6000mAh ဘက်ထရီ

6000mAh အချိန်အတော်ကြာ အသင့်ရှိနေမည့် ဘက်ထရီက တစ်ခါအားသွင်းထားရုံဖြင့် အချိန်ပိုကြာအောင် အသုံးခံသည်။

7" ထိပ်ဆုံးတွင် အစက်ပုံစံပါရှိသော မျက်နှာပြင်

7 လက်မ အရွယ်အစား အကြီး၊ ထိပ်ဆုံးတွင် အစက်ပုံစံပါရှိသော မျက်နှာပြင်၊ 19.5:9 မျက်နှာပြင် ရှုထောင့်အချိုး၊ 720*1640 ပုံရိပ်ကြည်လင်ပြတ်သားမှု၊ 480 နစ် အလင်းတောက်ပမှု၊ 258 PPI တို့ အားလုံးသည် ပိုမိုကျယ်ပြန့်ပြီး ပိုမိုကြည်လင်သော ပြသမှု အထူးပြုလုပ်ချက်နှင့် ပိုမိုအားကောင်းသော အရောင် ကွာခြားချက်ကို ဖြစ်စေသည်။

မမ်မိုရီ စွမ်းဆောင်ရည်

64GB ROM သည် ဓာတ်ပုံများနှင့် ဖိုင်များကို သိုလှောင်ရန် နေရာပိုမို ပေးနိုင်သည်။ 3GB RAM နှင့် Octa-Core ပရော်ဆက်ဆာသည် အက်ပ်များ လုပ်ဆောင်ရာတွင် ပိုမိုတည်ငြိမ်ပြီး ချောမွေ့စေသည်။

AI ကင်မရာ၊ ပို၍ထူးခြားလာသော ဓာတ်ပုံပညာ

13MP F/1.8 အလင်းဝင်ပေါက် မှန်ဘီလူး + 2MP အကွာအဝေး ထိန်းချုပ်မှု မှန်ဘီလူး + AI မှန်ဘီလူး + အသစ် အဆင့်မြှင့်ထားသော AI နည်းစနစ်များ၊ ပိုမိုအားကောင်းပြီး လုပ်ဆောင်ချက်များစွာ ပြုလုပ်နိုင်သော AI ကင်မရာ သုံးလုံး လာပါပြီ။
မြင်ကွင်းမျိုးစုံကို ပိုမိုရိုက်ကူးပေးနိုင်စွမ်း ရှိပြီး ရုပ်ပုံတစ်ခုလုံး၏ အသေးစိတ်များနှင့် အရည်အသွေးကို မွမ်းမံပေးခြင်းဖြင့် SPARK 6 Air သည် အံ့ဖွယ်ခရီးအသစ်ကို သင်နှင့်အတူ လျှောက်လမ်း၍ ပိုမိုအမှတ်ရစရာ တစ်ခဏတာများကို ရိုက်ကူးပေးသည်။
နောက်ဖလက်ရှ် လေးလုံးသည် မှောင်သော ပတ်ဝန်းကျင်တွင် အလိုအလျောက် အလင်းဖြည့်ပေးသောကြောင့် ဓာတ်ပုံ အထူးပြုလုပ်ချက်ကို များစွာ ပိုမိုကောင်းမွန်စေသည်။

AI မြင်ကွင်း သိမှတ်မှု

သိမှတ်မှုနှုန်း 95% အထိနှင့် မတူညီသော မြင်ကွင်း 18 မျိုးကို ရှာဖွေဖော်ထုတ်ပေးနိုင်စွမ်း ရှိသည့် AI ကင်မရာသည် ရိုက်ကူးသည့်အရာကို သိရှိမှတ်သား၍ သင့်တော်သော အရောင် သို့မဟုတ် အလင်းရောင် အထူးပြုလုပ်ချက်များကို ဓာတ်ပုံတွင် ကိုက်ညီအောင် ထည့်သွင်းပေးသည်။ ရင်သပ်ရှုမောဖွယ် ဓာတ်ပုံများကို အလွယ်တကူ ရိုက်ကူးနိုင်ပါပြီ။

