စားမှုများအပေါ် အခြေခံ၍ သင့်အား ကြော်ငြာများပြသရန် ကွက်ကီးများ သို့မဟုတ် အလားတူ ခြေရာခံ နည်းပညာများကို အသုံးပြုနိုင်ပါသည်။

ကျွန်ုပ်တို့သည် ဤမူဝါဒတွင် ဖော်ပြထားသော အရာများမှ လွဲ၍ မည်သည့် ရည်ရွယ်ချက်များအတွက်မဆို ကွက်ကီးများကို အသုံးပြုလိမ့်မည် မဟုတ်ပါ။ သင်သည် သင်၏ ဦးစားပေးများအတိင်း ကွက်ကီးများကို စီမံနိုင်သည် သို့မဟုတ် ဖျက်ပစ်နိုင်ပါသည်။ သင်သည် သက်ဆိုင်ရာ ဆော့ဝဲလ်နှင့် ထုတ်ကုန်၏ “ဆက်တင်များ” မှတစ်ဆင့် သင်၏ မိုဘိုင်း စက်ပစ္စည်းပေါ်တွင် သိမ်းဆည်းထားသော ကွက်ကီးများအားလုံးကို ရှင်းလင်းနိုင်ပါသည် လမ်းကြောင်းများသည် စက်ပစ္စည်းနှင့် ဝန်ဆောင်မှု မတူညီပါက အနည်းငယ် ကွဲပြားနိုင်ပါသည်)။ သို့မဟုတ် သင်သည် ခြေရာခံမလိုက်ရန်နှင့် မိုဘိုင်း စက်ပစ္စည်းကို ရီစက်ချခြင်း (ပါဝင် အကြောင်းအရာနှင့် အချက်အလက်များကို ဖယ်ရှားခြင်း) ဖြင့် သို့မဟုတ် ကွက်ကီးများအားလုံးကို ဖျက်ခြင်းဖြင့် စိတ်ဝင်စားမှုအပေါ် အခြေပြုသော ကြော်ငြာများကို ရပ်တန့်နိုင်ပါသည်။

 

III. သင့်ကိုယ်ရေး အချက်အလက်ကို ကျွန်ုပ်တို့ သိုလှောင်ကာကွယ်သည့် နည်းလမ်း

1. သင်၏ ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့ သိမ်းဆည်းပုံနည်းလမ်း

သင်၏ ခွင့်ပြုချက်ဖြင့် ရယူသော ကိုယ်ရေး အချက်အလက်များကို သက်ဆိုင်ရာ နိုင်ငံများ၏ ကိုယ်ရေး အချက်အလက် ကာကွယ်ရေးနှင့် ပတ်သက်သည့် ဥပဒေများနှင့် နည်းဥပဒေများအတိုင်းသာ သိမ်းဆည်းထားပါလိမ့်မည်။ ဒေသန္တရဥပဒေများနှင့် နည်းဥပဒေများမှ တားမြစ်ထားခြင်း မရှိသည့် အတိုင်းအတာအထိ ကျွန်ုပ်တို့သည် စီပွားရေး လုပ်ငန်း လုပ်ဆောင်သော နိုင်ငံပြင်ပ တိုင်းပြည်များ သို့မဟုတ် ဒေသများတွင် ရယူထားသော ကိုယ်ရေး အချက်အလက် များကိုလည်း သိမ်းဆည်းထားနိုင်ပါသည်။

လက်ရှိတွင် TECNO သည် သင့်ကိုယ်ရေး အချက်အလက်များကို အိန္ဒိယ၊ ရုရှား၊ အိုင်ယာလန်၊ စင်ကာပူ နှင့်/သို့မဟုတ် ဖရန့်ခ်ဖတ်တွင် သိမ်းဆည်းနိုင်ပါသည်။ အထူးသဖြင့်-

အိန္ဒိယတွင် ကျွန်ုပ်တို့ လုပ်ငန်း လုပ်ဆောင်နေစဉ်အတွင်း ရယူသော ထွက်လာသော ကိုယ်ရေး အချက်အလက် များကို အိန္ဒိယတွင် တည်ရှိသော ဆာဗာများတွင် သိမ်းဆည်းထားပါလိမ့်မည်။

ရုရှားနိုင်ငံတွင် ကျွန်ုပ်တို့၏ လုပ်ငန်းများကို လည်ပတ်ဆောင်ရွက်ချိန်အတွင်း စုဆောင်းရယူပြီး ထုတ်ပေးသော ကိုယ်ရေး အချက်အလက်များကို ရုရှားတွင် တည်ရှိသည့် ဆာဗာများ၌ သိမ်းဆည်းပါမည်။

အိန္ဒိယနိုင်ငံပြင်ပ၌ ကျွန်ုပ်တို့၏ လုပ်ငန်းများ ဆောင်ရွက်ချိန်တွင် စုဆောင်းရယူပြီး ထုတ်ပေးသော ကိုယ်ရေး အချက်အလက်များကို အိုင်ယာလန်၊ စင်ကာပူ နှင့်/သို့မဟုတ် ဖရန့်ခ်ဖတ်တို့တွင် တည်ရှိသည့် ဆာဗာများ၌ သိမ်းဆည်းပါမည်။

ကျွန်ုပ်တို့သည် လုပ်ငန်း တည်ရှိသော နိုင်ငံတွင်ဖြစ်စေ၊ အခြားနိုင်ငံများ သို့မဟုတ် ဒေသများတွင် ကိုယ်ရေး အချက်အလက်များကို သိမ်းဆည်းခြင်းသည် ဥပဒေများနှင့် နည်းဥပဒေများကို မချိုးဖောက်သော အတိုင်းအတာအထိ အခြားနိုင်ငံများ သို့မဟုတ် ဒေသများတွင်ဖြစ်စေ ကိုယ်ရေး အချက်အလက်ကို သိမ်းဆည်းပါက ကျွန်ုပ်တို့သည် အချက်အလက် သိုလှောင်သိမ်းဆည်းရာတွင် သင့်လျော်သည့် ဥပဒေများနှင့် နည်းဥပဒေများနှင့် အညီ ထိန်းသိမ်း ပါလိမ့်မည်။ ဝန်ဆောင်မှု၏ သဘောသဘာဝ၊ ဒေတာ စီမံဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်နှင့် နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် ဥပဒေရေးရာ တောင်းဆိုမှုများအတွက် ကိုယ်ရေးအချက်အလက်များနှင့် သက်ဆိုင်နေမည့် ကြာချိန်အပေါ် မူတည်ပြီး (သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းများက အခြားတစ်နည်းနည်းဖြင့် သတ်မှတ်ထားခြင်း မရှိလျှင်) သင်၏ဒေတာများကို နောက်ဆုံး မွမ်းမံပြင်ဆင်ခဲ့သည့်၊ အသုံးပြုခဲ့သည့် သို့မဟုတ် စီမံဆောင်ရွက်ခဲ့သည့်နေ့မှစ၍ အများဆုံး 3 နှစ်ကြာ ယေဘုယျအားဖြင့် ထိန်းသိမ်းထားပါမည်။ အချို့သောဝန်ဆောင်မှုများသည် မတူညီသော သီးခြားထိန်းသိမ်းမှု အချိန်ကာလများကို လက်ခံကျင့်သုံးနိုင်ပါသည်၊ အသေးစိတ်အချက်အလက်အတွက် ယင်းဝန်ဆောင်မှု သို့မဟုတ် သက်ဆိုင်ရာ ထုတ်ကုန် စာမျက်နှာကို ကိုးကားဖတ်ရှုနိုင်ပါသည်။ တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် ကိုယ်ရေး အချက်အလက်များ စီမံဆောင်ရွက်ခြင်း၏ ဝသေသများ၊ အတိုင်းအတာနှင့် ရည်ရွယ်ချက်၊ စီမံဆောင်ရွက်စဉ်တွင် တွေ့ကြုံနိုင်သော ဘေးအန္တရာယ်များနှင့် ထိခိုက်မှုကြောင့် ဖြစ်လာသော ပြင်းထန်သည့် အကျိုးဆက် အစရှိသည်တို့ကိုလည်း ထည့်သွင်းစဉ်းစားလိမ့်မည် ဖြစ်ပြီး လိုအပ်သော လုံခြုံရေး စီမံဆောင်ရွက်ချက်များကို အကောင်အထည် ဖော်ပါလိမ့်မည်။ ဥပမာ ရယူထားသော ကိုယ်ရေး အချက်အလက်များကို သိမ်းဆည်းရန် စာဝှက်ခြင်းနှင့် သိမှတ်နိုင်သည့် အချက်အလက်ဖယ်ရှားခြင်း နည်းလမ်းများကို အသုံးပြုပါလိမ့်မည်။ ကျွန်ုပ်တို့သည် ဥပဒေတွင် ဖော်ပြထားသော အတိုတောင်းဆုံး သိုလှောင်ကာလ အချက်အလက်ကိုလည်း သိမ်းထားပါလိမ့်မည်။ ဥပဒေတွင် ဖော်ပြမထားသော ဖြစ်ရပ်များအတွက် ကျွန်ုပ်တို့သည် လုပ်ငန်းအတွက် လိုအပ်သော အတိုတောင်းဆုံး သိုလှောင်ကာလနှင့်အညီ အချက်အလက်များကို ထိန်းသိမ်းထားပါ လိမ့်မည်။ သိုလှောင်ကာလထက် ကြာသော အချက်အလက်များ သို့မဟုတ် ကျွန်ုပ်တို့အား ဖျက်ရန် သင် တောင်းဆိုသော အချက်အလက်များအတွက် ကျွန်ုပ်တို့သည် ဆိုခဲ့ပြီးသော အချက်အလက်များကို သင့်တော်သလို ဖျက်လိမ့်မည် ဖြစ်သည် သို့မဟုတ် သင့်လျော်သည့် ဥပဒေများနှင့် နည်းဥပဒေများကို မချိုးဖောက်ဘဲ အခြား သင့်တော်သည့် စီမံဆောင်ရွက်မှုများကို ပြုလုပ်ပါလိမ့်မည်။

