စတိုင်ကျသည့် ဒီဇိုင်းပါဝင်သည့် ပိုမိုကျယ်ပြန့်သော ဗားရှင်း

POP 5 LTE ကို Classic 6.52"" HD+ အစက်ပုံဖော် မျက်နှာပြင်ဖြင့် ပြင်ဆင်ပေးထားပြီး သင့်အတွက် ပိုမိုကျယ်ပြန့်သည့် မြင်ကွင်းနှင့် ပိုမိုကောင်းမွန်သော ကြည့်ရှုမှု အတွေ့အကြုံကို ရရှိစေသည်။ POP 5 LTE သည် ပိုမိုရှင်းလင်းပြီး ဆွဲဆောင်မှုရှိသော ပြသမှုကို ပေးနိုင်ရန်အတွက် အထူးနှုန်းမြင့် ပုံရိပ်ပြတ်သားမှု (720*1600) ကိုလည်း ထည့်သွင်းထားသည်။

အမြဲအင်အားရှိပြီး အသင့်ဖြစ်နေစေသည်

POP 5 LTE ကို ဘက်ထရီသက်တမ်းကြာကြာ အသုံးပြုနိုင်မည့် စွမ်းအားကြီးသော 5000 mAh ဘက်ထရီနှင့် ပြင်ဆင်ပေးထားသဖြင့် သင်သည် မကြာမကြာ အားသွင်းရသည့်နေ့ရက်များကို နှုတ်ဆက်နိုင်ပါတော့မည်။

ပြည့်စုံသည့် ဓာတ်ပုံရိုက်ချက်

သင့်အတွက် အံ့ဩမှင်သက်ဖွယ် ဓာတ်ပုံရိုက်ကူးမှု အတွေ့အကြုံကို ခံစားအသုံးပြုနိုင်စေမည့် ဖလက်ရှ်နှစ်ခုပါသည့် အဆင့်မြှင့် 8MP AI နောက်ကင်မရာကို စတင်အသုံးပြုလိုက်ပါ။

32GB ROM + 2GB RAM
မမ်မိုရီများများ၊ အတွေ့အကြုံကောင်းကောင်း

POP 5 LTE တွင် များပြားသည့် မမ်မိုရီ (32GB ROM + 2GB RAM) ရှိသဖြင့် သင့်အတွက် ပိုမိုချောမွေ့သည့် အတွေ့အကြုံကို ပေးနိုင်သည့်အပြင်၊ ဓာတ်ပုံများကို သင်နှစ်သက်သကဲ့သို့ ပိုမိုသိမ်းဆည်းနိုင်ပြီး အက်ပ်များကို ပိုမိုဒေါင်းလုဒ်လုပ်နိုင်ပါသည်။

လက်ဗွေ သော့ဖွင့်စနစ်
လော့ခ်ဖွင့်ရလွယ်ကူစေသည်

POP 5 LTE ၏ လက်ဗွေ သော့ဖွင့်စနစ်သည် ပိုမိုလုံခြုံစိတ်ချရပြီး၊ သင့်အတွက် သက်တောင့်သက်သာစွာနှင့် မြန်ဆန်သည့် အတွေ့အကြုံကို ရရှိစေပါသည်။