Watch The Video
[Translate to 2mm-缅甸-缅甸文:]

အားအလွန်ကောင်း၊ အစွမ်းထက်ပြီး လျင်မြန်သော

6000mAh ဧရာမ ဘက်ထရီကြီး - မယုံနိုင်စရာ အားကောင်းလွန်းခြင်း

6000mAh ဧရာမဘက်ထရီကြီးဖြင့် ရက် 30 ကြာ အရန်သင့်ထားရှိခြင်း / 8 ရက်ကြာ သီချင်းဆက်တိုက်ဖွင့်ခြင်း / 64 နာရီကြာ ဖုန်းခေါ်ဆိုခြင်း / နာရီ 20 အထိ ဂိမ်းများကစားခြင်းများ ပြုလုပ်နိုင်ပါသည်။
အားသွင်းလိုက်သည်နှင့် အချိန်အကြာကြီးသုံးရန် ပြင်ဆင်လိုက်ပါ။
* ဘက်ထရီစွမ်းဆောင်ရည် ဒေတာသည် TECNO R&D အဖွဲ့မှလာပြီး ရှင်းလင်းချက်များအားလုံးအတွက် ပြုလုပ်ပိုင်ခွင့်များရှိပါသည်။

[Translate to 2mm-缅甸-缅甸文:]

18W IC နှစ်ခုပါ အမြန်အားသွင်းစနစ် - အားထပ်သွင်းရာတွင် ပိုမိုမြန်ဆန်ပြီး ပိုမိုစိတ်ချရခြင်း

ဘက်ထရီအားနည်းပြီး မကြာမီ ပါဝါပိတ်သွားမည်ကို စိတ်ပူစရာမလိုဘဲ POVA သည် 18W IC နှစ်ခုပါ အမြန်အားသွင်းစနစ်ကို ပံ့ပိုးပေးသည်။
10 မိနစ် အားသွင်းလျှင် 2.4 နာရီကြာ ဖုန်းခေါ်ဆိုနိုင် သို့မဟုတ် 20 နာရီကြာ သီချင်းဖွင့်နိုင်ပါသည်။
18W IC တစ်ခုတည်းပါ အမြန်အားသွင်းစနစ်နှင့် ယှဉ်လျှင် အားသွင်းရာတွင် ထိရောက်မှု 20% တိုးတက်ပါသည်။ အားထပ်သွင်းရာတွင် များစွာပိုမိုမြန်ဆန်ပါသည်။
အားကောင်းသော အမြန်အားသွင်းစနစ်သည် အားသွင်းခြင်း လုပ်ထုံးလုပ်နည်းများစွာနှင့် ကိုက်ညီပြီး ကမ္ဘာလုံးဆိုင်ရာ CB/CE/UL/BIS လုံခြုံရေး လက်မှတ်ရရှိထားပါသည်။

[Translate to 2mm-缅甸-缅甸文:]

စွမ်းဆောင်ရည်တွင် ဧရာမအကောင်းဆုံး၊ ခါတိုင်းလို ထူးကဲပြောင်မြောက်မှု

Helio G80 Gaming ပရိုဆက်ဆာ - ကြံ့ခိုင်သော ဗဟိုချက်၊ ထူးကဲသော အတွေ့အကြုံ

ဂိမ်းကစားရာတွင် ပိုကောင်းမွန်သော အတွေ့အကြုံရစေရန် မွေးဖွားလာသည်။ POVA သည် Helio G80 ဗဟိုချက် ရှစ်ခုပါ ပရိုဆက်ဆာနှင့် Hyper-Engine ဂိမ်းနည်းပညာကို ပံ့ပိုးပေးသဖြင့် ယခုဂိမ်းကစားရာတွင် အထူးတည်ငြိမ်မှုနှင့် ချောမွေ့မှုကို ခံစားနိုင်ပါသည်။
အဆင့်မြင့်ပြီး တည်တံ့သော ဂိမ်းကစားမှု အတွေ့အကြုံ ရရှိစေရန် ပညာသားပါပါ စီမံပေးပြီး CPU၊ GPU နှင့် မမ်မိုရီစွမ်းဆောင်ရည်ကို ချိန်ညှိပေးသည်။