2. သင်၏ ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့ ကာကွယ်ပုံနည်းလမ်း

ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး အချက်အလက်လုံခြုံရေးကို ကာကွယ်ရန်နှင့် အလွဲသုံးခြင်း၊ ခွင့်မပြုသော အသုံးပြုခြင်းနှင့် ခွင့်မပြုသော ပြင်ဆင်ခြင်း၊ ထုတ်ဖော်ပြောဆိုခြင်း သို့မဟုတ် ဖျက်ဆီးခြင်း အစရှိသည်တို့မှ အချက်အလက်များကို ကာကွယ်ရန် အခြား လိုအပ်သည့် စီမံဆောင်ရွက်မှုများကို လုပ်ဆောင်ပါလိမ့်မည်။

ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး အချက်အလက်များကို ကာကွယ်ရန် ပုံစံထုတ်ထားသော လုံခြုံရေး အကာအကွယ်များကို အကောင်အထည်ဖော်ပြီး ဖြစ်နိုင်သော ထိခိုက်မှုများနှင့် တိုက်ခိုက်မှုများအတွက် ကျွန်ုပ်တို့၏ စနစ်များကို ပုံမှန်စောင့်ကြည့် ပါသည်။ ကျွန်ုပ်တို့သည် ကိုယ်ရေး အချက်အလက်အမျိုးအစား၊ စီမံဆောင်ရွက်ခြင်းနှင့် ၎င်းတို့ဘာသာ တာဝန်ယူ လုပ်ဆောင်သော ဘေးအန္တရာယ်များကို ရယူခြင်းဖြင့် သင်၏ ကိုယ်ရေး အချက်အလက်များကို ကာကွယ်ရန် စီမံအုပ်ချုပ်ရေး၊ နည်းပညာဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်များကို အသုံးပြုပါသည်။ ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံစေရန် ထိုအကာအကွယ်များကို ပိုမိုကောင်းမွန်စေရန် အဆက်မပြတ် လုပ်ဆောင်နေပါသည်။

သို့သော်လည်း ကျွန်ုပ်တို့သည် စီမံဆောင်ရွက်ချက်များသည် မည်မျှင်ပင် ကောင်းမွန်သည်ဖြစ်ပါစေ အချက်အလက် သိုလှောင်မှု လုံခြုံရေး မတော်တဆများဖြစ်ပွားခြင်းကို ရှောင်ရှားရန် အပြည့်အဝ အာမခံချက် မရှိကြောင်း သင့်အား သတိပေးရန် လိုအပ်ပါသည်။ အချက်အလက် ချိုးဖောက်မှု ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ပါက ကျွန်ုပ်တို့သည် သင့်လျော်သော ဥပဒေများနှင့် နည်းဥပဒေများမှ လိုအပ်ချက်များအတိုင်း သက်ဆိုင်ရာ ထိန်းသိမ်းကြီးကြပ်ရေး အာဏာပိုင်များထံသို တိုင်ကြားလိမ့်မည် ဖြစ်ပြီး ချိုးဖောက်မှုတွင် ပါဝင်သော ကိုယ်ရေးအချက်အလက် အမျိုးအစား၊ အချက်အလက်ပစ္စည်းများ အရေအတွက်၊ ချိုးဖောက်ခြင်း၏ ဖြစ်နိုင်သော အကျိုးဆက်များနှင့် ကြီးကြပ်ရေး အာဏာပိုင်များ၏ လိုအပ်ချက်များအတိုင်း ကျွန်ုပ်တို့ လုပ်ဆောင်လိုသည့် ပြန်လည် ကုစားရေး စီမံဆောင်ရွက်ချက်များကို လုပ်ဆောင်ပေးပါလိမ့်မည်။ ကျွန်ုပ်တို့သည် အချက်အလက်ချိုးဖောက်ခြင်း၏ ပျက်စီးမှုနှင့် အကျိုးဆက်များကို ပြန်လည် ကုစားရန် သို့မဟုတ် လျော့ချရန် ဖြစ်နိုင်သမျှ အကောင်းဆုံး နည်းလမ်းများကို လုပ်ဆောင်ပါလိမ့်မည်။ ဥပဒေများနှင့် နည်းဥပဒေများမှ ခွင့်ပြုသော အခါ သို့မဟုတ် လိုအပ်သောအခါ ကျွန်ုပ်တို့သည် အချိန်နှင့် တပြေးညီ ဖြစ်နိုင်သော အကျိုးဆက်များ သို့မဟုတ် ထူးထူးခြားခြား ထိခိုက်ပျက်စီးမှုများကို သင့်အား အကြောင်းကြားပါလိမ့်မည်။ သို့မှသာ သင်သည် သင်၏ အခွင့်အရေးကို တတ်နိုင်သမျှ ကာကွယ်ရန် သင့်တော်သည့် လုပ်ဆောင်ချက်များကို ချက်ခြင်း လုပ်ဆောင်နိုင်ပါသည်။

ဘေးကင်း လုံခြုံသော ဝဘ်ဆိုက်၊ အင်တာနက် ကူးပြောင်းခြင်း၊ ကွန်ပျူတာ စနစ်နှင့် ဝိုင်ယာမဲ့ ဆက်သွယ်မှုများ လုံးဝ မရှိပါ။ ကျွန်ုပ်တို့ လုပ်ဆောင်ပြီးသော လိုအပ်သည့် အကာအကွယ် ဆောင်ရွက်ချက်များအပြင် သုံးစွဲသူများသည် ကိုယ်ရေး လုံခြုံမှု ဘေးအန္တရာယ် အသိပညာကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရပါသည်။ ဥပမာ သင်သည် ပြင်ပအဖွဲ့အစည်း ဝဘ်ဆိုက်၊ လင့်ခ်များ၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို ကျွန်ုပ်တို့၏ ဝန်ဆောင်မှုထံမှ ထိုဝဘ်ဆိုက်များ၊ လင့်ခ်များ၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများမှ ကောက်ခံသော မည်သည့် အချက်အလက်မဆို၏ လုံခြုံရေးအတွက် ဝင်ရောက်သောအခါ ထို ပြင်ပ အဖွဲ့အစည်းများ၏ စည်းကမ်းနှင့် သတ်မှတ်ချက်များကို ဂရုတစိုက် ဖတ်ရှုပါ။ ကျွန်ုပ်တို့သည် ထို ပြင်ပအဖွဲ့အစည်းများကြောင့် ဖြစ်သော အချက်အလက် လုံခြုံရေး ပြဿနာများအတွက် မည်သည့် ဥပဒေဆိုင်ရာ တာဝန်များကိုမှ ယူမည် မဟုတ်ပါ။ ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များ၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများရှိ အချို့သော အကြောင်းအရာများ၊ ကြော်ငြာများ သို့မဟုတ် ဖီချာများကို ပြင်ပအဖွဲ့အစည်းတစ်ရပ်မှ ပေးအပ်နိုင်မည်ဖြစ်ပြီး သင်၏ ကိုယ်ရေး လုံခြုံမှုနှင့် ဘေးကင်းမှုကို ဘေးအန္တရာယ် ပေးကောင်း ပေးနိုင်ကြောင်း တွေ့ရှိပါက ကျွန်ုပ်တို့အား ချက်ခြင်း ဆက်သွယ်ပါ။ ကျွန်ုပ်တို့သည် ၎င်းကို ဥပဒေများ၊ နည်းဥပဒေများနှင့်အညီ ဦးစားပေး ကိုင်သွယ်ပါလိမ့်မည်။

 

IV. သင့်ကိုယ်ရေး အချက်အလက်ကို ကျွန်ုပ်တို့ မျှဝေ၊ ကူးပြောင်း၊ ထုတ်ဖော်ပြောဆိုသည့် နည်းလမ်း

သင်၏ ကိုယ်ရေး အချက်အလက်များကို မျှဝေခြင်း၊ ကူးပြောင်းခြင်းနှင့် ထုတ်ဖော်ပြောဆိုခြင်းတို့ ပြုလုပ်သော အခါ ကျွန်ုပ်တို့သည် အနည်းဆုံး ဖြစ်ခြင်း၊ လိုအပ်ခြင်းနှင့် တရားဝင်ဖြစ်ခြင်း သဘောတရားနှင့် လိုအပ်ချက်များကို ထိန်းသိမ်းပါသည်။ သာမန် အခြေအနေအောက်တွင် ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး အချက်အလက်ကို ပြင်ပသို့ မျှဝေခြင်း၊ ကူးပြောင်းခြင်း သို့မဟုတ် ထုတ်ဖော်ပြောဆိုခြင်း မပြုပါ။ သို့သော်လည်း သက်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၏ ခွင့်ပြုထားသည့် အတိုင်းအတာအထိ ကျွန်ုပ်တို့သည် အောက်ပါအခြေအနေ များတွင် သင်၏ ကိုယ်ရေး အချက်အလက်များကို မျှဝေ၊ ကူးပြောင်းပြီး ထုတ်ဖော်ပြောဆိုနိုင်ပါသည် -