အဝါးစနစ် အထူးပြုလုပ်ချက်

အဆင့်မြှင့်ထားသော အဝါးစနစ် အထူးပြုလုပ်ချက်က အလှပုံ သို့မဟုတ် အရာဝတ္ထု၏ ပတ်လည်ရှိ အရာတစ်ခုချင်းစီကို ပို၍အနုစိတ်တိကျစွာ စီမံဆောင်ရွက်ပေးသည်။
78° မြင်ကွင်းက ဖရိန်ထဲတွင် ရိုက်ကူးမည့်အရာ ပို၍ဆံ့စေသည်။ ရှုပ်ထွေးသော မြင်ကွင်းများကို စီမံဆောင်ရွက်နိုင်စွမ်းနှင့် အတိအကျ မှုန်ဝါးပေးနိုင်စွမ်း သိသိသာသာ တိုးတက်လာသည်။
လှပသော အလင်းရောင် အထူးပြုလုပ်ချက်များကိုလည်း ရိုက်ကူးပြီး ဓာတ်ပုံထဲတွင် ပြသပေးသည်။

AI အလှအပ

ကြိုတင်သတ်မှတ်ထားသည့် နေရာကွက်၍ အလှပြင်ပေးသော အထူးပြုလုပ်ချက်သုံးမျိုး၊ အသားအရောင် ချောမွတ်ပေးသည့် လုပ်ဆောင်ချက်၊ အသိဉာဏ်ရှိရှိ တောက်ပစေမှု၊ မျက်လုံးများ ပိုကြီးအောင် ချဲ့ပေးခြင်း၊ မျက်နှာသွယ်လျအောင် ချပေးခြင်း လုပ်ဆောင်ချက်အားလုံးသည် AI အလှအပစနစ်တွင် ပါဝင်သည်။ UI ကြားခံစနစ်တွင် ချိန်ညှိချက်မျိုးစုံ ပြုလုပ်ထားပြီး ယခုအခါ တစ်ချက်နှိပ်လိုက်ရုံဖြင့် အချိန်နှင့်တစ်ပြေးညီ နမူနာမြင်ကွင်းကို ထုတ်ပေးသည်။

AI HDR

မူပိုင် တီထွင်ဖန်တီးထားသော AI နည်းစနစ်များက မှောင်နေသည့် အပိုင်းကို အသေးစိတ် ရှင်းရှင်းလင်းလင်း ပြသပေးပြီး လင်းနေသည့်အပိုင်းကို အလင်းမများအောင် စီမံဆောင်ရွက်ပေးသည်။ အလင်းပမာဏ အသေးစိတ်လေး တစ်ခုချင်းစီတိုင်းက အလှပုံကို ပိုမိုတောက်ပပြီး သဘာဝကျစေသည်။

8MP ရှေ့ကင်မရာ

အဆင့်မြှင့်ထားသော 8MP AI ရှေ့ကင်မရာနှင့် ပြီးပြည့်စုံသော မျက်နှာသွင်ပြင် နည်းစနစ်များက သင်၏ အခိုက်အတန့်များကို ပိုမိုရင်သပ်ရှုမောဖွယ်ကောင်းအောင် ရိုက်ကူးပေးနိုင်သည်။
AI ဆဲလ်ဖီအတွက် ဖလက်ရှ်နှစ်ခုသည် ပတ်ဝန်းကျင်အလိုက် အလင်းတောက်ပမှုကို အထူးအလိုအလျောက် ချိန်ညှိပြီး Whatsapp ခေါ်ဆိုမှုများကို သတိပေးချက်အနေနှင့်လည်း အလုပ်လုပ်သည်။