[Translate to 2mm-缅甸-缅甸文:]

128+6GB - နေရာလွတ်ပိုများသည်၊ လုပ်ငန်းစုံကို တစ်ချိန်တည်း သွက်သွက်လက်လက် လုပ်ဆောင်နိုင်သည်

128+6GB - နေရာလွတ်ပိုများပြီး လုပ်ငန်းစုံကို တစ်ချိန်တည်း သွက်သွက်လက်လက် လုပ်ဆောင်နိုင်သည့် 128GB ကြီးမားသော ROM သည် ဓာတ်ပုံပေါင်း 30,000 / သီချင်းပေါင်း 23,000 / ဂိမ်းပေါင်း 300 / ဗီဒီယိုပေါင်း 200 ဝင်ဆံ့ပြီး သင့်အကြိုက်ဆုံးများနှင့် အရေးကြီးဖိုင်များကို သိုလှောင်ရန် နေရာပိုကျယ်သည်။
မြန်နှုန်းမြင့် 6GB RAM ဖြင့် တစ်ချိန်တည်းတွင် လုပ်ငန်းစုံကို ပို၍ သွက်သွက်လက်လက် လုပ်ဆောင်နိုင်ပြီး ဂိမ်းစွမ်းဆောင်ရည် ပို၍ချောမွေ့သည်။
*64+6GB မမ်မိုရီဗားရှင်းများ ရရှိနိုင်ပါသည်။

[Translate to 2mm-缅甸-缅甸文:]

ဂိမ်းဝိဇ္ဇာ၊ စံချိန်သစ် ရရှိပါတော့မယ်

6.8 inch အပေါက်ပုံစံပါသော ပြသချက် - ပိုကောင်းသော အမြင်အာရုံဖြင့် ဂိမ်းများကစားခြင်း

6.8 inch ရှိသည့် အရွယ်အစားကြီး
အပေါက်ပုံစံပါသော ပြသချက်
720*1640 HD+ ပုံရိပ်ပြတ်သားမှု
480 nits ရှိ တောက်ပမှု
90.4% မျက်နှာပြင် ရှုထောင့်အချိုး
264 PPI
အရောင်ခြားနားမှု မြင့်ပြီး အချက်အလက်များ အများအပြားပါသည့် ပိုကြီး၊ ပိုကြည်လင်၊ ပိုတောက်ပ၊ ပိုကျယ်သော ပြသမှု။ ပိုမိုကောင်းမွန်သော အမြင်အာရုံဖြင့် ယခု ဗီဒီယိုကြည့်ပြီး ဂိမ်းများကစားနိုင်ပြီ။

[Translate to 2mm-缅甸-缅甸文:]

အချက်ပြလိုင်းအတွက် ပိုကောင်းသော ဖြေရှင်းနည်း - အမြဲ ချိတ်ဆက်ထားနိုင်ခြင်း

Wifi လိုင်း၏ ဝင်ရောက်နှောင့်ယှက်မှု ကာကွယ်နိုင်စွမ်းကို ထိရောက်စွာ တိုးမြှင့်ပေးပြီး သီးခြားအင်တာနာ၏ အထူးဒီဇိုင်းဖြင့် ထုတ်လွှင့်မှု အရည်အသွေးကို တိုးတက်စေသည်။
ကွန်ရက်အခြေအနေကို ပညာသားပါပါ ရှာဖွေထောက်လှမ်းပြီး ကွန်ရက်တည်ငြိမ်မှု ပိုကောင်းစေရန် LTE သို့မဟုတ် Wifi ချိတ်ဆက်မှု ကူးပြောင်းပေးသည်။
အသစ်ထည့်ထားသော မြင်ကွင်းပြည့် ကွန်ရက်လိုင်းဆွဲအား တိုးမြှင့်မှု လုပ်ဆောင်ချက် - SMART COMM - သည် ကွန်ရက်ချိတ်ဆက်မှု အခြေအနေကို အချိန်ပြည့် လိုက်နာစစ်ဆေးပြီး လိုင်းကျသွားလျှင် 5 စက္ကန့်အတွင်း ကွန်ရက်နှင့် လျင်မြန်စွာ ချိတ်ဆက်ပေးသည်။
အားလုံးသည် ဂိမ်းကစားသည့် အတွေ့အကြုံ ပို၍ချောမွေ့ပြီး တည်ငြိမ်စေရန် ဖြည့်ဆည်းပံ့ပိုးပေးသည်။