1. သင်၏ ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့ မျှဝေပုံနည်းလမ်း

ကျွန်ုပ်တို့သည် ပြင်ပ အဖွဲ့အစည်းများသို့ မည်သည့် ကိုယ်ရေး အချက်အလက်များကိုမဆို ရောင်းချခြင်း မပြုပါ။ သင့်အား အချိန်နှင့်အမျှ ဝင်ဆောင်မှုများ ပေးအပ်ရန် သင်၏ ကိုယ်ရေး အချက်အလက်များကို TECNO တွဲဖက် ကုမ္ပဏီများဖြင့် မျှဝေပါလိမ့်မည်။ ကျွန်ုပ်တို့သည် တရားဝင်နှင့် ပြည့်စုံစွာ ဖော်ပြထားသော ရည်ရွယ်ချက်များအတွက် TECNO ၏ တွဲဖက် ကုမ္ပဏီများအတွင်းသာလျှင် သင်၏ အချက်အလက်များကို မျှဝေပါလိမ့်မည်။ ဝန်ဆောင်မှုများ ပေးအပ်ရန် လိုအပ်သော အချက်အလက်များကိုသာလျှင် မျှဝေပါလိမ့်မည်။ ဤကိုယ်ရေးလုံခြုံမှု မူဝါဒတွင် ရေးသားထားသော ရည်ရွယ်ချက်ဘောင်များအတွင်းသာ လုပ်ကိုင်ပါလိမ့်မည်။ သက်ဆိုင်သော ရည်ရွယ်ချက်တစ်ခုသည် ဤမူဝါဒတွင် မပါဝင်ပါက ကျွန်ုပ်တို့သည် အလားတူ ကိုယ်ရေးလုံခြုံမှု မူဝါဒ သို့မဟုတ် တိကျသော ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှု သတိပေးချက်တွင် ၎င်းကို ဖော်ပြပါလိမ့်မည်ဖြစ်သည်။

အချို့သော ဖီချာများ၏ လုပ်ဆောင်ချက်အတွက် သို့မဟုတ် ပိုကောင်းသော ဝန်ဆောင်မှုနှင့် ပိုမိုကောင်းမွန်သည့် သုံးစွဲသူ အတွေ့အကြုံတစ်ခုကို သင့်အား ပေးအပ်နိုင်ရန် ကျွန်ုပ်တို့သည် လိုအပ်သော ကိုယ်ရေး အချက်အလက်များကို (နည်းပညာ ဝန်ဆောင်မှု ပေးသူများ၊ အချက်အလက် သိုလှောင်မှု ဝန်ဆောင်မှုပေးသူများ၊ ရောင်းချပြီးနောက် ဝန်ဆောင်မှု ပေးသူများ၊ စျေးကွက်မြှင့်တင်ရေး ဝန်ဆောင်မှု ပေးသူများ၊ ပြင်ပ SDK ဝန်ဆောင်မှုပေးသူများ အစရှိသည်တို့ အပါအဝင်) ခွင့်ပြုထားသည့် ပြင်ပအဖွဲ့အစည်း မိတ်ဖက်များအား မျှဝေနိုင်ပါသည်။ ဥပမာ သင်သည် TECNO ထုတ်ကုန်များကို ဝယ်ယူသောအခါ TECNO သည် ပစ္စည်းပေးပို့မှုကို စီစဉ်ရန် ရောင်းချပြီးနောက် ဝန်ဆောင်မှုများကို သင့်အား ပေးအပ်သောအခါ ကျွန်ုပ်တို့သည် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုနှင့် ပံ့ပိုးမှုများ ပေးစွမ်းနိုင်ရန် ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှု ပေးသူများကို သင်၏ သင့်လျော်သော ကိုယ်ရေး အချက်အလက်များ ပေးအပ်ရန် လိုအပ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို မြှင့်တင်ရန်အပြင် ကျွန်ုပ်တို့အကြောင်း အချက်အလက်များကို သင်ရရှိစေနိုင်ရန်နှင့် အဆိုပါ မီဒီယာပလက်ဖောင်းများမှ ကြော်ငြာပရိုမိုးရှင်းများကို အခါအားလျော်စွာ ရရှိနိုင်စေရန် ကျွန်ုပ်တို့သည် ပြင်ပအဖွဲ့အစည်း မီဒီယာ ပလက်ဖောင်းများနှင့် ပူးပေါင်းလုပ်ဆောင်ပြီး သင်၏ ကြော်ငြာအိုင်ဒီကို ၎င်းတို့နှင့် မျှဝေနိုင်ပါသည်။ ကျွန်ုပ်တို့၏ နည်းပညာဝန်ဆောင်မှု ထောက်ပံ့ပေးသူများသည် ဆော့ဖ်ဝဲ ပုံမှန်လုပ်ဆောင်စေရန် ကလောက်ဒ် ဝန်ဆောင်မှုကို ပံ့ပိုးပေးပါမည်။ ကျွန်ုပ်တို့သည် အဆိုပါ မျှဝေခြင်းများကို ဆောင်ရွက်ရန် အနည်းဆုံး ဖြစ်ခြင်း၊ လိုအပ်ခြင်းနှင့် တရားဝင်ဖြစ်ခြင်း သဘောတရားနှင့် လိုအပ်ချက်များကို ထိန်းသိမ်းပါသည်။ အချက်အလက်များကို မမျှဝေခင်တွင် ကျွန်ုပ်တို့သည် ခွင့်ပြု မိတ်ဖက်များနှင့် တင်းကြပ်သော လျို့ဝှက်မှု သဘောတူညီချက်များကို လက်မှတ်ရေးထိုးလိမ့်မည်ဖြစ်ပြီး ဤမူဝါဒ၊ သင်၏ စီရင်ပိုင်ခွင့်နယ်ပယ်ရှိ သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ကိုယ်ရေး အချက်အလက်များကို စီမံဆောင်ရွက်ရန် သင့်လျော်သည့် လျို့ဝှက်မှုနှင့် လုံခြုံရေး စီမံဆောင်ရွက်ချက်များကို လုပ်ဆောင်ရန် ၎င်းတို့အား လိုအပ်နိုင်ပါလိမ့်မည်။ ထို့ပြင် ကျွန်ုပ်တို့သည် အချက်အလက် လုံခြုံရေး စွမ်းဆောင်နိုင်မှုများနှင့် အချက်အလက် လုံခြုံရေး အရည်အချင်းများ (ဥပမာ အဆင့် ကာကွယ်ရေး စစ်ဆေးခြင်း၊ အချက်အလက် လုံခြုံရေး စီမံမှု စနစ်) ကို ပေးအပ်ရန်လည်း ၎င်းတို့အား လိုအပ်နိုင်ပါလိမ့်မည်။ ကျွန်ုပ်တို့သည် ခွင့်ပြု မိတ်ဖက်တစ်ဦး သို့မဟုတ် အခြား အလားတူ အပလီကေးရှင်းများ၏ SDK ကို ဆော့ဝဲလ်တွင် ကပ်ထားသောအခါ ကျွန်ုပ်တို့သည် သင့်အား ချက်ခြင်း အကြောင်းကြားလိမ့်မည် ဖြစ်ပြီး သင်၏ အချက်အလက် လုံခြုံရေးကို ကာကွယ်ရန် အချက်အလက်များကို ရယူသော SDK ဝန်ဆောင်မှု ပေးသူကို တောင်းဆိုပါလိမ့်မည်။

အကဲဖြတ်ခြင်း၊ စိတ်ဖြာ လေ့လာခြင်း သို့မဟုတ် အခြား လုပ်ငန်း ဝန်ဆောင်မှုများကို ပေးအပ်ရန် ကျွန်ုပ်တို့သည် ကိုယ်ရေးမဟုတ်သော အချက်အလက်များကို ပြင်ပအဖွဲ့အစည်းများအားလည်း မျှဝေနိုင်ပါသည်။ ဥပမာ ကျွန်ုပ်တို့သည် ထိရောက်မှု၊ တုံ့ပြန်အကြံပြုချက်နှင့် ၎င်းတို့၏ ဝန်ဆောင်မှု အသုံးပြုမှု လားရာများကို မိတ်ဖက်များ (ဥပမာ ကြော်ငြာ ဝန်ဆောင်မှု ပေးသူများ) အား နားလည်အောင် ကူညီရန် စုစည်းထားသော အချက်အလက်များကို အသုံးပြုနိုင်ပါသည်။

ကုမ္ပဏီချင်း ပေါင်းခြင်း၊ ကုမ္ပဏီရှယ်ယာများ ရောင်းချခြင်း သို့မဟုတ် ဒေဝါလီခံရ၍ ရောင်းချခြင်း၊ ပစ္စည်း ကူးပြောင်းခြင်းနှင့် အခြား ဆက်စပ် ရောင်းဝယ်မှု ဖြစ်ရပ်များတွင် ကိုယ်ရေး အချက်အလက်ကူးပြောင်းမှုတစ်ခု ပါဝင်ပါက ကျွန်ုပ်တို့သည် သဘောတူညီချက်တစ်ခု သို့မဟုတ် အခြား သင့်တော်သည့် စီမံဆောင်ရွက်မှုများမှတစ်ဆင့် ဤမူဝါဒ ဆက်လက် လိုက်နာရန် သင်၏ ကိုယ်ရေး အချက်အလက်များကို ကိုင်တွယ်သော အုပ်စု သို့မဟုတ် အဖွဲ့အစည်းသစ်တစ်ခု လိုအပ်နိုင်ပါလိမ့်မည်။ ကျွန်ုပ်တို့သည် ကိုယ်ရေး အချက်အလက်များကို စီမံဆောင်ရွက်ရန် ဤမူဝါဒ၏ လိုအပ်ချက်များထက် မနည်းသော လျို့ဝှက်မှုနှင့် လုံခြုံရေး စီမံဆောင်ရွက်မှုများအတိုင်းအတာ လုပ်ဆောင်ရနိုင်ရန် လိုအပ်နိုင်ပါလိမ့်မည်။

2. သင်၏ ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့ ကူးပြောင်းပုံနည်းလမ်း

TECNO သည် အောက်ပါအခြေအနေများမှလွဲ၍ အခြား မည်သည့်အဖွဲ့အစည်းများကိုမဆို သင်၏ အချက်အလက်များကို ကူးပြောင်းပေးလိမ့်မည် မဟုတ်ပါ -