သူငယ်ချင်းကောင်းများနှင့် အတူတူ မျှဝေလိုက်ပါ

ဘလူးတုသ် လုပ်ဆောင်ချက်ကို ဖွင့်ပါ၊ ဘလူးတုသ် စပီကာ သို့မဟုတ် ကြိုးမဲ့ ဘလူးတုသ် နားကြပ်များစွာ သို့မဟုတ် TWS နားကြပ် 2 ခုကို တစ်ချိန်တည်း ပြိုင်တူချိတ်ဆက်ခြင်းသည် မဖြစ်နိုင်ဟု ထင်နေသလား။ SPARK 6 Air က ဖြစ်နိုင်အောင် လုပ်ပေးလိုက်ပါပြီ။ ယခု ပတ်လည်လွှမ်းခြုံထားသော စတီရီယို အသံအထူးပြုလုပ်ချက်ကို ခံစားနားဆင်ပြီး ပါတီပွဲကို အထွတ်အထိပ်ရောက်အောင် တွန်းပို့လိုက်ပါ။ သီချင်းကောင်း သို့မဟုတ် အကြိုက်ဆုံး ရုပ်ရှင်ကို သူငယ်ချင်းများနှင့် အတူတူ မျှဝေခံစားပါ။ ချစ်ခြင်းမေတ္တာဆိုတာ မျှဝေပေးခြင်းပါ။
*ပိုမိုကောင်းမွန်သော အသံအထူးပြုလုပ်ချက်အတွက် ဘလူးတုသ် စပီကာ 2 ခု သို့မဟုတ် 3 ခု

ပိုမိုကောင်းမွန်စွာ ချိန်ညှိထားသော မိုဘိုင်း သက်တမ်း

ိုမိုကောင်းမွန်စွာ ချိန်ညှိထားသော မိုဘိုင်း သက်တမ်း
HiOS 6.2 သည် ပိုမိုအသိဉာဏ်ရှိပြီး အဆင်ပြေစေသော သုံးစွဲသူ အတွေ့အကြုံကို ယူဆောင်လာပေးသည်။
အသစ်စက်စက် အမှောင်စနစ်ကို SPARK 6 Air တွင် ယခု ရရှိနိုင်ပါပြီ။ သင့်မျက်လုံးများကို ဒဏ်သိပ်မဖြစ်စေဘဲ သင့်ဘက်ထရီကို အားသိပ်မကုန်စေပါ။
ဗိုင်းရပ်စ်သတ်ဆော့ဖ်ဝဲသည် သင့်စက်ထဲရှိ ကိုယ်ရေး အချက်အလက်များကို ပိုမိုကာကွယ်ပေးနိုင်ရန် သင့်ဖုန်းမှ ဗိုင်းရပ်စ် အမျိုးအစားအားလုံးကို စကန်ဖတ်ပြီး ဖယ်ရှားသည်။
Wifi မျှဝေမှု/လူမှုရေး တာဘို/စမတ် မျက်နှာပြင်/လက်ဟန်အမူအရာဖြင့် လမ်းညွှန်စနစ်နှင့် အခြားလုပ်ဆောင်ချက်များကို အဆင့်မြှင့်၍ တိုးတက်အောင် လုပ်ထားသည်။ ပိုမိုတုံ့ပြ

AR စတစ်ကာ

စနစ်အသစ်တွင် ပိုမိုထူးခြားပြီး ရယ်ရွှင်ဖွယ်ကောင်းသော AR စတစ်ကာ 31 ခု ပါဝင်သည်။

အန်နီမိုဂျီ

မျက်နှာ ကြွက်သား လှုပ်ရှားမှု 47 မျိုးကျော်ကို ရိုက်ကူးပြီး သင့် ကိုယ်ပိုင် DIY ရုပ်ပြောင်ပုံလေးများကို ဖန်တီးလိုက်ပါ။

ခေတ်စားနေသော ဒီဇိုင်း

အရောင်ပြေးနေပြီး ထင်ရှားသော ဖုန်းကိုယ်ထည်အသားသည် အလင်းရောင် အမျိုးမျိုး ပြောင်းလဲနေသည့် အခြေအနေအောက်တွင် အလင်းနှင့် အရိပ် အထူးပြုလုပ်ချက်များကို အတူတကွ ပြသလျက်ရှိသည်။ ငယ်ရွယ်မှုနှင့် ဖက်ရှင်ကို ပြည့်စုံစွာ ရောစပ် တွဲဖက်ခြင်း။ 3D ရေဒီယန် ကိုယ်ထည် ဒီဇိုင်းကြောင့် ဆုပ်ကိုင်ထားရသည်မှာ ပိုမိုသက်တောင့်သက်သာရှိသည်။
* ကြယ်တံခွန် အနက်/သမုဒ္ဒရာ အပြာ/တိမ် အဖြူတို့ကို ရရှိနိုင်သည်။