[Translate to 2mm-缅甸-缅甸文:]

အပူလျော့နည်းစေရန် ပိုကောင်းသော ဖြေရှင်းချက် - ဖုန်းအပူလွန်ကဲခြင်းအတွက် စိတ်ပူစရာမရှိ

အပူစီးကူးနိုင်သော ပစ္စည်းနှင့် အလွှာစုံပါသည့် 3D လက်မှုပညာကို အသုံးပြုလျှင် အပူလျော့နည်းနိုင်စွမ်း သိသိသာသာ တိုးတက်ပြီး အားသွင်းရာတွင် အပူချိန်မြင့်တက်မှုကို ထိရောက်စွာ လျှော့ချပေးပါသည်။

[Translate to 2mm-缅甸-缅甸文:]

ဂိမ်း နေရာလွတ်

POVA တွင် ပထမဆုံး ဖြန့်ချိသည်။ သင့်အတွက် သီးသန့်ဂိမ်းနေရာလွတ် ဖန်တီးပါ။
စက်တွင်တစ်ခါတည်းပါသော ဂိမ်းများ သို့မဟုတ် ထည့်သွင်းထားသောဂိမ်းများ ပါဝင်ပြီး ၎င်းတို့ကို စီမံခန့်ခွဲသည်။
CPU/GPU/မမ်မိုရီ စွမ်းဆောင်ရည် အဆင့်မြှင့်ခြင်းနှင့် နှောင့်ယှက်မှု ကာကွယ်ရေး ဆက်တင်ကို ပံ့ပိုးပေးသည်။
အားလုံးသည် ပိုကောင်း၍ အဆင်ပြေသော ဂိမ်းကစားမှုအရသာ ခံစားစေနိုင်ရန်ဖြစ်သည်။

[Translate to 2mm-缅甸-缅甸文:]

ဂိမ်းစနစ်

ဂိမ်းကစားရာတွင် ချောမွေ့မှုရှိစေရန် ဂိမ်းစနစ်သည် မလိုအပ်သော အက်ပ်များကို ရပ်ပစ်ခြင်း၊ နောက်ခံကွန်ရက်ကို ကန့်သတ်ခြင်းနှင့် ဂိမ်းစွမ်းဆောင်ရည်ကို ပံ့ပိုးခြင်းအပါအဝင် မိုဘိုင်းအရင်းမြစ်များနှင့် လုပ်ဆောင်ချက်များကို ပညာသားပါပါ အစီအစဉ်ချပေးသည်။

[Translate to 2mm-缅甸-缅甸文:]

ဂိမ်း အထောက်အကူ V2.0

ဂိမ်းအထောက်အကူ အသစ်ကို ဖွင့်ပြီး တစ်ချိန်တည်းတွင် မျက်နှာပြင်တွင် ပေါ်လာသော တူးလ်ဘားကို အမြန်ဝင်ရောက်သုံးစွဲပါ၊ အမှန်တကယ် စောင့်ကြည့်မော်နီတာ CPU/GPU နှင့် လုပ်ဆောင်နေသော အက်ပ်များ အခြေအနေ။ အခြားလုပ်ဆောင်ချက် ရှော့(တ်)ကတ်များနှင့် နှောင့်ယှက်မှု ကာကွယ်ရေး ဆက်တင်။