  1. (1) သင်၏ ပြည့်စုံစွာ ဖော်ပြထားသော ခွင့်ပြုချက် ရရှိခြင်း

  2. (2) TECNO သည် သင်၏ ကိုယ်ရေး အချက်အလက်ကို ထိခိုက်နိုင်သော ကုမ္ပဏီချင်း ပူးပေါင်းမှုတစ်ခု၊ ကုမ္ပဏီ ရှယ်ယာများ ရောင်းချခြင်း သို့မဟုတ် ၎င်းတို့၏ ပစ္စည်းများအားလုံး သို့မဟုတ် အစိတ်အပိုင်း ရောင်းချခြင်းတွင် ပါဝင်ပါက ကျွန်ုပ်တို့သည် အီးမေးလ်၊ ဝဘ်ဆိုက် သို့မဟုတ် နှစ်မျိုးလုံး သို့မဟုတ် အခြား သင့်တော်သည့် နည်းလမ်းများမှတစ်ဆင့် သင်၏ ကိုယ်ရေး အချက်အလက်ဆိုင်ရာ သင့်အခွင့်အရေးနှင့် ပိုင်ဆိုင်မှုတွင် မည်သည့်ပြောင်းလဲမှုများမဆိုနှင့် သင်၏ ကိုယ်ရေး အချက်အလက်နှင့် ပတ်သက်၍ သင်ပြုလုပ်နိုင်သော မည်သည့် ရွေးချယ်မှုများကိုမဆို သင့်အား အကြောင်းကြားရန် ထင်ရှားသည့် အသိပေးချက်တစ်ရပ်ကို ထုတ်ပြန် ပေးပါလိမ့်မည်။

  3. (3) ကိုယ်ရေးလုံခြုံမှု မူဝါဒတွင် ရှင်းပြထားသော သို့မဟုတ် အခြားနည်းလမ်းများဖြင့် သင့်အား သတိပေးသော ဖြစ်ရပ်များတွင်။

3. သင်၏ ကိုယ်ရေး အချက်အလက်ကို ကျွန်ုပ်တို့ ထုတ်ဖော်ပြောဆိုပုံနည်းလမ်း

ဥပဒေ လိုအပ်ချက်များ၊ ဥပဒေ လုပ်ထုံးလုပ်နည်းများ၊ တရားစွဲဆိုခြင်းနှင့်/သို့မဟုတ် အစိုးရဌာနများနှင့် အာဏာပိုင်များထံမှ တောင်းခံချက်များအရ TECNO သည် သင်၏ ကိုယ်ရေး အချက်အလက်များကို ထုတ်ဖော်ပြောဆိုရန် လိုအပ်နိုင်ပါသည်။ ထုတ်ဖော်ပြောဆိုခြင်းသည် နိုင်ငံတော်လုံခြုံရေး၊ ဥပဒေ အာဏာတည်ရေး သို့မဟုတ် အများပြည်သူအတွက် အရေးပါမှုဆိုင်ရာ အခြား ကိစ္စရပ်များအတွက် လိုအပ်ပါက သို့မဟုတ် သင့်တော်ပါက ကျွန်ုပ်တို့သည် သင်နှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ထုတ်ဖော်ပြောဆိုနိုင်ပါသည်။

ထို့ပြင် ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး အချက်အလက်များကို အောက်ပါတို့နှင့် မျှဝေနိုင်ပါသည် -

  1. (1) ကျွန်ုပ်တို့သည် ပညာရှင် အကြံပြုချက်များ ပေးအပ်ရန် တိုင်ပင်ဆွေးနွေးသောအခါ ကျွန်ုပ်တို့၏ အကျိုးဆောင်ရှေ့နေများ၊ ရှေ့နေများ၊ စာရင်းကိုင်များ၊ တည်းဖြတ်သူများ သို့မဟုတ် အလားတူ အတိုင်ပင်ခံများ

  2. (2) အမှန်တကယ် သို့မဟုတ် ဖြစ်နိုင်သော ရောင်းချခြင်းများ သို့မဟုတ် အခြား ကုမ္ပဏီ ရောင်းဝယ်မှုများ ဖြစ်လာနိုင်ပြီး TECNO အုပ်စုအတွင်း အဖွဲ့အစည်းများနှင့် ပတ်သက်ပါက ရင်းနှီးမြုပ်နှံသူများနှင့် အခြား သင့်လျော်သော ပြင်ပအဖွဲ့အစည်းများ။

အခြား ပြင်ပအဖွဲ့အစည်းများ ဥပမာ သင်၏ ခွင့်ပြုချက်ဖြင့် တိကျသော အချက်အလက်များကို ထုတ်ဖော် ပြောဆိုခြင်း။

 

V. သင့်ကိုယ်ရေး အချက်အလက်ကို နိုင်ငံရပ်ခြားသို့ ကူးပြောင်းသည့် နည်းလမ်း

ကမ္ဘာတစ်ဝန်းတွင် လုပ်ငန်းလုပ်ဆောင်နေသော ကုမ္ပဏီတစ်ရပ် အနေဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးရန် ကမ္ဘာအနှံ့အပြားရှိ နိုင်ငံများ သို့မဟုတ် ဒေသများတွင် ရင်းမြစ်များ သို့မဟုတ် ဆာဗာများ ရှိပါသည်။ သင့်အား ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်နှင့် ဤကိုယ်ရေးလုံခြုံမှု မူဝါဒတွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များအတွက် သက်ဆိုင်ရာ ဒေသတွင်း ဥပဒေများနှင့် စည်းမျဉ်းများကို လိုက်နာလျက် သင့်ထံမှ သဘောတူညီချက်ရရှိပြီးနောက် ကျွန်ုပ်တို့သည် သင့်ကိုယ်ရေး အချက်အလက်များကို သိမ်းဆည်းရန် သို့မဟုတ် စီမံဆောင်ရွက်ရန် ဤမူဝါဒ၏ အပိုင်း 3 တွင် ကိုးကားထားသော အရင်းအမြစ်များ သို့မဟုတ် ဆာဗာများထံ လွှဲပြောင်းနိုင်ပါသည်။ ကျွန်ုပ်တို့သည် သင့်ကိုယ်ရေး အချက်အလက်များကို ပြင်ပ အဖွဲ့အစည်း ဝန်ဆောင်မှုပေးသူများ၊ အဖွဲ့ဝင်များနှင့် လုပ်ငန်းမိတ်ဖက်များထံ လွှဲပြောင်းနိုင်ပါသည်။ ထို့ကြောင့် သင့်ဒေတာများသည် အခြားနိုင်ငံများ သို့မဟုတ် ဒေသများသို့ လွှဲပြောင်းရောက်ရှိသွားနိုင်ပါသည်။ ထိုနိုင်ငံများ သို့မဟုတ် ဒေသများ၏ ကိုယ်ရေး လုံခြုံမှု ကာကွယ်ရေး ဥပဒေများသည် ကွဲပြားနိုင်ပြီး ထိုကမ္ဘာတစ်ဝန်း ရင်းမြစ်များ သို့မဟုတ် ဆာဗာများ တည်ရှိနေသော စီရင်ပိုင်ခွင့် နယ်မြေတွင် ကိုယ်ရေး အချက်အလက်များကို သင်၏ စီရင်ပိုင်ခွင့် နယ်မြေတွင် ရှိသော စံသတ်မှတ်ချက်များနှင့် တူညီစွာ ကာကွယ်ပေးနိုင် သို့မဟုတ် ကာကွယ် မပေးနိုင်ခြင်းလည်း မရှိပါ။ သို့သော် ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး အချက်အလက်များကို ကာကွယ်ရန် ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒများကို လိုက်နာရန် အားထုတ်နေဆဲ ဖြစ်ဖြစ်ပြီး ကျွန်ုပ်တို့သည် သက်ဆိုင်ရာ နိုင်ငံရပ်ခြား ကူးပြောင်းခြင်းနှင့် အခြား ကိုယ်ရေး အချက်အလက် စီမံလုပ်ဆောင်ခြင်းများကို လုပ်ဆောင်ရန် ကိုယ်ရေး အချက်အလက် တည်ရှိသော နိုင်ငံ သို့မဟုတ် ဒေသများ၏ ဥပဒေ လိုအပ်ချက်များကို ဖြည့်ဆည်းလိုက်နာပါလိမ့်မည်။

ကျွန်ုပ်တို့၏ မိတ်ဖက်အဖွဲ့အစည်းများသို့ ဖြစ်စေ ပြင်ပဝန်ဆောင်မှု ပံ့ပိုးသူများသို့ ဖြစ်စေ ပေးပို့ပါက သင်၏ စီရင်ပိုင်ခွင့် နယ်ပယ်ပြင်ပသို့ ကျွန်ုပ်တို့သည် ကိုယ်ရေး အချက်အလက်များကို ကူးပြောင်းပေးရသည့် အခြေအနေတွင် ကျွန်ုပ်တို့သည် သင့်လျော်သော သက်ဆိုင်ရာ ဥပဒေများကို လိုက်နာရပါလိမ့်မည်။ ကျွန်ုပ်တို့သည် ထိုကူးပြောင်းမှုများအားလုံးသည် သက်ဆိုင်ရာ ဒေသန္တရ အချက်အလက် ကာကွယ်ရေး ဥပဒေများနှင့် ကိုက်ညီကြောင်း သေချာစေရန် သင့်တော်သည့် လုံခြုံရေး အစီအမံများနှင့် အကာအကွယ်များကို လုပ်ဆောင်ရပါလိမ့်မည်။

 

VI. သင့်ကိုယ်ရေး အချက်အလက်ဆိုင်ရာ သင်၏ အခွင့်အရေး

အချက်အလက် အကြောင်းအရာ အနေဖြင့် သင်သည် ခွင့်ပြုချက်များကို အတည်ပြု၊ ရယူ၊ မှန်ကန်အောင် ဆောင်ရွက်၊ ဖျက်ဆီး၊ ရုပ်သိမ်းရန်နှင့် တိုင်ကြားချက်များ (ဤနေရာမှ စတင်၍ “တောင်းခံချက်” ဟု ရည်းညွှန်းပါမည်) များ ပေးပို့ရန် အခွင့်အရေးအပါအဝင် သင်၏ ကိုယ်ရေး အချက်အလက်ဆိုင်ရာ အခွင့်အရေး အစဉ်အတန်း ရှိပါသည်။ ကျွန်ုပ်တို့သည် သင်၏ အခွင့်အရေးများကို အပြည့်အဝ နားလည်ပြီး လေးစားလိုက်နာပါမည်။ အဆိုပါ အခွင့်အရေးသည် သက်ဆိုင်ရာ ဥပဒေများအောက်တွင် တိကျသော ချန်လှပ်ခြင်းနှင့် ချွင်းချက်များ ရှိနိုင်ပါလိမ့်မည်။ သင်၏ အခွင့်အရေးများသည် ထိရောက်စွာ ကာကွယ်ထားကြောင်း သေချာစေရန် ကျွန်ုပ်တို့သည် တက်ကြွစွာ ရှေ့ဆက် တက်လှမ်း လုပ်ဆောင်ပါလိမ့်မည်။ သို့သော်လည်း လုံခြုံရေး ရည်ရွယ်ချက်များအတွက် ကျွန်ုပ်တို့သည် သင်၏ တောင်းခံချက်များကို စီမံဆောင်ရွက်ခြင်း မပြုခင်တွင် သင်၏ အိုင်ဒီကို အတည်ပြုရန် လိုအပ်နိုင်လိမ့်မည် ဖြစ်ကြောင်း နားလည်ပြီး မှတ်သားထားရပါမည်။ မူအားဖြင့် ကျွန်ုပ်တို့သည် သင်၏ ဥပဒေနှင့် ညီသော သင့်တော်မှန်ကန်သည့် တောင်းခံချက်များအတွက် ကျသင့်ငွေ တောင်းခံမည် မဟုတ်ပါ။ သို့သော်လည်း ကျွန်ုပ်တို့သည် သက်ဆိုင်ရာ ဥပဒေမှ ခွင့်ပြုသော အမှန်တကယ် ကုန်ကျသည့် စီမံကုန်ကျစရိတ်များအပေါ်မူတည်ပြီး သက်ဆိုင်သော သင့်တော်သည့် ကန့်သတ်ချက်ထက် ကျော်လွန်သော ထပ်ကျော့ ထပ်ကျော့ တောင်းခံချက်များအတွက် သင့်တော်သည့် ကျသင့်ငွေအချို့ကို ပေးဆောင်ရပါလိမ့်မည်။ ကျွန်ုပ်တို့သည် အကျိုးအကြောင်းမညီစွာ ထပ်ကျော့ဖြစ်နေသော များပြားသော နည်းပညာ ဆိုင်ရာ နည်းလမ်းများ (ဥပမာ စနစ်သစ်များ ဖန်တီးရန် သို့မဟုတ် အခြေခံအားဖြင့် လက်ရှိ လုပ်ထုံးလုပ်နည်းများကို ပြောင်းလဲရန်) လိုအပ်ပြီး အခြားသူများ၏ ဥပဒေဆိုင်ရာ အခွင့်အရေးများအတွက် အန္တရာယ်ဖြစ်စေသော သို့မဟုတ် အလွန်အမင်း လက်တွေ့မကျသော သို့မဟုတ် ဥပဒေမှ မဖြစ်မနေ လုပ်ဆောင်ရမည့် ပြဋ္ဌာန်းချက်များကို ချိုးဖောက်သော တောင်းခံချက်များကို ငြင်းပယ်နိုင်ပါသည်။

1. အတည်ပြုခွင့်နှင့် ဝင်ရောက်ခွင့်

ကျွန်ုပ်တို့သည် ဤမူဝါဒမှတစ်ဆင့် သို့မဟုတ် ကိုယ်ရေးလုံခြုံမှု မူဝါဒတစ်ခု သို့မဟုတ် တိကျသော ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှု ပုံစံဖြင့် ကိုယ်ရေး အချက်အလက်များကို ရယူ စီမံဆောင်ရွက်ပုံနည်းလမ်းကို သင့်အား အကြောင်းကြားပါသည်။ သင်သည် အမှတ်ခြစ်ရန် အကွက် သို့မဟုတ် အခြားနည်းလမ်းများမှတစ်ဆင့် အဆိုပါ ရယူခြင်းနှင့် စီမံဆောင်ရွက်ခြင်းများကို အတည်ပြုရန် သို့မဟုတ် ငြင်းပယ်ရန် အခွင့်အရေး ရှိပါသည်။ သို့သော်လည်း သင် ငြင်းပယ်ပြီးနောက်တွင် အသုံးပြုရန် သင်၏ ပြည့်စုံစွာ ရှင်းပြထားသော အတည်ပြုချက်နှင့် ခွင့်ပြုချက်လိုအပ်သာ အချို့ ဖီချာများသည် ထပ်မံ ရရှိနိုင်လိမ့်မည် မဟုတ်ပါ။ သင်သည် ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများ၏ မျက်နှာပြင်များရှိ ကျွန်ုပ်တို့အား ပေးအပ်ထားသော ကိုယ်ရေး အချက်အလက်များကို တိုက်ရိုက် ရယူနိုင်ပါသည်။ သင်သည် ရယူရန် မဖြစ်နိုင်သော အရာများအတွက် သင်သည် privacy@transsion.com သို့ အီးမေးလ်တစ်စောင် ပေးပို့နိုင်ပါသည်။ ကျွန်ုပ်တို့သည် သင်၏ အီးမေးလ်ကို လက်ခံရရှိပြီးနောက် ချက်ခြင်း ၎င်းကို ကိုင်တယ်စီမံနိုင်ပါသည်။

2. ပြင်ဆင်ခွင့်နှင့် ဖျက်နိုင်ခွင့်

သင်၏ ကိုယ်ရေး အချက်အလက်ကို ပြောင်းလဲသောအခါ သို့မဟုတ် ကျွန်ုပ်တို့ ရယူ စီမံဆောင်ရွက်သော သင်၏ ကိုယ်ရေး အချက်အလက်များသည် မတိကျ သို့မဟုတ် မပြည့်စုံသည်ကို တွေ့ရှိသောအခါ သင်သည် ပြင်ဆင်ခြင်း သို့မဟုတ် ပေါင်းထည့်ခြင်းများကို လုပ်ဆောင်ရန် ကျွန်ုပ်တို့အား တောင်းဆိုရန် အခွင့်အရေး ရှိပါသည်။ သင်သည် သင့်လျော်သည့် ထုတ်ကုန်/ဝန်ဆောင်မှု လုပ်ဆောင်ချက် စာမျက်နှာများပေါ်ရှိ သင်၏ ကိုယ်ရေး အချက်အလက်အချို့ကို တိုက်ရိုက် မှန်ကန်အောင် လုပ်နိုင်ပါသည် သို့မဟုတ် ပြင်ဆင်နိုင်ပါသည်။ ကျွန်ုပ်တို့ ရယူထားသော သင်၏ ကိုယ်ရေး အချက်အလက်များသည် ရယူခြင်း၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်သောအခါ သို့မဟုတ် ၎င်းကို ထပ်မံ မလိုအပ်သောအခါ သို့မဟုတ် ကျွန်ုပ်တို့အနေဖြင့် သင်၏ ကိုယ်ရေး အချက်အလက်အား ကျွန်ုပ်တို့ ရယူခြင်းနှင့် စီမံ ဆောင်ရွက်ခြင်းသည် ဤကိုယ်ရေးလုံခြုံမှု မူဝါဒ သို့မဟုတ် ဥပဒေများနှင့် နည်းဥပဒေများ ပြဋ္ဌာန်းချက်များကို ချိုးဖောက်သောအခါ သင်သည် သင့်လျော်သော ကိုယ်ရေး အချက်အလက်များကို ဖျက်ရန် ကျွန်ုပ်တို့အား တောင်းဆိုနိုင်ခွင့် ရှိပါသည်။ ကျွန်ုပ်တို့သည် ပြင်ဆင်ရန် သို့မဟုတ် ဖျက်ရန်အတွက် နည်းလမ်းတစ်ခုဖြင့် သင့်အား ပေးအပ် မထားသော ကိုယ်ရေး အချက်အလက်အတွက် သင်သည် privacy@transsion.com သို့ ဆက်သွယ်ခြင်းဖြင့် ၎င်းကို မှန်ကန်အောင် ပြင်ဆင်ရန် သို့မဟုတ် ဖျက်ရန် တောင်းခံနိုင်ပါသည်။

သို့သော်လည်း ကျွန်ုပ်တို့သည် အချို့သော အခြေအနေများတွင် သင်၏ ဖျက်ရန် တောင်းဆိုချက်များကို ခွင့်မပြုနိုင်ပါ။ ဥပမာ TECNO သည် သက်ဆိုင်ရာ ဒေသန္တရဥပဒေများကို လိုက်နာ၍ အရောင်းအဝယ်အချက်အလက် မှတ်တမ်းတစ်ခု ထိန်းသိမ်းရန် ဥပဒေအရ တာဝန်ရှိသောအခါ ထိုအရောင်းအဝယ်အချက်အလက်ကို ဖျက်ရန် သင့်အနေဖြင့် ကျွန်ုပ်တို့အား တောင်းဆိုပါက။ သင်သည် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများမှ သင်၏ အချက်အလက်များကို ဖျက်ရန် တောင်းဆိုသောအခါ အချို့သော သက်ဆိုင်သည့် ဒေသန္တရ ဥပဒေများနှင့် နည်းပညာဆိုင်ရာ အကန့်အသတ်များကြောင့် အရန်စနစ်မှ အလားတူ အချက်အလက်များကို ချက်ခြင်း မပယ်ဖျက်နိုင်ပါ။ သို့သော်လည်း ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး အချက်အလက်များကို လုံခြုံစွာ သိမ်းဆည်းပြီး အရန်စနစ်သည် နောက်ဆုံး အနေအထား လုပ်ဆောင်သည့်တိုင်အောင် သို့မဟုတ် ဖျက်နိုင်သည့်တိုင်အောင် သို့မဟုတ် အမည်မသိ ပြုလုပ်ပြီးသည့်တိုင်အောင် နောက်ထပ် မည်သည့် စီမံဆောင်ရွက်မှုမှ မရှိဘဲ သီးခြား ထားရှိပါလိမ့်မည်။