[Translate to 2mm-缅甸-缅甸文:]

ဓာတ်ပုံပညာ ကျွမ်းကျင်ပညာရှင်၊ အချက်အလက်များ၊ လုပ်ဆောင်ချက်များ၊ အတွေ့အကြုံ၊ အားလုံး မိုက်ပါသည် 13MP AI ကင်မရာလေးလုံး - 4x4၊ ရှုခင်းကျယ်ကျယ်ဖြင့် ပို၍ အံ့မခန်းလှပသော ဓာတ်ပုံများ ရိုက်လိုက်ပါ

13MP F/1.85 အပါချာဖြင့် ကြည်လင်သော မှန်ဘီလူး + 2MP ဖြင့် အကွာအဝေး ထိန်းချုပ်မှု မှန်ဘီလူး + 2MP မိုက်ခရိုမှန်ဘီလူး + AI မှန်ဘီလူး + စူပါ ဖလက်ရှ်မီး လေးလုံး + Helio G80 ရုပ်ပုံဆောင်ရွက်ပေးနိုင်စွမ်းနှင့် AI နည်းစနစ်တို့ဖြင့် အခိုင်အမာ ပံ့ပိုးပေးထားမှု၊ POVA က ၎င်း၏ ရိုက်ကူးမည့် မြင်ကွင်းအကွာအဝေးကို ချဲ့ပေးနိုင်သည့်အပြင် ပို၍ အထင်ကြီးလေးစားဖွယ် ဓာတ်ပုံများ ရိုက်ကူးနိုင်ရန် သင့်လျော်သလို ပြုပြင်မွမ်းမံ အဆင့်မြှင့်ပေးပါသည်။
AI အလှအပ၊ အထူး ညသုံးစနစ်၊ အလှပုံစနစ်၊ AI ထောက်လှမ်းမှုစနစ်၊ အားလုံးအတွက် အလိုအပ်ဆုံးများကို အဆင့်မြှင့်ထားပေးသည်။ အသေးစိတ်ကျမှုနှင့် ဓာတ်ပုံအရည်အသွေးကို တစ်ဆင့်တက်၍ ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားသည်။

[Translate to 2mm-缅甸-缅甸文:]

8MP AI ဆဲလ်ဖီ ကင်မရာ - နေ့ည မရွေး၊ အလှပ အပြောင်မြောက်ဆုံး ဆဲလ်ဖီပုံများကို ရိုက်ရန် အမြဲ အသင့်ဖြစ်နေပါသည်

8MP အပေါက်ပုံစံပါသော AI ဆဲလ်ဖီကင်မရာ + ရှေ့ဘက်ရှိ ဖလက်ရှ်မီးနှစ်လုံး + AI အလှအလ + အလှပုံစနစ်၊ ချစ်စရာ သဘာဝကျသော ဆဲလ်ဖီဓာတ်ပုံများကို အလွယ်တကူ ရရှိစေသည်။

[Translate to 2mm-缅甸-缅甸文:]

ရွှန်းလဲ့တောက်ပနေသည့် ဒီဇိုင်း

အရောင်နှင့် အသွေးတို့ ပြည့်စုံစွာ ကိုက်ညီမှု။
* မှော်ပြာရောင် / အဟုန်ပြင်း ခရမ်းရောင် / ဖမ်းစားနိုင်လွန်းသည့် အနက်ရောင်ဟူ၍ ရရှိနိုင်ပါသည်။

[Translate to 2mm-缅甸-缅甸文:]

HiOS 7.0၊ ပျော်ရွှင်ကျေနပ်စရာကောင်းသော မိုဘိုင်းသုံးစွဲရသည့် ဘဝ

"HiOS လုပ်ဆောင်ချက်စနစ်ကို 7.0 ဗားရှင်းသို့ အဆင့်မြှင့်ထားသည်။ အသုံးပြုရသည်မှာ ပို၍ထိရောက်မှုရှိပြီး ပို၍ကျေနပ်စရာကောင်းလာသည်။

"