3. ခွင့်ပြုချက် ရုပ်သိမ်းပိုင်ခွင့်

ကျွန်ုပ်တို့၏ အမျိုးမျိုးသော ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများ၏ အသီးသီးသော ဖီချာများကို ရရှိရန် ကျွန်ုပ်တို့သည် လိုအပ်သော ကိုယ်ရေး အချက်အလက်များကို သက်ဆိုင်ရာ ဒေသန္တရ ဥပဒေများနှင့်အညီ လိုအပ်နိုင်ပါလိမ့်မည်။ ၎င်းကို ဤမူဝါဒ၏ "သင့်ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့ ရယူအသုံးပြုသည့် နည်းလမ်း" အပိုင်းတွင် ဖော်ပြထားပါသည်။ ကျွန်ုပ်တို့ စီမံသော သို့မဟုတ် ထိန်းချုပ်သော သင်၏ ကိုယ်ရေး အချက်အလက် ရယူခြင်း၊ အသုံးပြုခြင်းနှင့်/သို့မဟုတ် ထုတ်ဖော်ပြောဆိုခြင်းအပါအဝင် အချက်အလက် ဖျက်ခြင်း၊ စက်ပစ္စည်းဖီချာများကို ပိတ်ခြင်းနှင့် ခွင့်ပြုချက်ကို ရုပ်သိမ်းရန် တောင်းခံခြင်းဖြင့် တိကျသော ရည်ရွယ်ချက်တစ်ခု အတွက် ကျွန်ုပ်တို့အား ယခင်က ပေးအပ်ထားသော သင်၏ ခွင့်ပြုချက်များကို ရုပ်သိမ်းနိုင်ပါသည်။ သင်သည် သဘောတူညီချက်ကို ပြန်လည်ရုပ်သိမ်းလိုပါက—ဥပမာအားဖြင့် ကျွန်ုပ်တို့၏ ထုတ်ကုန်အတွေ့အကြုံကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရာတွင် သို့မဟုတ် စာရင်းအင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ရာတွင် ကျွန်ုပ်တို့အား ကူညီမပေးလိုတော့ပါက—ဆက်တင်များမှတစ်ဆင့် အသုံးပြုသူ အတွေ့အကြုံ ပရိုဂရမ်ကို ပိတ်ထားနိုင်ပါသည်။ ထို့အပြင် သင့်တောင်းဆိုချက်ကို privacy@transsion.com သို့ အီးမေးလ်ပို့နိုင်ပါသည်။ ကျွန်ုပ်တို့သည် တောင်းခံချက်ကို သင် ပေးပို့ပြီးနောက် သင့်တော်သည့် အချိန်တစ်ခုအတွင်း သင်၏ တောင်းခံချက်ကို စီမံဆောင်ရွက်နိုင်ပါလိမ့်မည်။ ထို့နောက်တွင် သင်၏ တောင်းခံချက်များအတိုင်း သင်၏ ကိုယ်ရေး အချက်အလက်များကို ရယူခြင်း၊ အသုံးပြုခြင်းနှင့်/သို့မဟုတ် ထုတ်ဖော်ပြောဆိုခြင်း ပြုလုပ်မည် မဟုတ်ပါ။

သင်သည် ခွင့်ပြုချက်ကို ရုပ်သိမ်းပါက သင်သည် TECNO ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ အကျိုးခံစားခွင့် အပြည့်အစုံနှင့်/သို့မဟုတ် အစိတ်အပိုင်း လက်ခံခြင်းကို ဆက်လုပ်လုပ်ဆောင်နိုင်မည် မဟုတ်ပါ။ သင်၏ ခွင့်ပြုချက် သို့မဟုတ် အတည်ပြုချက်ကို ရုပ်သိမ်းခြင်းသည် သင်၏ ခွင့်ပြုချက်ကို အခြေပြုသော ကျွန်ုပ်တို့၏ ယခင် စီမံဆောက်ရွက်နေသော လုပ်ဆောင်ချက်များကို ထိခိုက်စေလိမ့်မည် မဟုတ်ပါ။

4. ဝန်ဆောင်မှုတစ်ခု သို့မဟုတ် အကောင့် တစ်ခုကို ပယ်ဖျက်နိုင်ခွင့်

သင်သည် တိကျသော ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို ပယ်ဖျက်လိုပါက တိကျသည့် အက်ပ်ရှိ “ဆက်တင်များ” ခလုတ်ပေါ်တွင် နှိပ်ပါ သို့မဟုတ် သင်သည် ကျွန်ုပ်တို့ထံ privacy@transsion.com မှ တစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

သင်သည် ဝန်ဆောင်မှု သို့မဟုတ် အကောင့် တစ်ခုကို ဖျက်လိုပါက အဆိုပါ ဖျက်ခြင်းသည် TECNO ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများထဲမှ အချို့ကို သင့် အနေဖြင့် အသုံးပြု၍ မရ ဖြစ်နိုင်ကြောင်းနှင့် အဆိုပါ အကောင့်ဖျက်သည့် လုပ်ဆောင်ချက်သည် နောက်ကြောင်းပြန်၍ မရနိုင်ကြောင်း ကျွန်ုပ်တို့သည် ဤနေရာတွင် သင့်အား နွေးထွေးစွာ သတိပေးလိုပါသည်။ သင်သည် သင့်အကောင့်ကို ဖျက်ပြီးပါက ကျွန်ုပ်တို့သည် သင်၏ သင့်လျော်သော အချက်အလက်ကို ဖျက်ပါလိမ့်မည် သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သိရှိနိုင်သည့် အချက်များ ဖယ်ရှားခြင်းကို လုပ်ဆောင်ပါလိမ့်မည်။

5. တိုင်ကြားပိုင်ခွင့်

သင်သည် privacy@transsion.com ရှိ ကျွန်ုပ်တို့ထံ အီးမေးလ်ပေးပို့ခြင်းဖြင့် တိုင်ကြားချက်တစ်ရပ်ကို ပေးပို့နိုင်ခွင့် ရှိပါသည်။ ကျွန်ုပ်တို့သည် သင်၏ တိုင်ကြားချက်ကို လက်ခံရရှိပြီးနောက်တွင် ချက်ခြင်း တုံ့ပြန်ပါလိမ့်မည်။ သင်သည် ကျွန်ုပ်တို့၏ တုံ့ပြန်မှုနှင့် ပတ်သက်၍ ကျေနပ်မှု မရှိပါက အထူးသဖြင့် ကိုယ်ရေး အချက်အလက်ကို ကျွန်ုပ်တို့ စီမံဆောင်ရွက်ခြင်းသည် သင်၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို ချိုးဖောက်ပါက သင်သည် သင်၏ ဒေသန္တရ ပြဋ္ဌာန်း ဥပဒေအရ ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဌာသို့ သင်၏ တိုင်ကြားချက်များကို ပေးပို့နိုင်ပါသည် သို့မဟုတ် အာဏာတည်သော တရားရုံးတစ်ခုတွင် တရားစွဲဆိုမှုတစ်ရပ်ကို ပြုလုပ်နိုင်ပါသည်။

6. သင်၏ ကိုယ်ရေး လုံခြုံမှု ဆက်တင်များကို ထိန်းချုပ်ပိုင်ခွင့်

သင်သည် သင်၏ ကိုယ်ရေး လုံခြုံမှု ဆက်တင်များကို ထိန်းချုပ်နိုင်ခွင့် ရှိပြီး သင်၏ ကိုယ်ရေး အချက်အလက်ကို ကျွန်ုပ်တို့ ရယူခြင်း၊ ထုတ်ဖော်ပြောဆိုခြင်း သို့မဟုတ် စီမံဆောင်ရွက်ခြင်းကို အဆိုပါ ကိုယ်ရေး လုံခြုံရေး ဆက်တင်များ မှတစ်ဆင့် ကန့်သတ်နိုင်ပါသည်။ အောက်ပါတို့သည် သင်၏ ကိုယ်ရေး လုံခြုံမှု ဆက်တင်များကို သင့်ထိန်းချုပ်မှု ဥပမာအချို့ ဖြစ်ပါသည် -

  1. (1) သင်၏ TECNO အကောင့်သို့ ဝင်ရန် သို့မဟုတ် ထွက်ရန် ရွေးချယ်သည်။

  2. (2) သုံးစွဲသူ အတွေ့အကြုံ အစီအစဉ်နှင့် တည်နေရာ ရယူပိုင်ခွင့် ဖီချာများကို ဖွင့်ရန် သို့မဟုတ် ပိတ်ရန် ရွေးချယ်သည်။

  3. (3) ထိရှလွယ်သော သို့မဟုတ် ကိုယ်ရေး အချက်အလက် (ဥပမာ မျက်နှာဖြင့် သော့ဖွင့်ခြင်း၊ လက်ဗွေဖြင့် သော့ဖွင့်ခြင်း) ဖြင့် ဆိုင်သော အခြား ဝန်ဆောင်မှုများနှင့် ဖီချာများကို ဖွင့်သည် သို့မဟုတ် ပိတ်သည်။ သင်သည် TECNO လုံခြုံရေး အက်ပ်တွင်လည်း သင့်စက်ပစ္စည်း၏ လုံခြုံရေး အခြေအနေနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ရရှိနိုင်ပါသည်။

အထက်ဖော်ပြပါ ရည်ရွယ်ချက်များအတွက် သင်၏ ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့ အသုံးပြုခြင်းကို ယခင်က သဘောတူခဲ့ပါက သင်သည် ကျွန်ုပ်တို့ထံ privacy@transsion.com မှတစ်ဆင့် ဆက်သွယ်ခြင်းဖြင့် သင်၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်ပါသည်။

7. အချို့သော စီရင်ပိုင်ခွင့် နယ်ပယ်များရှိ အခွင့်အရေးများ

အထူးသဖြင့် အချို့သော စီရင်ပိုင်ခွင့် နယ်ပယ်များ၏ သက်ဆိုင်သော ဥပဒေများအရ သင်သည် အောက်ပါ အချက်အလက် အကြောင်း အကြောင်းအရာ အခွင့်အရေးများ ရှိနိုင်ပါသည် -

  1. (1) စီမံဆောင်ရွက်ခြင်းကို ကန့်သတ်နိုင်ခွင့်။ သင်သည် သင်၏ ကိုယ်ရေး အချက်အလက် စီမံဆောင်ရွက်ခြင်းအပေါ် ကျွန်ုပ်တို့ ကန့်သတ်ခြင်းကို တောင်းခံနိုင်ခွင့် ရှိပါသည်။ ကျွန်ုပ်တို့သည် သင်၏ ကန့်သတ်ခြင်း တောင်းခံချက်နှင့် ပတ်သက်၍ အကြောင်းပြချက်များကို ထည့်သွင်းစဉ်းစားပါလိမ့်မည်။ အကြောင်းပြချက်များသည် သက်ဆိုင်ရာ အချက်အလက် ကာကွယ်ရေး ဥပဒေများနှင့် အညီ ဖြစ်ပါက ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး အချက်အလက်များကို အဆိုပါ ဥပဒေများရှိ သက်ဆိုင်ရာ အခြေအနေများအောက်တွင် စီမံဆောင်ရွက်ပါလိမ့်မည် ဖြစ်ပြီး စီမံဆောင်ရွက်မှု ကန့်သတ်ချက်ကို မဖယ်ရှားခင်တွင် သင့်အား သတိပေးသွားပါလိမ့်မည်။

  2. (2) အလိုအလျောက် ဆုံးဖြတ်ချက်ချမှတ်ပိုင်ခွင့်။ သင့်အပေါ်တွင် ဥပဒေ သို့မဟုတ် တူညီသော အကျိုးများဖြစ်စေသော ပရိုဖိုင်း ဖွဲ့ခြင်းနှင့် အခြား အလိုအလျောက် စီမံဆောင်ရွက်ခြင်းတို့ အပါအဝင် အလိုအလျောက် စီမံဆောင်ရွက်သော ဆုံးဖြတ်ချက်များ ချမှတ်ခြင်းအပေါ် အခြေပြု၍ စီမံဆောင်ရွက်ခြင်းကို ငြင်းဆိုပိုင်ခွင့် ရှိပါသည်။

  3. (3) အချက်အလက် သယ်ယူနိုင်ခွင့်။ သင်သည် စနစ်တကျ ဖွဲ့စည်းထားသော အသုံးများသည့် ပုံစံဖြင့် အခြား အချက်အလက် ထိန်းချုပ်သူထံသို့ သင်၏ ကိုယ်ရေး အချက်အလက်များကို ကူးပြောင်းရန် လျှောက်ထားပိုင်ခွင့် ရှိပါသည်။

ကင်းလွတ်ခွင့် သက်ရောက်သော သို့မဟုတ် ကျွန်ုပ်တို့သည် သက်ဆိုင်ရာ ဥပဒေများအောက်တွင် ထိုသို့ ပြုလုပ်ရန် တစ်နည်းတစ်လမ်းအားဖြင့် အခွင့်ရှိသောအခါ ကျွန်ုပ်တို့သည် သင်၏ တောင်းခံမှုများကို စီမံဆောင်ရွက်ရန် ငြင်းဆန်ခွင့် ရှိပါသည် သို့မဟုတ် အခါ သင်၏ တောင်းခံမှုအချို့ကိုသာလျှင် တုံ့ပြန်ပိုင်ခွင့် ရှိပါသည်။ ဥပမာ အချို့တောင်းခံချက်များကို သိသာထင်ရှားစွာ အခြေအမြစ်မရှိ ဖြစ်ပါသည် သို့မဟုတ် ထင်ရှားစွာ လွန်ကဲပါသည် သို့မဟုတ် ၎င်းသည် ပြင်ပအဖွဲ့အစည်းများ၏ အချက်အလက်များကို ဖွင့်ဟ ထုတ်ဖော်ရန် လိုအပ်ပါသည်။

 

VII. ကလေးငယ်များ၏ ကိုယ်ရေး အချက်အလက်ကို ကျွန်ုပ်တို့ ကိုင်တွယ်ပုံနည်းလမ်း

TECNO သည် ကလေးငယ်များ၏ ကိုယ်ရေးအချက်အလက် ကာကွယ်ခြင်း၏ အရေးပါမှုကို နားလည်ပါသည်။ ထို့ကြောင့် အသက် ၁၄ နှစ်အောက်ကလေးငယ် သို့မဟုတ် သင်၏ စီရင်ပိုင်ခွင့် နယ်မြေ (ကလေးအသက်ရွယ်ကို သတ်မှတ်ရာတွင် နိုင်ငံကွာခြားပါက မတူညီနိုင်သောကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ လုပ်ငန်းလုပ်ဆောင်သော နိုင်ငံ သို့မဟုတ် ဒေသများ၏ ဥပဒေများနှင့် နည်းဥပဒေများအပေါ် မူတည်၍ ကလေးကို အဓိက အဓိပ္ပါယ် ဖွင့်ဆိုပါမည်) ရှိ ဥပဒေတွင် ဖော်ပြထားသည် တူညီသော အသက်အရွယ်ရှိသူများကို ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများအား ၎င်းတို့၏ တရားဝင် အုပ်ထိန်းသူများ၏ ခွင့်ပြုချက် သို့မုတ် လမ်းညွှန်ချက်များမပါဘဲ အသုံးပြုခွင့် မပေးပါ။ အဆိုပါ ကျင့်ထုံးကို သက်ဆိုင်ရာ ဥပဒေများနှင့် နည်းဥပဒေများမှ ခွင့်ပြုရပါလိမ့်မည်။ မူအားဖြင့် ကျွန်ုပ်တို့သည် ကလေးငယ်များကို တိုက်ရိုက် ဝန်ဆောင်မှု မပေးပါ။ ကလေးငယ်များ၏ ကိုယ်ရေးအချက်အလက်များကို တိုက်ရိုက် မရယူပါ။ စျေးကွက်မြှင့်တင်ရန် ရည်ရွယ်ချက်အတွက် ကလေးငယ်များ၏ ကိုယ်ရေး အချက်အလက်ကို အသုံးမပြုပါ။ ကျွန်ုပ်တို့သည် ဥပဒေမှ ခွင့်ပြုထားသည့် အတိုင်းအတာအထိနှင့် အဆိုပါ အချက်အလက်ကို ရယူရန် အမှန်တကယ် လိုအပ်သောအခါ ပြည့်စုံစွာ ဖော်ပြထားသော ကလေးငယ်၏ အုပ်ထိန်းသူ အတည်ပြုခြင်းနှင့် ခွင့်ပြုချက်ဖြင့်သာလျှင် ကလေး၏ ကိုယ်ရေး အချက်အလက်များကို ရယူ၊ အသုံးပြုပြီး ထုတ်ဖော်ပြောဆိုပါမည်။ မည်သည့်အချိန်တွင် မဆို အုပ်ထိန်းမှု အောက်ရှိ ကလေးငယ်နှင့် ဆက်စပ်သော ကိုယ်ရေး အချက်အလက်ကို ရယူရန်၊ ပြင်ဆင်ရန် သို့မဟုတ် ဖျက်ရန် အုပ်ထိန်းသူအနေဖြင့် လိုအပ်ပါက ဤနေရာတွင် ဖော်ပြထားသော နည်းလမ်းများအတိုင်း ကျွန်ုပ်တို့ကို ဆက်သွယ်ပြီး ကျွန်ုပ်တို့သည် အချိန်နှင့် တပြေးညီ ပြန်လည် တုံ့ပြန်ပါလိမ့်မည်။ ကလေးငယ်၏ အချက်အလက်ကို တရားဝင် အုပ်ထိန်းသူမှ မသိရှိဘဲ ကျွန်ုပ်တို့မှ ရယူထားသည်ဟု သင် တွေ့ရှိပါက privacy@transsion.com သို့ ကျွန်ုပ်တို့အား ဆက်သွယ်ရန် စာတစ်စောင် ပေးပို့ပါ။ ကျွန်ုပ်တို့သည် ဖြစ်နိုင်သမျှမြန်မြန် သင့်လျော်ရာ အချက်အလက်များကို ဖယ်ရှားပါလိမ့်မည်။ ကျွန်ုပ်တို့သည် ကလေးငယ်တစ်ဦး၏ ကိုယ်ရေး အချက်အလက်များကို စိစစ်အတည်ပြုနိုင်သော အုပ်ထိန်းသူတစ်ဦး၏ ကြိုတင် ခွင့်ပြုချက်မပါဘဲ ရယူခဲ့သည်ဟု ကျွန်ုပ်တို့ တွေ့ရှိပါက သင့်လျော်ရာ အကြောင်းအရာကိုလည်း ဖြစ်နိုင်သမျှမြန်မြန် ဖယ်ရှားပါလိမ့်မည်။

 

VIII. ပြင်ပဝန်ဆောင်မှု ပံ့ပိုးသူများနှင့် ဝန်ဆောင်မှုများ

သင်သည် (မြေပုံ လမ်းညွှန်၊ အသံပံ့ပိုးခြင်း၊ ဗီဒီယိုဖွင့်စက်၊ စနစ် သန့်ရှင်းရေးနှင့် လုံခြုံရေး ဆက်စပ် ဝန်ဆောင်မှုများ၊ ဂိမ်းများ၊ စာရင်းဇယားများ၊ ငွေပေးချေမှု စီမံဆောင်ရွက်ခြင်း၊ အချက်အလက် စစ်ထုတ်ခြင်း အစရှိသည့်) TECNO ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုသောအခါ သင်သည် ကျွန်ုပ်တို့ ထံမှထက် ပြင်ပအဖွဲ့အစည်းများမှ ပေးအပ်သော ပြင်ပ အဖွဲ့အစည်း ဝဘ်ဆိုက်များ သို့မဟုတ် အကြောင်းအရာနှင့် ဝန်ဆောင်မှုများသို့ လင့်ခ်များ လက်ခံရရှိနိုင်ပါသည်။ အချို့ ပြင်ပအဖွဲ့အစည်းများ၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို SDK များနှင့် အခြား ပုံစံများဖြင့် ရရှိနိုင်ပါသည်။ သင်သည် ပြင်ပအဖွဲ့အစည်း ဝဘ်ဆိုက်များကို သွားရန်၊ မသွားရန် သို့မဟုတ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို လက်ခံ၊ လက်မခံကို သင်၏ ကိုယ့်ပိုင်ဆုံးဖြတ်ချက် အပြည့်အဝဖြင့် ရွေးချယ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒသည် မည်သည့်အဖွဲ့အစည်းများမှမဆို ပေးအပ်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအပေါ် သက်ရောက်ပါသည်။ ကျွန်ုပ်တို့သည် ပြင်ပအဖွဲ့အစည်းတစ်ရပ်ကို အများအပြား ထိန်းချုပ်မရနိုင်သောကြောင့် ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး အချက်အလက်များကို ပြင်ပအဖွဲ့အစည်းမှ ရယူခြင်းနှင့် စီမံဆောင်ရွက်ခြင်းအတွက် တာဝန်မရှိပါ။ ထို့ကြောင့် သင်သည် မည်သည့်အချက်အလက်ကိုမဆို တင်သွင်းသောအခါ ပြင်ပအဖွဲ့အစည်း၏ ကိုယ်ရေးလုံခြုံမှု မူဝါဒကို ဂရုတစိုက် သုံးသပ်ပြီး သင်၏ ကိုယ်ရေး အချက်အလက်များကို ဂရုစိုက်ပါ။

 

IX. မူဝါဒ ဖြည့်စွက်ချက်နှင့် ပြင်ဆင်ချက်များ

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လုပ်ငန်း၊ နည်းပညာနှင့် သက်ဆိုင်သည့် ဥပဒေနှင့် လုပ်ထုံးလုပ်နည်း ပြောင်းလဲမှုများကို ထင်ဟပ်ရန် ဤမူဝါဒကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန် သို့မဟုတ် ပြင်ဆင်ရန် အခွင့်အရေး ရှိပါသည်။ ဤမူဝါဒ၏ မည်သည့် ပြောင်းလဲမှုများမဆို ရှိပါက ကျွန်ုပ်တို့သည် တရားဝင် TECNO ဝဘ်ဆိုက် http://www.transsion.com သို့မဟုတ် မိုဘိုင်း စက်ပစ္စည်း သတိပေးချက်များမှတစ်ဆင့် နောက်ဆုံး မူဝါဒများကို သင့်အား သတိပေးပါလိမ့်မည်။ ဤကိုယ်ရေးလုံခြုံမှု မူဝါဒ၏ နောက်ဆုံး ပြင်ဆင်ခြင်းများအတွက် ကျွန်ုပ်တို့၏ တရားဝင် ဝဘ်ဆိုက်နှင့် မိုဘိုင်း စက်ပစ္စည်း သတိပေးချက်များကို သတိပြုပေးပါ။ ဤကိုယ်ရေးလုံခြုံမှု မူဝါဒကို ပြင်ဆင်သော်လည်း သင်၏ ပြည့်စုံစွာ ဖော်ပြထားသော ခွင့်ပြုချက် မပါဘဲ ဤမူဝါဒအောက်ရှိ သင်၏ အခွင့်အရေးများသည် မှေးမှိန်သွားလိမ့်မည် မဟုတ်ပါ။

ကျွန်ုပ်တို့သည် သင့်ထံမှာ နောက်ထပ် ကိုယ်ရေး အချက်အလက်များ မရယူခင် သို့မဟုတ် ကျွန်ုပ်တို့သည် ရည်ရွယ်ချက် အသစ်အတွက် သင်၏ ကိုယ်ရေး အချက်အလက်များကို အသုံးပြုသောအခါ သို့မဟုတ် ထုတ်ဖော်ပြောဆို သော်အခါ ကျွန်ုပ်တို့သည် သင်၏ ပြည့်စုံစွာ ဖော်ပြထားသော ခွင့်ပြုချက်ကို သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ထပ်မံ တောင်းခံပါလိမ့်မည်။ ဝဘ်ဆိုက်၊ မိုဘိုင်းနှင့်/သို့မဟုတ် အခြား စက်ပစ္စည်းများပေါ်ရှိ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို သင့်အနေဖြင့် ဆက်လက် အသုံးပြုနေခြင်းသည် ပြင်ဆင်ပြီးသော ကိုယ်ရေးလုံခြုံမှု မူဝါဒကို သင် သဘောတူကြောင်း ဆိုလိုပါသည်။

ဤနေရာတွင် ဖော်ပြခဲ့သော TECNO ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများပါ အကြောင်းအရာများသည် သင်အသုံးပြုသော ထုတ်ကုန်အမျိုးအစား၊ သင်၏ စနစ်ဗားရှင်း သို့မဟုတ် ဒေသတွင်း ဥပဒေများ၊ နည်းဥပဒေများ၏ လိုအပ်ချက်များအတိုင်း ပြောင်းလဲနိုင်ပါသည်။

 

X. ပူးတွဲ ထိန်းချုပ်သူ

Shanghai Transsion Co., Ltd. နှင့် CHONGQING TRANSSION COMMUNICATION TECHNOLOGY LIMITED တို့သည် ကျွန်ုပ်တို့နှင့် ပူးတွဲ ထိန်းချုပ်သူများ ဖြစ်ကြပြီး သင်၏ ကိုယ်ရေး အချက်အလက် စီမံဆောင်ရွက်ရေး အတွက် ပူးတွဲ တာဝန်ရှိကြပါသည်။ TECNO MOBILE LIMITED, Shanghai Transsion Co., Ltd. နှင့် CHONGQING TRANSSION COMMUNICATION TECHNOLOGY LIMITED တို့သည် သက်ဆိုင်ရာ ဥပဒေများ အောက်တွင် တစ်ဦးချင်စီ ကိုယ်ပိုင် တာဝန်များ ရှိကြပါသည်။ သင်သည် အပိုင်း XI. "ကျွန်ုပ်တို့အား ဆက်သွယ်နိုင်သည့် နည်းလမ်းများ" ရှိ ဆက်သွယ်ရန် အချက်အလက်များသို့ သွားရောက်ခြင်းဖြင့် ပူးတွဲ ထိန်းချိန်မှုဆိုင်ရာ အချက်အလက် အသေးစိတ်အတွက် ကျွန်ုပ်တို့အား ဆက်သွယ်နိုင်ပါသည်။

 

XI. ကျွန်ုပ်တို့အား ဆက်သွယ်နိုင်သည့် နည်းလမ်းများ

သင့်တွင် ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒ သို့မဟုတ် ကိုယ်ရေး အချက်အလက် ကာကွယ်ရေး ကျင့်ထုံးများနှင့် ပတ်သက်၍ မှတ်ချက်မျာ၊ မေးခွန်းများ သို့မဟုတ် ပူပန်မှုများ တစ်စုံတစ်ရာ ရှိပါက ကျွန်ုပ်တို့အား အောက်ပါမှ တစ်ဆင့် ဆက်သွယ်ပါ -

အီးမေးလ် - privacy@transsion.com (မှတ်ချက် - ဤမေးလိပ်စာကို ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒ သို့မဟုတ် ကျွန်ုပ်တို့၏ ကိုယ်ရေး အချက်အလက် ကာကွယ်ရေးနှင့် ပတ်သက်သော စာများ လက်ခံရန်အတွက်သာလျှင် အသုံးပြုပါသည်)

ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး လုံခြုံမှု သို့မဟုတ် ကိုယ်ရေး အချက်အလက် တောင်းခံချက်များကို ဖြစ်နိုင်သမျှ မြန်မြန် သုံးသပ်လိမ့်မည် ဖြစ်ပြီး သင်၏ သုံးစွဲသူ အိုင်ဒီကို စစ်ဆေး အတည်ပြုပြီးနောက် ၁၅-၃၀ ရက်အတွင်း သင့်အား တုံ့ပြန်ပါလိမ့်မည်။ သင်၏ တောင်းခံချက်သည် မည်သည့် ရှုပ်ထွေးသော သို့မဟုတ် ထင်ရှားသော ကိစ္စရပ်များမဆို ၎င်းဘာသာ ပါဝင်နေပါက ကျွန်ုပ်သည် နောက်ထပ် အချက်အလက်များအတွက် သင့်အား မေးမြန်းနိုင်ပါသည်။

သင်သည် ကျွန်ုပ်တို့၏ တုံ့ပြန်ချက်များနှင့် ပတ်သက်၍ မကျေနပ်ပါက အထူးသဖြင့် သင်၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို ကျွန်ုပ်တို့မှ ချိုးဖောက်သည်ဟု ယုံကြည်သောအခါ သင့်အနေဖြင့် သင်၏ စီရင်ပိုင်ခွင့် နယ်မြေတွင်းရှိ သင့်လျော်ရာ အချက်အလက် ကာကွယ်ရေး ကြီးကြပ်ထိန်းသိမ်းမှု အာဏာပိုင်များထံမှာ စီရင် ဆောင်ရွက်ပေးမှုကို ရယူနိုင်ပါသည်။ သင့်အနေဖြင့် ကျွန်ုပ်တို့အား တိုင်ပင်ပါက ကျွန်ုပ်တို့သည် သင်၏ အခြေအနေအပေါ် မူတည်၍ သက်ဆိုင်သော သင့်လျော်သည့် တိုင်ကြားမှု နည်းလမ်းများနှင့် ဆိုင်သော အချက်အလက်များကို ပေးပါလိမ့်မည်။

ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒကို အချိန်ယူ ဖတ်ရှုသည့်အတွက် ကျေးဇူးတင်ပါသည်!